ဗဟုသုတ

ငွေမ၀င်ပဲလာဘ်ပိတ်နေပြီဆိုရင် သင့်ပိုက်ဆံအိတ်ကို ဒီလိုလေးလုပ်လိုက်ပါ

Unicode

သင့် ပိုက်ဆံအိတ်ထဲမှာ ဒါတွေ ထားနေရင်တော့ သေချာပေါက် လာဘ်ပိတ် စေပါပီ

စွမ်းအင်တွေအကြောင်းကို လေ့လာကြည့်တဲ့အခါ ဝါစတုသျှတ္တရပညာအရစကြာဝဠာထဲမှာ အလိုအလျောက်သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အရာတွေရော လူသားတွေဖန်တီးပြုလုပ်ထားတဲ့ မည်သည့်အရာမဆို အကုန်လုံးမှာ တစ်ခုထက်ပိုတဲ့စွမ်းအင်ရှိနေကြတယ် ဆိုတာ လေ့လာသိရှိခဲ့ရသလို ဒီအထဲမှာမှမိမိအသုံးပြုနေတဲ့

ပိုက်ဆံအိတ်ထဲမှာ

မလိုအပ်တဲ့အရာတွေထည့်ထားမိတဲ့အခါမကောင်းတဲ့စွမ်းအင်တွေဖြစ်ပေါ်တတ်ပါတယ်။

-ငွေကုန်ကြေးကျ  ငွေယိုပေါက်တွေများလိမ့်မယ်။

-ကျန်းမာရေး လူမှုရေး ထိခိုက်မှုတွေကြုံရသလို လာဘ်ပိတ် တာတွေ။

-ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး

ကောင်းသောစွမ်းအင်တွေဖြစ်စေတတ်သည့်အရာတွေကိုသင့်ပိုက်ဆံအိတ်ထဲမှာထည့်ထားခဲ့မည်ဆိုလျှင်

-ငွေကြေး အဆက်မပြတ်ဝင်သလို

-ကျန်းမာ ချမ်းသာ ကာ

-ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်။

သင့်ပိုက်ဆံအိတ်(သို့မဟုတ်)ငွေသေတ္တာထဲမှာ …

-ဘေလ် ပြေစာ ဟောင်းများ receipt ဟောင်းများ

-ညစ်ညမ်းပုံများ သေဆုံးပြီးသူများပုံ ကြမ်းတမ်း ရက်စက်သော ပုံများ။(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်)

-တိုလီ မိုလီ မှတ်စု များ လိပ်စာ ကဒ် အဟောင်းများ

-သက်တမ်း ကုန်နေတဲ့ membership card များ

-သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ

-ခေါက်တွန့် နေတဲ့ ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ)

-သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ)

-လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင် ချွန်ထက်တဲ့ အရာများ။

-ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော အဆောင်များ

-ပရိတ်ချည် လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ)

သင့်ပိုက်ဆံအိတ်(သို့မဟုတ်) ငွေသေတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေကတော့…

-ငွေ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။

-အထူးသဖြင့် ငွေဒင်္ဂါး။

-လက်ချမီး မယ်တော်ပုံ ရုပ်ပုံတော် ဖြစ်စေ ကြေး ဒင်္ဂါး ဖြစ်စေ

-ဗောဓိညောင်ရွက် (အထူးသဖြင့် နှလုံး ရောဂါ ရှိသူများ အတွက်)

-ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်)

-ဆန်စေ့ ၂၁ စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်)

-ဂျင်း ဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်)

ကိုထည့်ထားခြင်းဖြင့်ကောင်းသောစွမ်းအင်တွေကိုဖြစ်ပေါ်စေကာအကျိုးစီးပွားလာဘ်လာဘတိုးတက်ကြစေ။

Credit