International News ဗဟုသုတ

မိဘတွေရဲ့အတ္တကြောင့် (၆)နှစ်လုံးလုံး တိရစ္ဆာန်ဘ၀လို နေခဲ့ရတဲ့ သနားစရာ အမျိူးသမီးလေး

ချစ်သူရည်းစား ထားတဲ့အခါ ကိုယ်ရည်ရွယ်ထားသူနဲ့ မိဘတွေကြား အဆင်မပြေတာဟာ ပြဿနာကြီးတစ်ရပ်ပါပဲ။ တချို့မိဘတွေက နားလည်ညှိုနှိုင်းဖို့ လွယ်ကူပေမယ့် တချို့ကလည်း သိပ်ကို တင်းမာလွန်းကြပါတယ်။

တစ်ခါတစ်လေ မိဘတွေဟာ သားသမီးကို ချစ်တဲ့အချစ်ထက် ၎င်းတို့ရဲ့ အတ္တက လွန်ကဲလာတဲ့အခါမျိုးမှာ လူမဆန်တဲ့အပြုအမူမျိုးတွေကိုတောင် လုပ်လာကြတာကို အခုတွေ့ရမှာပါ။

တရုတ်နိုင်ငံ ဟူးပေးပြည်နယ်က အမျိုးသမီးလေးတစ်ဦးဟာ မိဘသဘောမတူတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိတာကြောင့် မိဘတွေက သူမကို စိတ်ဆိုးပြီး တိရစ္ဆာန်တစ်ကောင်လိုရက်ရက်စက်စက် ဆက်ဆံခဲ့ပါတယ်။

သူမရဲ့မိသားစုက သူမကို ဂိုထောင်တစ်လုံးထဲမှာ (၆)နှစ်လုံးလုံး ပိတ်နှောင်ထားခဲ့တာကြောင့် မိန်းမပျိုလေးဟာ ကောက်ရိုးပုံပေါ်မှာသာ အိပ်ရပါတယ်။ သူမနာမည်ကတော့ ကျန်းကီဖြစ်ပြီးအသက်(၂၄)နှစ်ရှိပါပြီ။

ကျန်းကီဟာ ပိတ်လှောင်ထားတဲ့ ဂိုထောင်ထဲကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူမရဲ့ မိဘတွေက ကျန်းကီဟာ စိတ်မကျန်းမမာ ဖြစ်နေတာကြောင့် သူမကို သော့ခတ်ထားရကြောင်း ရွာမှာ သတင်းလွှင့်ထားခဲ့ပါတယ်။

ဒါကို ရွာနေလူကြီးတစ်ဦးဖြစ်တဲ့ ချောင်ဂျန်က ကျန်းကီနဲ့ ပတ်သက်လို့ ရွာအာဏာပိုင်တွေဟာ ဘာမှ မလုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။

ချောင်ဂျန်က “ကောင်မလေးရဲ့ မိဘတွေက ရွာမှာ အစစအရာရာ တောင့်တင်းကြပါတယ်။ ရွာသားတွေကလည်း သူတို့ကိစ္စနဲ့ပတ်သက်ရင် ဘာမှဝင်မစွက်ရဲဘူး။ ကျွန်တော်ကတော့ ရွာမှာနေတာမဟုတ်ဘူး။ တစ်ခါတစ်လေမှ ရွာကိုလာတာဆိုတော့ သူတို့ကိုကြောက်စရာမရှိဘူးလေ။ နောက်ဆုံးကျွန်တော် ရွာရောက်တော့ ကောင်မလေးက ကောက်ရိုးပုံပေါ်မှာ လှဲလို့။ သူ့နားမှာလည်း စောင်တွေအပုံလိုက်နဲ့ မုန့်တွေလည်း ရှိတာပေါ့။

ကောင်မလေး မိဘတွေပြောသလို ကလေးမမှာ စိတ်ရောဂါ ရှိလား၊ မရှိလား ကျွန်တော်တော့ သေချာမသိပါဘူး။ ဒါပေမယ့် အခုလိုဆက်ဆံတာက လူတစ်ယောက်လို ဆက်ဆံတာမျိုးမှ မဟုတ်တာဗျာ။ ကောင်မလေးနေရတာ တိရစ္ဆာန်သာသာပါ။ ဒါကြောင့် ကျွန်တော် ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းတင်ခဲ့တာပဲ။” လို့ပြောပြပါတယ်။

Credit-Original Uploader

ခ်စ္သူရည္းစား ထားတဲ့အခါ ကိုယ္ရည္႐ြယ္ထားသူနဲ႕ မိဘေတြၾကား အဆင္မေျပတာဟာ ျပႆနာႀကီးတစ္ရပ္ပါပဲ။ တခ်ိဳ႕မိဘေတြက နားလည္ညွိုႏွိုင္းဖို႔ လြယ္ကူေပမယ့္ တခ်ိဳ႕ကလည္း သိပ္ကို တင္းမာလြန္းၾကပါတယ္။ တစ္ခါတစ္ေလ မိဘေတြဟာ သားသမီးကို ခ်စ္တဲ့အခ်စ္ထက္ ၎တို႔ရဲ႕ အတၱက လြန္ကဲလာတဲ့အခါမ်ိဳးမွာ လူမဆန္တဲ့အျပဳအမူမ်ိဳးေတြကိုေတာင္ လုပ္လာၾကတာကို အခုေတြ႕ရမွာပါ။

တ႐ုတ္နိုင္ငံ ဟူးေပးျပည္နယ္က အမ်ိဳးသမီးေလးတစ္ဦးဟာ မိဘသေဘာမတူတဲ့ အမ်ိဳးသားတစ္ဦးနဲ႕ ခ်စ္ႀကိဳက္မိတာေၾကာင့္ မိဘေတြက သူမကို စိတ္ဆိုးၿပီး တိရစာၦန္တစ္ေကာင္လို ရက္ရက္စက္စက္ ဆက္ဆံခဲ့ပါတယ္။ သူမရဲ႕မိသားစုက သူမကို ဂိုေထာင္တစ္လုံးထဲမွာ (၆)ႏွစ္လုံးလုံး ပိတ္ေႏွာင္ထားခဲ့တာေၾကာင့္ မိန္းမပ်ိဳေလးဟာ ေကာက္ရိုးပုံေပၚမွာသာ အိပ္ရပါတယ္။ သူမနာမည္ကေတာ့ က်န္းကီျဖစ္ၿပီး အသက္(၂၄)ႏွစ္ရွိပါၿပီ။

က်န္းကီဟာ ပိတ္ေလွာင္ထားတဲ့ ဂိုေထာင္ထဲကေန ထြက္ေျပးဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ သူမရဲ႕ မိဘေတြက က်န္းကီဟာ စိတ္မက်န္းမမာ ျဖစ္ေနတာေၾကာင့္ သူမကို ေသာ့ခတ္ထားရေၾကာင္း ႐ြာမွာ သတင္းလႊင့္ထားခဲ့ပါတယ္။ ဒါကို ႐ြာေနလူႀကီးတစ္ဦးျဖစ္တဲ့ ေခ်ာင္ဂ်န္က က်န္းကီနဲ႕ ပတ္သက္လို႔ ႐ြာအာဏာပိုင္ေတြဟာ ဘာမွ မလုပ္ေဆာင္နိုင္တာေၾကာင့္ သူမရဲ႕ အေျခအေနကို ဓာတ္ပုံရိုက္ၿပီး အြန္လိုင္းေပၚတင္ခဲ့တာျဖစ္ပါတယ္။

ေခ်ာင္ဂ်န္က “ေကာင္မေလးရဲ႕ မိဘေတြက ႐ြာမွာ အစစအရာရာ ေတာင့္တင္းၾကပါတယ္။ ႐ြာသားေတြကလည္း သူတို႔ကိစၥနဲ႕ပတ္သက္ရင္ ဘာမွဝင္မစြက္ရဲဘူး။ ကြၽန္ေတာ္ကေတာ့ ႐ြာမွာေနတာမဟုတ္ဘူး။ တစ္ခါတစ္ေလမွ ႐ြာကိုလာတာဆိုေတာ့ သူတို႔ကိုေၾကာက္စရာမရွိဘူးေလ။ ေနာက္ဆုံးကြၽန္ေတာ္ ႐ြာေရာက္ေတာ့ ေကာင္မေလးက ေကာက္ရိုးပုံေပၚမွာ လွဲလို႔။ သူ႕နားမွာလည္း ေစာင္ေတြအပုံလိုက္နဲ႕ မုန႔္ေတြလည္း ရွိတာေပါ့။ ေကာင္မေလး မိဘေတြေျပာသလို ကေလးမမွာ စိတ္ေရာဂါ ရွိလား၊ မရွိလား ကြၽန္ေတာ္ေတာ့ ေသခ်ာမသိပါဘူး။ ဒါေပမယ့္ အခုလိုဆက္ဆံတာက လူတစ္ေယာက္လို ဆက္ဆံတာမ်ိဳးမွ မဟုတ္တာဗ်ာ။ ေကာင္မေလးေနရတာ တိရစာၦန္သာသာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ ဓာတ္ပုံေတြရိုက္ၿပီး အြန္လိုင္းတင္ခဲ့တာပဲ။” လို႔ေျပာျပပါတယ္။

Credit-Original Uploader