စိုက်ပျိုးရေး

စားမကုန်နိုင်အောင် သီးမယ့် ရုံးပတီ စိုက်ပျိုးနည်းစနစ်

ရုံးပတီပင်ကို အပူပိုင်း၊အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးကာလအားဖြင့် ကဆုန်၊ နယုန်၊သီတင်းကျွတ်၊တန်ဆောင်မုန်းလတွေမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ရုံးပတီဟာ ရေမဝပ်တဲ့မြေမျိုးမှာ ပိုပြီးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပါတယ်။မြေချဉ်ငန်ဓာတ် (၆-၆.၈)အတွင်းမှာ ပိုမိုဖြစ်ထွန်းပါတယ်။

တစ်သုတ်ပြီးတစ်သုတ် စိုက်ပျိုးသွားရင် စဉ်ဆက်မပြတ်စားသုံးနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ စိုက်မယ်ဆိုရင် စိုက်ဘောင်တွေပေါ်မှာ တိုက်ရိုက်စိုက်ပျိုးနိုင်သလို (၃-၄)ပေရှိတဲ့ စိုက်ဘောင် တွေကို အမြင့်(၆)လက်မရှိအောင် မြေဆွေးထည့်ပေးပြီး ဘောင်ပေါ်မှာ ကျင်းတွေကို ဘောင်နုတ်ခမ်းကနေ (၆)လက်မစီခွာပြီး (၃)ပွင့်ဆိုင်ကျင်းတူးပြီး စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့ကို မစိုက်ခင် (၁၂)နာရီလောက် ရေစိမ် ပေးပါ။

ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကို ဖယ်ရှားပေးပါ။ တစ်ကျင်းကို မျိုးစေ့(၃)စေ့စီထည့်ပေးပြီး အပွင့် ထွက်လာရင် အသန်မာဆုံးအပင်တစ်ပင်ကိုပဲချန်ပြီး ကျန်တဲ့အပင်တွေကို နုတ်ပစ်ဖို့လိုပါတယ်။

တစ်ဘောင်နဲ့ တစ်ဘောင်ကြားမှာ လူသွားလမ်းအကျယ် (၉)လက်မ – (၁)ပေလောက်ချန်ထားပေးရမှာဖြစ်ပါတယ်။ စိုက်ဘောင် ပေါ်မှာ အလျားလိုက် စိုက်တန်း(၂)တန်းထားရှိပေးပြီး စိုက်တန်းတွေအတွင်း တစ်ပင်နဲ့တစ်ပင် (၁)ပေခြားစီ ရှိသင့်ပါတယ်။

ပျိုးပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးမယ်ဆိုရင်တော့ အမြစ်တွေမနာစေဖို့ အထူးဂရုပြုသင့်ပါတယ်။ ပန်းပွင့်ချိန်နဲ့ အသီးဖြစ်ချိန်မှာ ရေကို များများလိုအပ်ပါတယ်။

စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီးအပင်(၁၅)ရက်သားမှာ တစ်ကြိမ်၊(၂၅)ရက်သားမှာတစ်ကြိမ်ပေါင်းလိုက်ပေးရမှာဖြစ်ပါတယ်။ တတ်နိုင်ရင် နေ့တိုင်းပေါင်းလိုက်၊မြေဆွပြီး အစိုဓာတ်လုံလောက်မှုရဖို့ ရေလောင်းတာတွေလုပ်ပေးဖို့လိုပါတယ်။

မြေသြဇာ အဖြစ်နွားချေးဆွေးထည့်ပေးရင် ပိုကောင်းပါတယ်။ ဒါ့အပြင် ရုံးပတီပင်တွေကိုလည်း နှစ်ရှည်သီးနှံ ပင်တွေနဲ့ ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ပါတယ်။

သနပ်ခါးနဲ့ရုံးပတီ၊သရက်နဲ့ရုံးပတီ၊ဇီးနဲ့ရုံးပတီ၊လျှော်ဖြူပင်နဲ့ရုံးပတီ စတဲ့နှစ်ရှည်ပင်သီးနှံတွေနဲ့ ရုံးပတီကို ထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်။

အသီးကိုခူးဆွတ်မယ်ဆိုရင် (၂-၄)လက်မအထိရှည်တဲ့အခါ ဒါမှမဟုတ် ပန်းပွင့်ပြီး တစ်ပတ်ကြာတဲ့အခါ ခူးဆွတ်ရမှာဖြစ်ပါတယ်။

အသီးတောင့်တွေဟာ ရင့်လွယ်တဲ့အတွက် ပူတဲ့အချိန်မှာဆိုရင်နေ့တိုင်း ခူးဆွတ် ပေးရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရမှာဖြစ်ပါတယ်။

အသင့်စားသုံးဖို့အတွက် မရင့်ခင်ခူးဆွတ်သင့်ပြီး ရင့်တဲ့အသီးတွေကို နေခြောက်လှန်းပြီး အစေ့တွေကို ထုတ်ယူရမှာဖြစ်ပါတယ်။ လေလုံတဲ့အိတ်တွေ၊ပုလင်းတွေထဲမှာ ထည့်သွင်းသိုလှောင်ပြီး စိုက်ပျိုးတဲ့ ရာသီ ရောက်ရင် ပြန်လည်စိုက်ပျိုးနိုင်ပါတယ်။ တစ်ဧကမှ ပိဿာချိန် (၁၀၀၀-၃၀၀၀)အထိ ထွက်နိုင်ပါတယ်။

Credit : စိုက်ပျိုးရေး နည်းပညာ

႐ုံးပတီပင္ကို အပူပိုင္း၊အပူေလ်ာ့ပိုင္းေဒသေတြမွာ စိုက္ပ်ိဳးနိုင္ပါတယ္။ စိုက္ပ်ိဳးကာလအားျဖင့္ ကဆုန္၊ နယုန္၊သီတင္းကြၽတ္၊တန္ေဆာင္မုန္းလေတြမွာ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။

႐ုံးပတီဟာ ေရမဝပ္တဲ့ေျမမ်ိဳးမွာ ပိုၿပီးျဖစ္ထြန္းပါတယ္။ ေျမအမ်ိဳးအစားမေ႐ြးစိုက္ပ်ိဳးနိုင္ပါတယ္။ေျမခ်ဥ္ငန္ဓာတ္ (၆-၆.၈)အတြင္းမွာ ပိုမိုျဖစ္ထြန္းပါတယ္။

တစ္သုတ္ၿပီးတစ္သုတ္ စိုက္ပ်ိဳးသြားရင္ စဥ္ဆက္မျပတ္စာ သုံးနိုင္တဲ့ သီးႏွံျဖစ္ပါတယ္။ စိုက္မယ္ဆိုရင္ စိုက္ေဘာင္ေတြေပၚမွာ တိုက္ရိုက္စိုက္ပ်ိဳးနိုင္သလို (၃-၄)ေပရွိတဲ့ စိုက္ေဘာင္ ေတြကို အျမင့္(၆)လက္မရွိေအာင္ ေျမေဆြးထည့္ေပးၿပီ

း ေဘာင္ေပၚမွာ က်င္းေတြကို ေဘာင္ႏုတ္ခမ္းကေန (၆)လက္မစီခြာၿပီး (၃)ပြင့္ဆိုင္က်င္းတူးၿပီး စိုက္ပ်ိဳးနိုင္ပါတယ္။ မ်ိဳးေစ့ကို မစိုက္ခင္ (၁၂)နာရီေလာက္ ေရစိမ္ ေပးပါ။

ေရေပၚမွာေပၚေနတဲ့ အေစ့ေတြကို ဖယ္ရွားေပးပါ။ တစ္က်င္းကို မ်ိဳးေစ့(၃)ေစ့စီထည့္ေပးၿပီး အပြင့္ ထြက္လာရင္ အသန္မာဆုံးအပင္တစ္ပင္ကိုပဲခ်န္ၿပီး က်န္တဲ့အပင္ေတြကို ႏုတ္ပစ္ဖို႔လိုပါတယ္။ တစ္ေဘာင္နဲ႕ တစ္ေဘာင္ၾကားမွာ လူသြားလမ္းအက်ယ္ (၉)လက္မ – (၁)ေပေလာက္ခ်န္ထားေပးရမွာျဖစ္ပါတယ္။

စိုက္ေဘာင္ ေပၚမွာ အလ်ားလိုက္ စိုက္တန္း(၂)တန္းထားရွိေပးၿပီး စိုက္တန္းေတြအတြင္း တစ္ပင္နဲ႕တစ္ပင္ (၁)ေပျခားစီ ရွိသင့္ပါတယ္။ ပ်ိဳးပင္ေတြကို ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးမယ္ဆိုရင္ေတာ့ အျမစ္ေတြမနာေစဖို႔ အထူးဂ႐ုျပဳသင့္ပါတယ္။ ပန္းပြင့္ခ်ိန္နဲ႕ အသီးျဖစ္ခ်ိန္မွာ ေရကို မ်ားမ်ားလိုအပ္ပါတယ္။

စီးပြားျဖစ္ စိုက္ပ်ိဳးနိုင္ၿပီးအပင္(၁၅)ရက္သားမွာ တစ္ႀကိမ္၊(၂၅)ရက္သားမွာတစ္ႀကိမ္ေပါင္းလိုက္ေပးရမွာျဖစ္ပါတယ္။ တတ္နိုင္ရင္ ေန႕တိုင္းေပါင္းလိုက္၊ေျမဆြၿပီး အစိုဓာတ္လုံေလာက္မႈရဖို႔ ေရေလာင္းတာေတြလုပ္ေပးဖို႔လိုပါတယ္။

ေျမၾသဇာ အျဖစ္ႏြားေခ်းေဆြးထည့္ေပးရင္ ပိုေကာင္းပါတယ္။ ဒါ့အျပင္ ႐ုံးပတီပင္ေတြကိုလည္း ႏွစ္ရွည္သီးႏွံ ပင္ေတြနဲ႕ ၾကားညွပ္သီးႏွံအျဖစ္ စိုက္ပ်ိဳးနိုင္ပါတယ္။

သနပ္ခါးနဲ႕႐ုံးပတီ၊သရက္နဲ႕႐ုံးပတီ၊ဇီးနဲ႕႐ုံးပတီ၊ေလွ်ာ္ျဖဴပင္နဲ႕႐ုံးပတီ စတဲ့ႏွစ္ရွည္ပင္သီးႏွံေတြနဲ႕ ႐ုံးပတီကို ထည့္သြင္းစိုက္ပ်ိဳးနိုင္ပါတယ္။

အသီးကိုခူးဆြတ္မယ္ဆိုရင္ (၂-၄)လက္မအထိရွည္တဲ့အခါ ဒါမွမဟုတ္ ပန္းပြင့္ၿပီး တစ္ပတ္ၾကာတဲ့အခါ ခူးဆြတ္ရမွာျဖစ္ပါတယ္။

အသီးေတာင့္ေတြဟာ ရင့္လြယ္တဲ့အတြက္ ပူတဲ့အခ်ိန္မွာဆိုရင္ေန႕တိုင္း ခူးဆြတ္ ေပးရမွာျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ (၂)ရက္တစ္ႀကိမ္ခူးဆြတ္ေပးရမွာျဖစ္ပါတယ္။

အသင့္စားသုံးဖို႔အတြက္ မရင့္ခင္ခူးဆြတ္သင့္ၿပီး ရင့္တဲ့အသီးေတြကို ေနေျခာက္လွန္းၿပီး အေစ့ေတြကို ထုတ္ယူရမွာျဖစ္ပါတယ္။ ေလလုံတဲ့အိတ္ေတြ၊ပုလင္းေတြထဲမွာ ထည့္သြင္းသိုေလွာင္ၿပီး စိုက္ပ်ိဳးတဲ့ ရာသီ ေရာက္ရင္ ျပန္လည္စိုက္ပ်ိဳးနိုင္ပါတယ္။ တစ္ဧကမွ ပိႆာခ်ိန္ (၁၀၀၀-၃၀၀၀)အထိ ထြက္နိုင္ပါတယ္။

Credit : စိုက္ပ်ိဳးေရး နည္းပညာ