Knowledge Sharing ဗဟုသုတ

အနော်ရထာမင်း၏ ထူးဆန်းသော အိပ်မက်ကြီး (၃)ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း

ဓမ္ပဒီပတိုင်း၊ ပုဂံပြည့်ရှင် အနော်ရထာမင်းသည် နတ်ရွာမစံမီ (၇)ရက်အလိုတွင်ထူးဆန်းသော အိပ်မက်ကြီး (၃)ခုကို မက်လေသည်။

ပထမအိပ်မက် – အနော်ရထာမင်း၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး ထိုမီးတောက်ထဲမှ ရဲမက်တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းတို့ကို ပြန်ထောင်လေသည်။

ဒုတိယအိပ်မက် – အနော်ရထာမင်း၏ နန်းတော်သည်လည်း ပြိုကျလေသည်။ ထိုအခါ နန်းတော်အနောက်တွင် ရှိသော မီးဖို၏ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည် တည်ဆောက် ပေးလေသည်။

တတိယအိပ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရား တည်ရှိနေပြီး မြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ နန်းတော်အပြင်ထိသို့ပါ လျှံကာထွက်လေသည်။ ထို မီးအလျှံ၊ ရေအလျှံတို့သည် အနော်ရထာမင်းအား မြုပ်ပြီးနောက် ထိုထဲမှ လူသားတစ်ပါးထွက်လာကာ မြတ်စွာဘုရားရှင်အား ဦးတိုက် ရှိခိုးလေသည်။

နောက်နေ့မနက်တွင် အနော်ရထာမင်းသည် ပုရောဟိတ်ပုဏ္ဍားအား သူ၏ အိပ်မက်(၃)ခုကို မေးလေသည်။

ပုရောဟိတ်လည်း ထိုအိပ်မက် (၃)ခုအား သေချာဆင်ခြင်ပြီး တွက်ဆကာ အနော်ရထာမင်းအား သံတော်ဦး တင်လေသည်။

အရှင်မင်းကြီး ••

” ပထမ ” အိပ်မက်သည် နောင်သောကာလ၌ ပုဂံပြည်ကြီးသည် ပျက်စီး၊ ယိုယွင်းပြီးနောက် အရှင်မင်းကြီးတည်ထောင်၊ စုစည်းထားသော ပြည်သည် တကွဲတပြား ဖြစ်လိမ့်မည်။ ထို တကွဲတပြားဖြစ်သော ပြည်အား အရှင်မင်းကဲ့သို့သော ဘုန်းကံရှိသည့် မင်းတစ်ပါးမှ ပြန်လည်၊ စုစည်း တည်ထောင်လိမ့်မယ်။

” ဒုတိယ ” အိပ်မက်သည် ဤပြည်ထောင်သည် မညီညွတ်မှု များစွာ ရှိလာပြီး အရပ်လေးမျက်နှာ ကွဲနေသော ဤပြည်ထောင်အား သူတစ်လူ၊ ငါတစ်မင်း အုပ်ချုပ်လတ္တံ။ ထိုအခါ မညီညွတ်သော ပြည်ထောင်အား ပြန်လည်၊ စုစည်းမည့် ဒုတိယမင်းတစ်ပါး ပေါ်ပေါက်လာမည် ဖြစ်သည်။

တတိယအိပ်မက် – အရှင်မင်းကြီး၊ တတိယအိပ်မက်သည်ကား အလွန် ထူးမြတ်လေသည်။ ဤပြည်ထောင်သည် မပြိုမကွဲ မပျက်စီးသော ကာလဝယ် အရှင်မင်းကြီးကဲ့သို့သော ဘုန်းကံကြီးသည့် သာသနာပြုမင်းတစ်ပါး ပေါ်လိမ့်မယ်။ မြတ်ဗုဒ္ဓအား ကြည်ညိုသော ထိုမင်းသည် မြတ်ဗုဒ္ဓ သာသနာအား ဤပြည်ထောင်သာမကပဲ ဇမ္မူတခွင်သို့ ပျံ့အောင် ဖြန့်လိမ့်မယ်အရှင်မင်းကြီးဘုရား။

ထိုအခါ အနော်ရထာမင်းကြီးလည်း •• ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။ပုရောဟိတ်ကြီး၊ ငါကြည်ညိုတော်မူသော မြတ်ဗုဒ္ဓ၏ စစ်မှန်သောတရားတော်ကို ဇမ္မူတခွင်အထိပါ ဖြန့်မယ့် မင်းတစ်ပါး ပေါ်ထွန်းလာဦးမှာကို ငါကိုယ်တော်မြတ် အတိုင်းမသိ ဝမ်းသာတော် မူတယ်။ အနော်ရထာမင်းလည်း နှစ်သက်တော်မူသဖြင့် ပုရောဟိတ်အား ရွှေ (၁)ပြည်၊ ဆင်(၇)ကောင်၊ မြင်း (၈၀)တို့ကို ချီးမြင့်ကာ သထုံမြို့မှ ရရှိသော အကောက်ခွန်တို့အား အပိုင် စားစေသည်။

နောက်နေ့မနက်တွင်ကား အနော်ရထာမင်းကြီးမှ သူ၏ လေသာဆောင်သို့ ပုရောဟိတ်အား ဆင့်ခေါ်ကာ သာသနာပြုမင်း အကြောင်းအား မေးလေသည်။

မနေ့က၊ နန်းဆောင်တွင် မှုးမတ်၊ စစ်သည်ဗိုလ်ပါတို့ ရှိ၍ ရာဇ အိန္ဒြေဆောင်ကာမမေးမြန်းပဲ ဒီနေ့တွင်သာ လေသာဆောင်တွင် မေးလေသည်။

မင်းကြီး ။ ။ ဟဲ့ – ပုရောဟိတ်ကြီး၊ သာသနာပြုမင်းက ငါကိုယ်တော်မြတ် မရှိသည့်နောက်ပိုင်း ဘယ်ခေတ်မှာ ပေါ်မလဲ ကွဲ့။

ပရောဟိတ် ။ ။ မှန်လှပါ အရှင်မင်းကြီး ••ဘုရားသာသနာနှစ် (၅,၀၀၀) ရှိသည်တွင် ဝိမုတ္တိယုသ ခေတ် (၂)ခေတ် ရှိပါတယ်။ သာသနာနှစ် (၂,၅၀၀)တွင် ခေတ် (၅)ခေတ် ရှိပြီး တစ်ခေတ်တွင် နှစ်(၅၀၀) ရှိပါတယ်။ မြတ်စွာဘုရား ပွင့်ထွန်းသောကာလ နောက်ပိုင်း ပထမ ဝိမုတ္တ္တိယုသခေတ် နှစ်(၅၀၀) ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် သာသနာနှစ် (၂,၅၀၀)ကျော်ရင် ဒုတိယ ဝိမုတ္တိယုသခေတ် နှစ်(၅၀၀) ပြန်စပါမယ် ဘုရား။ဒုတိယ ဝိမုတ္တိယုသခေတ်မှာ သာသနာပြုမင်း ပေါ်ပါမယ် အရှင်မင်းကြီး။

မင်းကြီး ။ ။ ဒါဆို သာသနာပြုမင်းက မြတ်စွာဘုရားရဲ့ သာသနာ (၂,၅၀၀)နဲ့ (၂,၆၀၀)ကြား ပေါ်မှာလား ပုရောဟိတ်ကြီး။

ပရောဟိတ် ။ ။ မှန်လှပါ ဘုရား ••

နက္ခတာယာ လမ်းကြောင်းအရ အဝိဇ္ဇာကင်းစင်သော သာသနာနှစ် (၂,၆၀၀)နား နီးမှာ ပေါ်မှာပါ ဘုရား။

ထိုမင်းလက်ထက်တွင် ဤပြည်သည် တစ်ရာ့တစ်ပါးသော တိုင်းနိူင်ငံတို့တွင် ထင်ရှားဧကန် ဘုန်းမီး၊ နေ၊ လ တောက်ပ ပါလိမ့်မည်။တစ်ရာ့တစ်ပါးသော မင်းများလည်း ထိုမင်းအား လေးစား၊ ဦးခိုက် ကြလိမ့်မည်။

အနော်ရထာမင်းလည်း အားရသဖြင့် နဝရတ်လက်စွပ်ကို ပုရောဟိတ်အား ထပ်မံ ချီးမြှောက်လေသည်။

Credit-Original Writer

အေနာ္ရထာမင္း၏ ထူးဆန္းေသာ အိပ္မက္ႀကီး (၃)ခုႏွင့္ေနာက္ထပ္ ေပၚမည့္ သာသနာျပဳမင္းေလာင္း

ဓမၸဒီပတိုင္း၊ ပုဂံျပည့္ရွင္ အေနာ္ရထာမင္းသည္ နတ္႐ြာမစံမီ (၇)ရက္အလိုတြင္ထူးဆန္းေသာ အိပ္မက္ႀကီး (၃)ခုကို မက္ေလသည္။

ပထမအိပ္မက္ – အေနာ္ရထာမင္း၏ နန္းေတာ္အုတ္တံတိုင္းတို႔သည္ ၿပိဳက်ကဳန္ၿပီးေနာက္ နန္းေတာ္ထဲတြင္ မီးေတာက္တစ္ခု ေပၚလာၿပီး ထိုမီးေတာက္ထဲမွ ရဲမက္တစ္ေယာက္က ၿပိဳက်ေသာ အုတ္တံတိုင္းတို႔ကို ျပန္ေထာင္ေလသည္။

ဒုတိယအိပ္မက္ – အေနာ္ရထာမင္း၏ နန္းေတာ္သည္လည္း ၿပိဳက်ေလသည္။ ထိုအခါ နန္းေတာ္အေနာက္တြင္ ရွိေသာ မီးဖို၏ မီးလွ်ံမ်ားထဲမွ လူတစ္ေယာက္က နန္းေတာ္ကို ျပန္လည္ တည္ေဆာက္ ေပးေလသည္။

တတိယအိပ္မက္ – အေနာ္ရထာမင္းသည္ နန္းေတာ္ေရွ႕သို႔ ထြက္လာေသာအခါ ေကာင္းကင္ယံ၌ ျမတ္စြာဘုရား တည္ရွိေနၿပီး ေျမႀကီးေပၚတြင္ နန္းေတာ္ျပင္တစ္ခုလုံး မီးဟုန္းဟုန္းေတာက္ကာ ေရၾကည္တို႔သည္လည္း မီးႏွင့္ေရာေထြးကာ နန္းေတာ္အျပင္ထိသို႔ပါ လွ်ံကာထြက္ေလသည္။ ထို မီးအလွ်ံ၊ ေရအလွ်ံတို႔သည္ အေနာ္ရထာမင္းအား ျမဳပ္ၿပီးေနာက္ ထိုထဲမွ လူသားတစ္ပါးထြက္လာကာ ျမတ္စြာဘုရားရွင္အား ဦးတိုက္ ရွိခိုးေလသည္။

ေနာက္ေန႕မနက္တြင္ အေနာ္ရထာမင္းသည္ ပုေရာဟိတ္ပု႑ားအား သူ၏ အိပ္မက္(၃)ခုကို ေမးေလသည္။

ပုေရာဟိတ္လည္း ထိုအိပ္မက္ (၃)ခုအား ေသခ်ာဆင္ျခင္ၿပီး တြက္ဆကာ အေနာ္ရထာမင္းအား သံေတာ္ဦး တင္ေလသည္။

အရွင္မင္းႀကီး ••

” ပထမ ” အိပ္မက္သည္ ေနာင္ေသာကာလ၌ ပုဂံျပည္ႀကီးသည္ ပ်က္စီး၊ ယိုယြင္းၿပီးေနာက္ အရွင္မင္းႀကီးတည္ေထာင္၊ စုစည္းထားေသာ ျပည္သည္ တကြဲတျပား ျဖစ္လိမ့္မည္။ ထို တကြဲတျပားျဖစ္ေသာ ျပည္အား အရွင္မင္းကဲ့သို႔ေသာ ဘုန္းကံရွိသည့္ မင္းတစ္ပါးမွ ျပန္လည္၊ စုစည္း တည္ေထာင္လိမ့္မယ္။

” ဒုတိယ ” အိပ္မက္သည္ ဤျပည္ေထာင္သည္ မညီၫြတ္မႈ မ်ားစြာ ရွိလာၿပီး အရပ္ေလးမ်က္ႏွာ ကြဲေနေသာ ဤျပည္ေထာင္အား သူတစ္လူ၊ ငါတစ္မင္း အုပ္ခ်ဳပ္လတၱံ။ ထိုအခါ မညီၫြတ္ေသာ ျပည္ေထာင္အား ျပန္လည္၊ စုစည္းမည့္ ဒုတိယမင္းတစ္ပါး ေပၚေပါက္လာမည္ ျဖစ္သည္။

တတိယအိပ္မက္ – အရွင္မင္းႀကီး၊ တတိယအိပ္မက္သည္ကား အလြန္ ထူးျမတ္ေလသည္။ ဤျပည္ေထာင္သည္ မၿပိဳမကြဲ မပ်က္စီးေသာ ကာလဝယ္ အရွင္မင္းႀကီးကဲ့သို႔ေသာ ဘုန္းကံႀကီးသည့္ သာသနာျပဳမင္းတစ္ပါး ေပၚလိမ့္မယ္။ ျမတ္ဗုဒၶအား ၾကည္ညိုေသာ ထိုမင္းသည္ ျမတ္ဗုဒၶ သာသနာအား ဤျပည္ေထာင္သာမကပဲ ဇမၼဴတခြင္သို႔ ပ်ံ့ေအာင္ ျဖန့္လိမ့္မယ္အရွင္မင္းႀကီးဘုရား။

ထိုအခါ အေနာ္ရထာမင္းႀကီးလည္း •• ေကာင္းေလစြ၊ ေကာင္းေလစြ၊ ေကာင္းေလစြ။ပုေရာဟိတ္ႀကီး၊ ငါၾကည္ညိုေတာ္မူေသာ ျမတ္ဗုဒၶ၏ စစ္မွန္ေသာတရားေတာ္ကို ဇမၼဴတခြင္အထိပါ ျဖန့္မယ့္ မင္းတစ္ပါး ေပၚထြန္းလာဦးမွာကို ငါကိုယ္ေတာ္ျမတ္ အတိုင္းမသိ ဝမ္းသာေတာ္ မူတယ္။ အေနာ္ရထာမင္းလည္း ႏွစ္သက္ေတာ္မူသျဖင့္ ပုေရာဟိတ္အား ေ႐ႊ (၁)ျပည္၊ ဆင္(၇)ေကာင္၊ ျမင္း (၈၀)တို႔ကို ခ်ီးျမင့္ကာ သထုံၿမိဳ႕မွ ရရွိေသာ အေကာက္ခြန္တို႔အား အပိုင္ စားေစသည္။

ေနာက္ေန႕မနက္တြင္ကား အေနာ္ရထာမင္းႀကီးမွ သူ၏ ေလသာေဆာင္သို႔ ပုေရာဟိတ္အား ဆင့္ေခၚကာ သာသနာျပဳမင္း အေၾကာင္းအား ေမးေလသည္။

မေန႕က၊ နန္းေဆာင္တြင္ မႈးမတ္၊ စစ္သည္ဗိုလ္ပါတို႔ ရွိ၍ ရာဇ အိေႏၵျေဆာင္ကာမေမးျမန္းပဲ ဒီေန႕တြင္သာ ေလသာေဆာင္တြင္ ေမးေလသည္။

မင္းႀကီး ။ ။ ဟဲ့ – ပုေရာဟိတ္ႀကီး၊ သာသနာျပဳမင္းက ငါကိုယ္ေတာ္ျမတ္ မရွိသည့္ေနာက္ပိုင္း ဘယ္ေခတ္မွာ ေပၚမလဲ ကြဲ႕။

ပေရာဟိတ္ ။ ။ မွန္လွပါ အရွင္မင္းႀကီး ••ဘုရားသာသနာႏွစ္ (၅,၀၀၀) ရွိသည္တြင္ ဝိမုတၱိယုသ ေခတ္ (၂)ေခတ္ ရွိပါတယ္။ သာသနာႏွစ္ (၂,၅၀၀)တြင္ ေခတ္ (၅)ေခတ္ ရွိၿပီး တစ္ေခတ္တြင္ ႏွစ္(၅၀၀) ရွိပါတယ္။ ျမတ္စြာဘုရား ပြင့္ထြန္းေသာကာလ ေနာက္ပိုင္း ပထမ ဝိမုတၱၱိယုသေခတ္ ႏွစ္(၅၀၀) ၿပီးဆုံးခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ သာသနာႏွစ္ (၂,၅၀၀)ေက်ာ္ရင္ ဒုတိယ ဝိမုတၱိယုသေခတ္ ႏွစ္(၅၀၀) ျပန္စပါမယ္ ဘုရား။ဒုတိယ ဝိမုတၱိယုသေခတ္မွာ သာသနာျပဳမင္း ေပၚပါမယ္ အရွင္မင္းႀကီး။

မင္းႀကီး ။ ။ ဒါဆို သာသနာျပဳမင္းက ျမတ္စြာဘုရားရဲ႕ သာသနာ (၂,၅၀၀)နဲ႕ (၂,၆၀၀)ၾကား ေပၚမွာလား ပုေရာဟိတ္ႀကီး။

ပေရာဟိတ္ ။ ။ မွန္လွပါ ဘုရား ••

နကၡတာယာ လမ္းေၾကာင္းအရ အဝိဇၨာကင္းစင္ေသာ သာသနာႏွစ္ (၂,၆၀၀)နား နီးမွာ ေပၚမွာပါ ဘုရား။

ထိုမင္းလက္ထက္တြင္ ဤျပည္သည္ တစ္ရာ့တစ္ပါးေသာ တိုင္းနိူင္ငံတို႔တြင္ ထင္ရွားဧကန္ ဘုန္းမီး၊ ေန၊ လ ေတာက္ပ ပါလိမ့္မည္။တစ္ရာ့တစ္ပါးေသာ မင္းမ်ားလည္း ထိုမင္းအား ေလးစား၊ ဦးခိုက္ ၾကလိမ့္မည္။

အေနာ္ရထာမင္းလည္း အားရသျဖင့္ နဝရတ္လက္စြပ္ကို ပုေရာဟိတ္အား ထပ္မံ ခ်ီးျမႇောက္ေလသည္။

Credit-Original Writer