ဗဟုသုတ

“တစ်ဦးတည်းအလှူရှင်ဖြင့် တည်ထားသောမြန်မာနိုင်ငံ၏တတိယအကြီးဆုံးရုပ်ပွားတော်”

“တစ်ဦးတည်းအလှူရှင်ဖြင့် တည်ထားသောမြန်မာနိုင်ငံ၏တတိယအကြီးဆုံးရုပ်ပွားတော်”

မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို၂၀၁၅ ခုနှစ်မှစ၍ မဇ္ဇိမမနောသုခဖောင်ဒေးရှင်း သီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်မြရှင် မှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ခဲ့ရာ ယခုတွင် ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။

ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ(၁၀၈)ပေရှိပြီး ပလ္လင်တော်မှာ(၁၅)ပေအမြင့်ရှိပါတယ်။

ရုပ်ပွားတော်မြတ်ကြီးသည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ပလနကျေးရွာအုပ်စု ပလန-(၂) ကံ့ကော်မြိုင်ကျေးရွာ မဇ္ဇျိမမနောသုခ‌ဖောင်ဒေးရှင်းကျောင်း၀င်းအတွင်း တည်ရှိပါတယ်။

ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် တစ်ဦးတည်းအလှူရှင်ဒကာမကြီး၏ ကုသိုလ်အတွက်လည်းအံ့ဩ၀မ်းသာမဆုံး ပီတိဖြစ်ရလို့လည်း သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

ကချင်ပြည်နယ်သူဖြစ်ပေမယ့် မိမိသည်ပင်လျှင် မဖူးမျှော်ရသေးပါ။

ဒါ့ကြောင့်…,ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်သော မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်ကြီးကိုဓမ္မမိတ်ဆွေများမှလည်း ကပ်ရောဂါကာလကြီး လွန်မြောက်သွားခဲ့လျှင်ကချင်ပြည်နယ်သို့ လာရောက်၍ဖူးမျှော်ကြည်ညိုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါရစေ။

မသုနန္ဒာထေရီ(ဗန်းမော်)

23.12.2020

Photo credit to original uploader

“တစ္ဦးတည္းအလႉရွင္ျဖင့္ တည္ထားေသာ
ျမန္မာနိုင္ငံ၏တတိယအႀကီးဆုံး႐ုပ္ပြားေတာ္”

မဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီးကို၂၀၁၅ ခုႏွစ္မွစ၍ မဇၨိမမေနာသုခေဖာင္ေဒးရွင္း သီရိသုဓမၼသိဂႌဘြဲ႕ရ ေဒၚျမရွင္ မွ တစ္ဦးတည္းအလႉရွင္အျဖစ္ တည္ခဲ့ရာ ယခုတြင္ ၉၀% ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္မွာ(၁၀၈)ေပရွိၿပီး ပလႅင္ေတာ္မွာ(၁၅)ေပအျမင့္ရွိပါတယ္။

႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕၊ပလနေက်း႐ြာအုပ္စု ပလန-(၂) ကံ့ေကာ္ၿမိဳင္ေက်း႐ြာ မဇၨ်ိမမေနာသုခ‌ေဖာင္ေဒးရွင္းေက်ာင္း၀င္းအတြင္းတည္ရွိပါတယ္။

ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္ တည္ထားကိုးကြယ္ခဲ့သည့္ တစ္ဦးတည္းအလႉရွင္ဒကာမႀကီး၏ ကုသိုလ္အတြက္လည္းအံ့ဩ၀မ္းသာမဆုံး ပီတိျဖစ္ရလို႔လည္း သာဓုအႀကိမ္ႀကိမ္ေခၚမိပါတယ္။

ကခ်င္ျပည္နယ္သူျဖစ္ေပမယ့္ မိမိသည္ပင္လွ်င္ မဖူးေမွ်ာ္ရေသးပါ။

ဒါ့ေၾကာင့္…,ဘုရားဖူးဧည့္သည္မ်ားျဖင့္ ၾကက္ပ်ံမက် စည္ကားေနၿပီျဖစ္ေသာ မဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ႀကီးကိုဓမၼမိတ္ေဆြမ်ားမွလည္း ကပ္ေရာဂါကာလႀကီး လြန္ေျမာက္သြားခဲ့လွ်င္ကခ်င္ျပည္နယ္သို႔ လာေရာက္၍ဖူးေမွ်ာ္ၾကည္ညိုၾကပါဦးလို႔ဖိတ္ေခၚလိုက္ပါရေစ။

မသုနႏၵာေထရီ(ဗန္းေမာ္)

23.12.2020

Photo credit to original uploader