Knowledge Sharing ဗဟုသုတ

ငရဲပြည်မှာ တာ၀န်ထမ်းဆောင်နေတဲ့ ယမမင်းကြီးကို ဘာလို့သူတော်ကောင်းကြီးလို့ ပြောရတာလဲဆိုတော့

Unicode

ယမမင်းကြီးဆိုတာ

ယမမင်းဆိုတာ “ဝေမာနိက ပေတရာဇာ” ဗိမာန်ရှိတဲ့ ပြိတ္တာဘုရင်ကြီးတစ်ဦးပါ။ယမမင်းကြီးဆိုတာ တကယ့်သူတော်ကောင်းကြီး။ အင်မတန်မှ ကရုဏာကြီးမားတယ်။

သူရဲ့ဘ၀က ဒီဝမောနိက ပြိတ္တာဘဝဖြစ်တယ်။နတ်ပြည်ခြောက်ထပ်မှာ အနိမ့်ဆုံးဖြစ်တဲ့ စတုမဟာရဇ်နတ်ထဲမှာ ပါတယ်။

ဘုံဗိမာန်လည်း ရှိတယ်။ အစွမ်းတန်ခိုးလည်း ရှိတယ်။ယမမင်းက ငရဲမှာ သွားရုံးထိုင်ပြီး စီရင်ချက်တွေ ချနေတယ်လို့ ဒီလိုထင်တယ်။`ဟောဒီလူဖြင့် ငရဲခံစေ´ `ဟိုလူဖြင့် ငရဲကလွတ်စေ´လို့ ဒီလို စီရင်ချက်ချတာမျိုးတွေကို သူမလုပ်ပါဘူး။

ကယ်လို့ရမယ့် ပုဂ္ဂိုလ်ကို ကယ်ဖို့ပဲ သူသွားတယ်။ ငရဲကို တွန်းချတာမျိုး မရှိဘူး။ ကယ်လို့ရတဲ့ ပုဂ္ဂိုလ်ကို ကယ်တယ်။

ဘယ်နည်းနဲ့ ကယ်တုန်းဆိုရင် ကုသိုလ်ကောင်းမှုကို သတိဖော်ပေးတယ်။ အမှတ်ရစေတယ်။ အမှန်တကယ် ကယ်လိုက်တာက `ကုသိုလ်´လုပ်တဲ့ ကုသိုလ်ကံက ကယ်လိုက်တာလို့ပဲ မှတ်ရမယ်။

နတ်တွေဟာ လူ့ပြည် လူ့ဘဝကို အင်မတန်မှ တန်ဖိုးထားတယ်။ ဘာကြောင့် တန်ဖိုးထားကြသလဲ။လူ့ဘဝက နတ်ဘဝထက် ချမ်းသာလို့ တန်ဖိုးထားတာလား။ မဟုတ်ဘူး။

နတ်တို့ထက် အသက်ရှည်လို့ တန်ဖိုးထားတာလား။ မဟုတ်ဘူး။နတ်တို့ထက် လူတို့က လှနေလို့ တန်ဖိုးထားတာလား။ မဟုတ်ဘူး။

ဘာအတွက် တန်ဖိုးထားကြသလဲဆိုရင် ` ကုသိုလ်လုပ်ခွင့်ရလို့´ တန်ဖိုးထားကြတာပါ။ယမမင်းကြီးက ဘာကို တောင်းတသလဲဆိုရင် `အေဟာ ၀တာဟံ ၊မနုဿတံ လဘေယျံ´

( ၁ ) လူ့ဘ၀ကို ရချင်ပါတယ်။

( ၂ ) လူ့ဘဝ ဖြစ်နေတဲ့အချိန်မှာ ဘုရားပွင့်တဲ့အချိန်နဲ့လည်း ကြုံချင်ပါတယ်။

( ၃ ) ဘုရားပွင့်တဲ့အချိန်မှာ ဘုရားပွင့်ရာ အရပ်မှာ လူဖြစ်ပြီး ဘုရားကို ဆည်းကပ် ကိုးကွယ်ခွင့် ရချင်ပါတယ်။

( ၄ ) ဘုရားပွင့်ရာအရပ်မှာ လူဖြစ်ပြီးမြတ်စွာဘုရားက တရားဟောကြားတာကို နာယူချင်ပါတယ်။

( ၅ ) မြတ်စွာဘုရားကတရားဟောကြားတာကို နာယူကာသိရှိနားလည်ကာ သံသရာ၀ဋ် ဆင်းရဲမှ လွတ်ငြိမ်းချင်ပါတယ်။

ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း တရားတော်ကို
ကိုယ်စီ ကိုယ်စီသဘောကျပြီးတော့

ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန် သကဒါဂါမ် အနာဂါမ် စတဲ့ထူးခြားတဲ့အရိယာ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်-ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Cred

Zawgyi

ယမမင္းႀကီးဆိုတာ

ယမမင္းဆိုတာ “ေဝမာနိက ေပတရာဇာ” ဗိမာန္ရွိတဲ့ ၿပိတၱာဘုရင္ႀကီးတစ္ဦးပါ။ယမမင္းႀကီးဆိုတာ တကယ့္သူေတာ္ေကာင္းႀကီး။ အင္မတန္မွ က႐ုဏာႀကီးမားတယ္။

သူရဲ႕ဘ၀က ဒီဝေမာနိက ၿပိတၱာဘဝျဖစ္တယ္။ နတ္ျပည္ေျခာက္ထပ္မွာ အနိမ့္ဆုံးျဖစ္တဲ့ စတုမဟာရဇ္နတ္ထဲမွာ ပါတယ္။

ဘုံဗိမာန္လည္း ရွိတယ္။ အစြမ္းတန္ခိုးလည္း ရွိတယ္။ယမမင္းက ငရဲမွာ သြား႐ုံးထိုင္ၿပီး စီရင္ခ်က္ေတြ ခ်ေနတယ္လို႔ ဒီလိုထင္တယ္။`ေဟာဒီလူျဖင့္ ငရဲခံေစ´ `ဟိုလူျဖင့္ ငရဲကလြတ္ေစ´လို႔ ဒီလို စီရင္ခ်က္ခ်တာမ်ိဳးေတြကို သူမလုပ္ပါဘူး။

ကယ္လို႔ရမယ့္ ပုဂၢိဳလ္ကို ကယ္ဖို႔ပဲ သူသြားတယ္။ ငရဲကို တြန္းခ်တာမ်ိဳး မရွိဘူး။ ကယ္လို႔ရတဲ့ ပုဂၢိဳလ္ကို ကယ္တယ္။

ဘယ္နည္းနဲ႕ ကယ္တုန္းဆိုရင္ ကုသိုလ္ေကာင္းမႈကို သတိေဖာ္ေပးတယ္။ အမွတ္ရေစတယ္။ အမွန္တကယ္ ကယ္လိုက္တာက `ကုသိုလ္´လုပ္တဲ့ ကုသိုလ္ကံက ကယ္လိုက္တာလို႔ပဲ မွတ္ရမယ္။

နတ္ေတြဟာ လူ႕ျပည္ လူ႕ဘဝကို အင္မတန္မွ တန္ဖိုးထားတယ္။ ဘာေၾကာင့္ တန္ဖိုးထားၾကသလဲ။လူ႕ဘဝက နတ္ဘဝထက္ ခ်မ္းသာလို႔ တန္ဖိုးထားတာလား။ မဟုတ္ဘူး။

နတ္တို႔ထက္ အသက္ရွည္လို႔ တန္ဖိုးထားတာလား။ မဟုတ္ဘူး။နတ္တို႔ထက္ လူတို႔က လွေနလို႔ တန္ဖိုးထားတာလား။ မဟုတ္ဘူး။

ဘာအတြက္ တန္ဖိုးထားၾကသလဲဆိုရင္ ` ကုသိုလ္လုပ္ခြင့္ရလို႔´ တန္ဖိုးထားၾကတာပါ။ယမမင္းႀကီးက ဘာကို ေတာင္းတသလဲဆိုရင္ `ေအဟာ ၀တာဟံ ၊မႏုႆတံ လေဘယ်ံ´

( ၁ ) လူ႕ဘ၀ကို ရခ်င္ပါတယ္။

( ၂ ) လူ႕ဘဝ ျဖစ္ေနတဲ့အခ်ိန္မွာ ဘုရားပြင့္တဲ့အခ်ိန္နဲ႕လည္း ႀကဳံခ်င္ပါတယ္။

( ၃ ) ဘုရားပြင့္တဲ့အခ်ိန္မွာ ဘုရားပြင့္ရာ အရပ္မွာ လူျဖစ္ၿပီး ဘုရားကို ဆည္းကပ္ ကိုးကြယ္ခြင့္ ရခ်င္ပါတယ္။

( ၄ ) ဘုရားပြင့္ရာအရပ္မွာ လူျဖစ္ၿပီးျမတ္စြာဘုရားက တရားေဟာၾကားတာကို နာယူခ်င္ပါတယ္။

( ၅ ) ျမတ္စြာဘုရားကတရားေဟာၾကားတာကို နာယူကာသိရွိနားလည္ကာ သံသရာ၀ဋ္ ဆင္းရဲမွ လြတ္ၿငိမ္းခ်င္ပါတယ္။

ဒါေၾကာင့္ တရားခ်စ္ခင္ ဓမၼမိတ္ေဆြ အေပါင္းတို႔ကလည္း တရားေတာ္ကို
ကိုယ္စီ ကိုယ္စီသေဘာက်ၿပီးေတာ့

ပုထုဇဥ္ဘ၀ကို လြန္ေျမာက္ၿပီး ေသာတာပန္ သကဒါဂါမ္ အနာဂါမ္ စတဲ့ထူးျခားတဲ့အရိယာ ပုဂၢိဳလ္ျဖစ္ေအာင္ က်င့္ႀကံႀကိဳးကုတ္အားထုတ္နိုင္ၾကပါေစကုန္သတည္း။

ပါေမာကၡခ်ဳပ္ဆရာေတာ္-ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ

Cred