Cele News

ရုတ်တရက်ကွယ်လွန်သွားတဲ့ ညီမလေးအတွက် ဝမ်နည်းစိတ်မကောင်းဖြစ်နေတဲ့ ခင်ရတနာစိုး

ချစ်ပရိသတ်တွေရဲ့ အချစ်တော် The Voice Myanmar ပြိုင်ပွဲဝင်လေး ခင်ရတနာစိုးကတော့ ဒီနေ့မှာ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကို ပရိသတ်တွေဆီကို မျှဝေပေးလာခဲ့ပါတယ် ။ ခင်ရတနာစိုး ရဲ့ ညီမ ဝမ်းကွဲလေးတစ်ယောက် ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူမအနေနဲ့ဘယ်လောက်ခံစားနေရကြောင်ကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာပါ။

မမညီမလေးရယ် မမဘာမှမသိရဘူး ဘာလို့အစောကြီးထွက်သွားတာလဲရင်တွေကွဲပါပြီ ဆိုတဲ့ စာသားလေးနဲ့အတူ ညီမလေးရဲ့ ပုံရိပ်လေးကို သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာ ရေးသားခဲ့တာပါ ။

ဒါ့အပြင် ကွယ်လွန်သူ ညီမလေးရဲ့ရုပ်အလောင်းလေးကိုလည်း မိုင်ဒေးမှာတင်ခဲ့ပြီး နင်လှပါသေးတယ် လုလုရာ ငါပြန်လာမှ မုန့်အတူတူစားမယ်နော် ညီမလေး ဖေ့ဖေအမျိုးတွေထဲမှာ မမချစ်တဲ့ ရွှေတုံးလေးလို့လည်း ဝမ်းနည်းဖွယ်ရေးသားထားပါသေးတယ်။

The voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုး ညီမလေးက အမျိုးသမီးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း ခင်ခင်နဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရေကြောင်းတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ခင်ရတနာစိုးရဲ့ ပရိသတ်ကြီးကလည်း ညီမလေး အတွက်ပူဆွေးနေရတဲ့ သူမကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

Sourec;Khin Yadanar Soe
Credit