Health Knowledge

အညာဘက်မှာ ပေါက်တတ်တဲ့ ခွေးလှေးယားသီးကို အဲ့လောက်အစွမ်းထက်တယ်လို့ မသိခဲ့ဘူး

ကျန်းမာရေး အကျိုးကျေးဇူးများလှတဲ့ ခွေးလှေးယားသီး

ယားတတ်တဲ့ အသီးလို့ ပြောလိုက်တာနဲ့ လူတိုင်းခွေးလှေးယားသီးဆိုတာ တန်းသိကြလိမ့်မယ်လို့ထင်တယ်ဗျ။ဟုတ်ပါတယ်…. အားလုံးထင်ထားတဲ့အတိုင်းပါပဲ။

ဘယ်လိုအသုံးဝင်တယ်ဆိုတာ မပြောပြခင်လေးခွေးလှေးယားသီး အကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်ဗျ။

ခွေးလှေးယားသီးဟာဆိုရင် တစ်နှစ်ခံ နွယ်ပင်တစ်မျိုးဖြစ်ပြီး သေးသွယ်တဲ့အကိုင်းအခက်များပေါ်မှာ အမွေးတွေရှိပါတယ်။အဲဒီအမွေးတွေဟာ လူကို မခံမရပ်နိုင်လောက်အောင်ပဲ ယားပါတယ်။

ခွေးလှေးယားသီးဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝ အလျောက်ပေါက်ရောက်ပြီး၊တပို့တွဲ၊ တပေါင်းလတွေမှာ အသီးသီးပါတယ်။

ခွေးလှေးယားသီးဟာ ချိုခါးတဲ့အရသာရှိပြီး အေးတဲ့ဂုဏ်သတ္တိရှိတယ်။

ခွေးလှေးယားသီးမှာ အယဉ်နဲ့အရိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အရိုင်းအသီးရဲ့ အမွေးဟာယားပြီး၊ အယဉ်ပင်ကတော့ ဆေးဖက်ဝင်ပြီး ပဲမျိုးနွယ်ဝင်အပင်ဖြစ်တဲ့အတွက် စားသုံးတဲ့အခါမှာ ဘေးဥပါဒ်မဖြစ်ပါဘူး။

ခွေးလှေးယားသီးရဲ့ အကြောင်းပြောပြီးပြီဆိုတော့ အသုံးဝင်ပုံလေးတွေ ဆက်ပြောပါမယ်ဗျ။

ခွေးလှေးယားသီးအစေ့ကို ထောပတ်နဲ့ကြော်စားရင် လူကိုဝစေပြီး အားကိုတိုးစေပါတယ်။ အစေ့ကိုကြိတ်ပြီး ကင်းကိုက်တဲ့နေရာမှာ အုံပေးခဲ့ရင် ကင်းဆိပ်ပျောက်ပါတယ်။ ပြီးတော့ သူ့အစေ့ဟာ အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး၊လေငန်းရောဂါ ပျောက်ဆေးအဖြစ်အသုံးပြုကြပါတယ်။ ခွေးလှေးယားစေ့ကို အမှုန့်လုပ်ပြီး နွားနို့နဲ့သောက်ရင် သုက်အားကိုအလွန်ပဲ ပွားစေပါတယ်။

အမျိုးသမီးတွေအတွက်ဆို နို့ထွက်ကောင်းစေပါတယ်(ကလေးမိခင်အတွက်) လေဖြတ်၊သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေကိုလည်း ခွေးလှေးယားသီးအနက်စေ့က ပျောက်ပါတယ်။ လေဖြတ်နေခဲ့ရင်လည်း ပြန်ကောင်းလာတယ်လို့ဆိုပါတယ်။

သွေးတိုး၊ဆီးချို ကျပြီး အနာများလည်းအမြန်ဆုံးအသားနုတက်စေပါတယ်။ အဆစ်အမြစ်နာတာ သက်သာပျောက်ကင်းစေပြီး အာရုံကြောများလည်း ပြန်ကောင်းစေပါတယ်။ အမြဲတမ်းစားပေးရင် ခြေ၊ လက် မအေးတော့ဘဲ ကိုယ်ငွေ့ကောင်းပြီး အအေးခံနိုင်လာပါတယ်။ အိပ်ပျော်စားဝင်ပြီး ဆီးကိုရွှင်လန်းစေပါတယ်။ အိပ်ရာထရင်ခေါင်း အမြဲကြည်လင်နေပြီးအညောင်းလည်း ပြေစေပါတယ်။

အစာအိမ်ရောဂါရှိသူများလည်း ရောဂါပျောက်ကင်းစေပါတယ်။ ပုံမှန် စားပေးခဲ့ရင် ကျန်းမာရွှင်လန်းပြီး ခန္ဓာကိုယ်ပေါ့ပါး သွက်လက်ကာ စိတ်ကြည်လင် လန်းဆန်းစေမှာဖြစ်ပါတယ်။ ပြီးတော့ သွားရည်ကျတတ်တဲ့ ရောဂါကိုလည်းပျောက်ကင်းစေပြီး အိပ်၍လည်း ပျော်ပါတယ်။

ခွေးလှေးယားစေ့အမှုန့်ကို ရေနဲ့ရောသောက်ရင် ဆီးချုပ်ရောဂါပျောက်စေပြီး ဟင်းအနေနဲ့ကြော်စား၊ ချက်စားရင် သွေးအန်၊သွေးလျှံတာ ပျောက်စေပါတယ်။ခွေးလှေးယားအစေ့၊ အမြစ်တို့ကို အမှုန့်လုပ်ပြီး သကြားနဲ့ သုံးမျိုးဆတူရောကာ နွားနို့နဲ့ နေ့စဉ်သောက်ပေးခဲ့ရင် ကျန်းမာဝဖြိုးစေမှာဖြစ်သလို အိမ်ထောင်ရေးသုခလည်း ပြည့်ဝစေမှာ ဖြစ်ပါတယ်။

တစ်ပတ်အတွင်း သဘာဝအားကိုဖြစ်စေတယ်လို့ဆိုပါတယ်။ မြွေ၊ ကင်းကိုက်ခံရရင် အစေ့အစိမ်း ခုနစ်စေ့၊ ရှစ်စေ့လောက်ကို ဝါးစားပြီး ဒဏ်ရာနေရာတွင် အဖတ်အုံပေးပါကအဆိပ်ပြေစေပါတယ်။ ဒါမှမဟုတ် အစေ့သွေးလိမ်းပေးရင်လည်းအဆိပ်ပြေကြောင်း သိရပါတယ်။

အဖု၊အကြိတ်တွေကို သွေးလိမ်းပေးရင်လည်း သက်သာစေမှာဖြစ်ပါတယ်။ ခွေးလှေးယားအရွက်ကို ပြုတ်တို့ပေးရင်လည်း အမျိုးသမီးဆို နို့ထွက်အားကောင်းစေပြီး၊ အမျိုးသားဆို ဒူလာပါဒရက်ရောဂါ ပျောက်စေပါတယ်။

ဒါတွေအပြင် အသက်ကြီး၍ သတိမေ့တတ်ခြင်းကိုလည်း ကာကွယ်ပေးပြီးဦးနှောက်နဲ့ အာရုံကြောကိုလည်း အားကောင်းစေပါတယ်။

ခွေးလှေးယားသီး အစေ့၊အရွက်တွေ ဆေးဖက်ဝင်ရုံသာမက အမြစ်ကလည်း ဆေးဖက်ဝင်ပါတယ်။ အမြစ်မှုန့် အနည်းငယ်ကို ရေနဲ့ ရောသောက်ရင် ကာလဝမ်းရောဂါ ပျောက်ပါတယ်။အမြစ်ကိုကြိတ်ပြီး ရေဖျဉ်းရှိတဲ့ဗိုက်မှာ လိမ်းပေးရင် ရေဖျဉ်းရောဂါလည်းပျောက်ပါတယ်။

အမြစ်ကြိတ်ရည်ကို နေ့စဉ် သောက်ပေးခဲ့ရင်လည်း လေရောဂါ၊ လက်မောင်းသိမ်ရောဂါတို့ကို ပျောက်စေမှာပါ။ ဒါ့အပြင် အမြစ်က ဆင်ခြေထောက်၊ ငန်းဖျား၊ သွေးဝမ်းရောဂါတွေအတွက်လည်း ကောင်းမွန်စေပါတယ်။

Credit-Original Writer