Cele News

ဘဝသက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဖူးခဲ့တဲ့ ပရိသတ်တစ်ယောက်ရဲ့ Suriprise လေးကြောင့် အတိုင်းမသိ အံ့ဩဝမ်းသာနေတဲ့ ထူးခန့်ကျော်

သဘာဝမင်းသားကြီးလို့ အများကခေါ်ကြတဲ့ ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေကိုဆယ် စု နှစ်လောက်ကတည်းက လုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်က ဗီ ဒီယို ဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးပြီး ဘယ်လိုဇာတ်ကောင်တွေပဲ ဖြစ်ဖြစ် သဘာဝကျကျပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူပဲ ဖြစ်ပါတယ်။

ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့အပြင် မြန်မာ့တိုင်းရင်း ဆေးကုသနေတဲ့ ဆရာတစ်ယောက်အနေနဲ့ပါလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် ထူးခန့် ကျော် က လတ်တလော MRTV-4 မှာထုတ်လွှ့င်ပြသနေတဲဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း ပါဝင်ထားပါသေးတယ်။

ဒီဇာတ်လမ်းလေးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး သဘောကျနေကြတဲ့ ဇာတ် လမ်း ကောင်းလေးပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ထူးခန့်ကျော်ကဒီဇာတ်လမ်းလေးကြောင့်ဘဝမှာမမျှော် လင့်ခဲ့တဲ့ လက်ဆောင်တစ်ခုကို ပရိသတ်တွေရဲ့ လုပ်ပေးခဲ့တာကြောင့် ဝမ်းသားစွာနဲ့ ပြန် လည် ဖော်ပြလာခဲ့ပါတယ်။

လက်ဆောင်လေးကတော့ သူ့ရဲ့ ပုံလေးတွေနဲ့အတူ လှပတဲ့ ကိတ်မုန့်လေးဖြစ်ပြီး ဒီကိတ်မုန့်လေး နဲ့အတူ ထူးခန့်ကျော်က ပြောပြထားရာမှာလည်း “ယခုလိုဗေဒါကြီးကိုချစ်ခင်ပေးလို့ Surprise လုပ်ပေးပါသော ညီမလေးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်နော်

ကျွန်တော်အနုပညာသက်တမ်းတလျှောက်မှာ အခုလိုမျိုးရင်ဘတ်ထဲကအသိမှတ်ပြုခံ ရခြ င်း တစ်ခါမှမကြုံဖူးခဲ့ပါ ဒီကနေ့ ကျွန်တော်အရမ်းပီတိဖြစ်ခဲ့ရလေပြီ မနက်ဖြန်ည၈နာရီ၃၀မိနစ် မှာ Liveလွှင့်ပြီးကျေးဇူးရှင်ပရိတ်သတ်အမျိုးတွေနဲ့ ကိတ်မုန့်လေးအတူတူခွဲကြမယ်နော် အား လုံး ကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ဝမ်းသာပျော်ရွှင်စွာ ရေးသားဖော်ပြခဲ့ပါတယ်။
Credit