ဗဟုသုတ

ခြင်ဆေး ၊ ခြင်ရိုက်ဘတ်တံတောင် လုံး၀မလိုတော့တဲ့အထိ ၁၀၀ရာခိုင်နှုန်း အာမခံနိုင်တဲ့ သဘာ၀ခြင်ပြေးနည်း

ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ)

တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော်

ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ

ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ်

ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ

“စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ

စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီးရေစိမ်

အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ်

ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်

ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော်အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်…….

(ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ)

Credit to Mirror (gardening Myanmar)










