Local News ဗဟုသုတ

ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီး ရေတွင်းထဲပြုတ်ကျလို့ ပျံတော်မူ

Unicode

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု ၊ ကျီးတောကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူနေတာကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က တွေ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ရေတွင်းကျပြီး ပျံလွန်တော်မူနေတာ ၂ ရက်ရှိပြီလို့ ခန့်မှန်းရတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၇ ရက် မနက်က ဆွမ်းပို့လာသူတွေက ဘုန်းကြီးမတွေ့လို့ ဖုန်းဆက်တယ်၊ ဆက်လို့မရဘူးလို့ သိရတယ်။

အဲ့ဒါကြောင့် ဆွမ်းပို့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတယ်၊ မနေ့က ညနေပိုင်းအထိ ဘုန်းကြီးမတွေ့လို့ လိုက်ရှာကြရာက ရေတွင်းထဲ ပြုတ်ကျ ပျံလွန်တော်မူနေတာကို တွေ့ရတယ်”လို့ ကျီးတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သက်တော် ၃၉ နှစ် အရွယ် ကျောင်းထိုင်ဆရာတော်ဟာ ဘုန်းကြီးကျောင်းအတွင်းမှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကတည်းက အသုံးမပြုတော့တဲ့ ရေတွင်းနှုတ်ခမ်းဘောင် မျက်နှာပြင် အထူ ၈ လက်မ၊

ရေတွင်းမျက်နှာပြင်အကျယ် ၅ ပေ ၊ မြေပြင်ဘက် မှ အမြင့် ၂ ပေနဲ့ ၆ လက်မ ၊ မြေပြင်ကနေ ရေမျက်နှာပြင်အထိ အနက် ၁၆ ပေ ၊ ရေအနက် ၈ ပေရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

” ဘုန်းကြီးကနေ့တိုင်း အဲ့ဒီ ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတယ်၊ ဘုန်းကြီးက သွေးတိုးနဲ့ နှလုံးရောဂါအခံရှိတယ် “လို့ ဘုန်းကြီးရဲ့ တူတော်စပ်သူ မောင်ငြိမ်းချမ်းက ပြောပါတယ်။

ရေတွင်းထဲကနေ ၂ ရက်ကြာပြီးမှ တွေ့ရှိရတဲ့ ဘုန်းကြီးရဲ့ ရုပ်အလောင်းကို ဆယ်ယူပြီနောက် ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရာ ဆေးရုံက PR အမှတ်- ၃၂/၂၀၂၀ အရ လက်ခံပြီး စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇ / ၂၀၂၀ အရ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Zawgyi

ဧရာဝတီတိုင္း၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ ကိုင္းတာအုပ္စု ၊ က်ီးေတာေက်း႐ြာဘုန္းႀကီးေက်ာင္းမွာ သီတင္းသုံးေနထိုင္တဲ့ ေက်ာင္းထိုင္ဘုန္းႀကီးတစ္ပါးဟာ ေရတြင္းထဲျပဳတ္က်ၿပီး ပ်ံလြန္ေတာ္မူေနတာကို မေန႕ ဒီဇင္ဘာ ၂၈ ရက္ ညေန ၆ နာရီေက်ာ္က ေတြ႕ရတယ္လို႔ ေက်ာင္းကုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

” ေရတြင္းက်ၿပီး ပ်ံလြန္ေတာ္မူေနတာ ၂ ရက္ရွိၿပီလို႔ ခန႔္မွန္းရတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ၂၇ ရက္ မနက္က ဆြမ္းပို႔လာသူေတြက ဘုန္းႀကီးမေတြ႕လို႔ ဖုန္းဆက္တယ္၊ ဆက္လို႔မရဘူးလို႔ သိရတယ္။

အဲ့ဒါေၾကာင့္ ဆြမ္းပို႔သူေတြက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဆီ အေၾကာင္းၾကားထားတယ္၊ မေန႕က ညေနပိုင္းအထိ ဘုန္းႀကီးမေတြ႕လို႔ လိုက္ရွာၾကရာက ေရတြင္းထဲ ျပဳတ္က် ပ်ံလြန္ေတာ္မူေနတာကို ေတြ႕ရတယ္”လို႔ က်ီးေတာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

သက္ေတာ္ ၃၉ ႏွစ္ အ႐ြယ္ ေက်ာင္းထိုင္ဆရာေတာ္ဟာ ဘုန္းႀကီးေက်ာင္းအတြင္းမွာ လြန္ခဲ့တဲ့ ၈ ႏွစ္ေက်ာ္ကတည္းက အသုံးမျပဳေတာ့တဲ့ ေရတြင္းႏႈတ္ခမ္းေဘာင္ မ်က္ႏွာျပင္ အထူ ၈ လက္မ၊

ေရတြင္းမ်က္ႏွာျပင္အက်ယ္ ၅ ေပ ၊ ေျမျပင္ဘက္ မွ အျမင့္ ၂ ေပနဲ႕ ၆ လက္မ ၊ ေျမျပင္ကေန ေရမ်က္ႏွာျပင္အထိ အနက္ ၁၆ ေပ ၊ ေရအနက္ ၈ ေပရွိတဲ့ ေရတြင္းထဲကို ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

” ဘုန္းႀကီးကေန႕တိုင္း အဲ့ဒီ ေရတြင္းေဘာင္ေပၚထိုင္ၿပီး ဖုန္းေျပာေလ့ရွိတယ္၊ ဘုန္းႀကီးက ေသြးတိုးနဲ႕ ႏွလုံးေရာဂါအခံရွိတယ္ “လို႔ ဘုန္းႀကီးရဲ႕ တူေတာ္စပ္သူ ေမာင္ၿငိမ္းခ်မ္းက ေျပာပါတယ္။

ေရတြင္းထဲကေန ၂ ရက္ၾကာၿပီးမွ ေတြ႕ရွိရတဲ့ ဘုန္းႀကီးရဲ႕ ႐ုပ္အေလာင္းကို ဆယ္ယူၿပီေနာက္ ေက်ာင္းကုန္းၿမိဳ႕ ျပည္သူ႕ေဆး႐ုံႀကီးဆီ ပို႔ေဆာင္ခဲ့ရာ ေဆး႐ုံက PR အမွတ္- ၃၂/၂၀၂၀ အရ လက္ခံၿပီး စစ္ေဆးခဲ့ပါတယ္။

ဒါ့အျပင္ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၇ / ၂၀၂၀ အရ စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။