Local News

ကျောင်းတွေပြန်ဖွင့်ရေးအတွက် လာမယ့်အပတ်ထဲ ပြည်ထောင်စုဝန်ကြီးတွေ အစည်းအဝေးလုပ်မယ်

ဒီဇင်ဘာ(၂၅)ရက်၊ ၂၀၂၀။

ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အခြေခံပညာကျောင်းတွေကို လာမယ့်နှစ်ထဲ ပြန်ဖွင့်နိုင်ဖို့ မသေချာသေးဘူးလို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက O Media ကို ပြောပါတယ်။

အခြေခံပညာကျောင်းတွေဖွင့်လှစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေဟာ လာမယ့်တစ်ပတ်ထဲ အစည်းအဝေးလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“လောလောဆယ် ဘာမှပြောလို့မရသေးဘူး။အခြေအနေကောင်းရင်တော့ ဖွင့်နိုင်မှာပေါ့။ တီဗွီကသင်ကြားတာ တာတွေလုပ်နေတယ်။ သင်ခန်းစာအသစ်တွေလည်း ရိုက်ထုတ်ဖို့လုပ်နေတယ်။

တီဗွီအစီအစဉ်တွေက ရေရှည်သွားမှာ။ကျောင်းဖွင့်ရင်လည်း အိမ်မှာလေ့လာဖို့လိုသေးတယ်။ ကျောင်းပြန်ဖွင့်ရင်လည်း စာသင်ချိန်က အပြည့်ရမှာမဟုတ်ဘူး။”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ကိုဗစ်ကူးစက်မှုနှုန်းမြှင့်တက်လာကြောင့် မြန်မာတနိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း (၆၅၂၆) ကျောင်းကို ပုံမှန်ကျောင်းဖွင့်ရာသီမှာ ယာယီပိတ်ထားခဲ့ရပါတယ်။

အဲဒီနောက် ဇူလိုင်လ(၂၁)ရက်မှာ ပြန်လည်ဖွင့်ခဲ့ပေမဲ့ သြဂုတ်လထဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်လူနာ အရေအတွက်များလာပြီးတဲ့နောက် တစ်နိုင်ငံလုံးကကျောင်းတွေကို ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်ကြဖို့ ဒီဇင်ဘာလ (၂၂) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ကိုဗစ်နဲ့အတူ ဆက်လက်ရှင်သန်ရမှာဖြစ်ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လုပ်ငန်းအသီးသီးကို ပုံမှန်အတိုင်းပြန်လုပ်ကိုင်ဖို့ စဉ်စားရမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီဇင်ဘာလ(၂၄)ရက်နေ့ ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၁၁၉၇၈၈) ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်သူ (၉၉၉၂၇)ယောက်နဲ့ သေဆုံးသူ (၂၅၃၂) ယောက်ရှိနေပါတယ်။

Credit-Omedia

Photo Credit

ဒီဇင္ဘာ(၂၅)ရက္၊ ၂၀၂၀။

ကိုဗစ္ကူးစက္မႈအေျခအေနေၾကာင့္ အေျခခံပညာေက်ာင္းေတြကို လာမယ့္ႏွစ္ထဲ ျပန္ဖြင့္နိုင္ဖို႔မေသခ်ာေသးဘူးလို႔ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက O Media ကို ေျပာပါတယ္။

အေျခခံပညာေက်ာင္းေတြဖြင့္လွစ္ေရးကိစၥနဲ႕ပတ္သက္ၿပီး ပညာေရးဝန္ႀကီးဌာနနဲ႕ က်န္းမာေရးနဲ႕အားကစားဝန္ႀကီးဌာနတို႔က ျပည္ေထာင္စုဝန္ႀကီးေတြဟာ လာမယ့္တစ္ပတ္ထဲ အစည္းအေဝးလုပ္ဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။

“ေလာေလာဆယ္ ဘာမွေျပာလို႔မရေသးဘူး။ အေျခအေနေကာင္းရင္ေတာ့ ဖြင့္နိုင္မွာေပါ့။ တီဗြီကသင္ၾကားတာ တာေတြလုပ္ေနတယ္။ သင္ခန္းစာအသစ္ေတြလည္း ရိုက္ထုတ္ဖို႔လုပ္ေနတယ္။

တီဗြီအစီအစဥ္ေတြက ေရရွည္သြားမွာ။ေက်ာင္းဖြင့္ရင္လည္း အိမ္မွာေလ့လာဖို႔လိုေသးတယ္။ ေက်ာင္းျပန္ဖြင့္ရင္လည္း စာသင္ခ်ိန္က အျပည့္ရမွာမဟုတ္ဘူး။”လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ကိုဗစ္ကူးစက္မႈႏႈန္းျမႇင့္တက္လာေၾကာင့္ ျမန္မာတနိုင္ငံလုံးက အေျခခံပညာေက်ာင္းေပါင္း (၆၅၂၆) ေက်ာင္းကို ပုံမွန္ေက်ာင္းဖြင့္ရာသီမွာ ယာယီပိတ္ထားခဲ့ရပါတယ္။

 

အဲဒီေနာက္ ဇူလိုင္လ(၂၁)ရက္မွာ ျပန္လည္ဖြင့္ခဲ့ေပမဲ့ ၾသဂုတ္လထဲ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္မွာ ကိုဗစ္လူနာ အေရအတြက္မ်ားလာၿပီးတဲ့ေနာက္ တစ္နိုင္ငံလုံးကေက်ာင္းေတြကို ျပန္ပိတ္ခဲ့ရတာ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနကေတာ့ ကိုဗစ္နဲ႕အတူယွဥ္တြဲေနထိုင္ၿပီး လုပ္ကိုင္ေဆာင္႐ြက္ၾကဖို႔ ဒီဇင္ဘာလ (၂၂) ရက္ေန႕က ထုတ္ျပန္ခဲ့ပါတယ္။

ဒါေၾကာင့္ ကိုဗစ္နဲ႕အတူ ဆက္လက္ရွင္သန္ရမွာျဖစ္ၿပီး စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရးစတဲ့ လုပ္ငန္းအသီးသီးကို ပုံမွန္အတိုင္းျပန္လုပ္ကိုင္ဖို႔ စဥ္စားရမယ္လို႔ ထုတ္ျပန္ခဲ့တာပါ။

 

ဒီဇင္ဘာလ(၂၄)ရက္ေန႕ ညပိုင္းအထိေတာ့ ျမန္မာနိုင္ငံမွာ ကိုဗစ္လူနာ (၁၁၉၇၈၈) ေယာက္ရွိေနၿပီး အဲဒီထဲမွာျပန္ေကာင္းမြန္သူ (၉၉၉၂၇)ေယာက္နဲ႕ ေသဆုံးသူ (၂၅၃၂) ေယာက္ရွိေနပါတယ္။

Credit-Omedia