ဗဟုသုတ
ပျံလွန်တော်မူပြီး ( ၁၇ ) နှစ်ကြာသည် အထိ အကောင်းပတိ ရှိသေးတဲ့ ကုံလုံ ဆရာတော်ကြီး ရုပ်ကလာပ် ( ဖူးမြှော်နိုင်ရန် ဖော်ပြလိုက်ပါတယ်)
ပျံလွန်တော်မူပြီး ( ၁၇ ) နှစ်ကြာသည် အထိ အကောင်းပတိ ရှိသေးတဲ့ ကုံလုံ ဆရာတော်ကြီး ရုပ်ကလာပ် ( ဖူးမြှော်နိုင်ရန် ဖော်ပြလိုက်ပါတယ်)
ကုံလုံ ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်ကို သန့်ရှင်းရေး လုပ်ရင်း ထူးခြားလျက် ရှိနေ ဆဲ ပုံတွေပါ ။ အများသူငှာ ဖူးမျှော်နိုင်ရန် တင်ပေး လိုက် ပါ တယ်
ပင်းတယ လို့ ပြောလိုက်တာနဲ့ ကုံလုံ ဆရာတော်ကြီး ရုပ်ကလာပ်ရှိရာလို့ ဘုရားဖူးအတော်များများ သိကြပါတယ်။ မှန်ပါတယ်။ ဘဘုန်း ပျံလွန်တော်မူတာ ၁၇ နှစ်တောင် ပြည့်ပါတော့မယ်။ ဘဘုန်း ရုပ်ကလာပ် ကို သန့်ရှင်းရေး မလုပ်ဖြစ်တာလညိး အတော်ကြာ ပါပြီ။
၂၀၁၄ လောက်က ကျွန်တော် တစ်ခါ သန့်ရှင်း ပေးခဲ့ဖူး ပါတယ် ။ ဒီနေ့တော့ ဘဘုန်း ရုပ်ကလာပ် ကို မှန်ခေါင်းမှချ သန့်ရှင်းရေး လုပ်ခွင့်ရခဲ့ ပါတယ် ။ ဘဘုန်း ရဲ့ ၁၇ နှစ်ကြာသည်အထိ ကြည်လင်နေတဲ့ အသားအရေ ကို ဓါတ်ပုံရိုက်ခွင့် ရလိုက် ပါတယ် ။
ရုပ်ကလာပ်တော် ကို သန့်ရှင်းရင်း ထူးခြားတဲ့ကုသိုလ်အတွက် ပီတိဖြစ်နေမိပါတယ်။ ဘဘုန်းရဲ့ မေတ္တာကြောင့် သတ္တဝါ အားလုံး ငြိမ်းချမ်းကြပါစေ။
Source:Than Min Htut
Source:Than Min Htut