Cele News
မသေခင် တစ်ခေါက်လောက်တော့ ကျွန်တော့ဆီ လာတွေ့ပေးကြပါလို့ စိတ်မကောင်းစွာပြောကြားလိုက်တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုး
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့လူရွှင်တော်ကြီးတွေဖြစ်တဲ့ ဦးမော့စ်၊ဦး မိုးဒီ၊ ဦးစိန်ရိုး၊ ဦးတိမ်ညွှန့်၊ ဦးဧရာ ၊ ဦးကင်းကောင်နဲ့ ဦးအရိုင်းတို့ကိုဆိုရင် မသိသူမရှိလောက်အောင် ရှေ့မှီနောက်မှီလူသိများခဲ့တယ်လို့ဆိုရမှာပါ။
တစ်ချိန်တုန်းက ဦးစိန်ရိုးဟာ ပရိသတ်တွေ ဘဝအမောပြေတွေပြေပျောက်စေဖို့ ဟာသတွေနဲ့ သရုပ်ဆောင်ပေးခဲ့သူပဲဖြစ်ပြီး အခုအချိန်မှာတော့ ကျန်းမာရေးနဲ့ ကြီးရင့်လာတဲ့အသက်ရွယ်ကြောင့် အနုပညာအလုပ်ကို ရပ်နားခဲ့ရပါတယ်။
လူရွှင်တော်ကြီး ဦးစိန်ရိုးတစ်ယောက် ရုပ်ရှင်ဗွီဒီယို မျက်နှာပြင်ပေါ်က ပျောက်ကွယ်လာတာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ အသက် (၈၇)နှစ်အရွယ် လူရွှင်တော်ကြီးဦးစိန်ရိုး ကင်ဆာရောဂါကိုခံစားနေရပြီး အခုသူမဆုံးခင်မှာ သူက်ိုလာတွေ့ကြဖို့ စိတ်မကောင်းစွာပြောကြားလိုက်တာပဲဖြစ်ပါတယ်။
ဦးစိန်ရိုးက “မသေခင် တခေါက်လောက်တော့ကျွန်တော့်ဆီလာတွေ့ပေး​ကြပါ” ဆိုပြီး စိတ်မကောင်းစွာ ရင်ဖွင့်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးအားလုံးကလည်း လူရွှင်တော်ကြီး ဦးစိန်ရိုးရဲ့ကျန်းမာရေး ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Credit
Photo Credit
Credit
Photo Credit