International News

ထိုင်းနိုင်ငံတွင် လှောင်ကန်ထဲဆင်းသည့် မြန်မာလုပ်သား ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး

Unicode

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းခရိုင်ထဲမှာ ဒီဇင်ဘာ ၂၉ ရက်မနက်က လှောင်ကန်ထဲ ဆင်းသွားတဲ့ မြန်မာအလုပ်သမားတွေ အောက်ဆီဂျင်ပြတ်ပြီး ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာ ရသွားတယ်လို့  ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ချချိန်းဆောင်းမြို့ နခွန်းနိန်းခေတ်ရပ်ကွက်ထဲရှိ စက္ကူရီ ဆိုင်ကယ်လ်စက်ရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး  မနေ့ မနက် ၁၁ နာရီလောက်က အသက် ၂၀ နှစ်ရွယ်ရှိ အလုပ်သမားတစ်ယောက်က လှောင်ကန်တိုင်ကီပေါ်တက်ပြီး တိုင်ကီထဲပြုတ်ကျသွားတဲ့ ပိုက်လုံးကို ဆင်းဆယ်ခဲ့တာပါ။

အဆိုပါအလုပ်သမားဟာ  တိုင်ကီအောက်ခြေရောက်သွားတဲ့အခါ သတိမေ့လဲကျသွားလို့ နောက်ထပ် လုပ်ဖော်ကိုင်ဘက်အလုပ်သမား ၂ ယောက်က သူ့ကို ကယ်ဆယ်ဖို့ လိုက်ဆင်းသွားစဉ်  သူတို့လည်း သတိမေ့သွားကြတယ်လို့  မျက်မြင်သက်သေ အလုပ်သမား တစ်ယောက်က သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီနောက် နောက်ထပ်အလုပ်သမားတစ်ယောက်က သူတို့ကို  ကယ်ထုတ်ဖို့ လှောင်ကန် အောက်ခြေအပြင်ဘက်ကနေ လွှနဲ့ဖြတ်ဖောက်လိုက်ကြောင်း၊ ပေါက်သွားတဲ့ လှောင်ကန်နံရံကို ဖွင့်ဟလိုက်ရာမှာ အဆိုပါအလုပ်သမားလည်း မေ့လဲသွားတယ်လို့ ဆိုပါတယ်။ 

ကံအားလျော်စွာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီရောက်လာလို့ အပြင်ဘက်ကအ လုပ်သမားက  အသက်ဘေးကလွတ်ခဲ့ပေမယ့် အထဲက ၃ ယောက်ကတော့ သေဆုံးသွားပါတယ်။ 

အဆိုပါ လှောင်ကန်တိုင်ကီကြီးမှာ အမြင့် ၆ မီတာခန့်ရှိပြီး စက္ကူစက်က ထွက်လာတဲ့ အမှိုက်တွေ စွန့်ပြစ်ရာလှောင်ကန်ဖြစ်ကြောင်း၊ အဖုံးမရှိတဲ့အတွက် မိုးရေတွေက ခါးလောက်ထိ အိုင်နေတယ်လို့ စက်ရုံအလုပ်သမားတစ်ယောက်က ပြောပါတယ်။ 

နယ်မြေခံရဲတပ်ဖွဲ့ကတော့ အဆိုပါတိုင်ကီထဲမှာ အဆိပ်သင့်ဓာတ်ငွေ့ ဒါမှမဟုတ် စွန့်ပစ်စက္ကူက ဓာတုပစ္စည်းတွေ အ‌ငွေ့ပျံပြီး အပေါ်ရောက်လာလို့ အောက်စီဂျင်ပြတ်မှုဖြစ်ပြီး အလုပ်သမားတွေ အသက်ရှူလို့မရတော့လို့ သေဆုံးကြတာလို့ ခန့်မှန်းပြောဆိုပါတယ်။ 

သေဆုံးသွားတဲ့ အလုပ်သမား ၃ ဦးမှာ အသက် ၂၀ နှစ်၊ ၃၀ နှစ် နဲ့ ၃၂ အရွယ်ရှိပြီး မြန်မာအလုပ်သမားတွေဖြစ်ကြောင်း သူတို့အလောင်းကို ထပ်မံဓာတ်ခွဲစစ်ဆေးဖို့အတွက် ချချိန်းဆောင်းခရိုင်  ဖုတ်ထဆိုထွဏ်းဆေးရုံကြီးကို ပို့ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဓာတ်ပုံ- Police THAI TV
Credit DVB TV news

Zawgyi

ထိုင္းနိုင္ငံအလယ္ပိုင္း၊ ခ်ခ်ိန္းေဆာင္းခရိုင္ထဲမွာ ဒီဇင္ဘာ ၂၉ ရက္မနက္က ေလွာင္ကန္ထဲ ဆင္းသြားတဲ့ ျမန္မာအလုပ္သမားေတြ ေအာက္ဆီဂ်င္ျပတ္ၿပီး ၃ ေယာက္ေသဆုံးကာ ၁ ေယာက္ ဒဏ္ရာ ရသြားတယ္လို႔  ခ်နယ္လ္ ၈ ထိုင္းတီဗြီသတင္းမွာ ေဖာ္ျပပါတယ္။

အဆိုပါ အလုပ္သမားေတြဟာ ခ်ခ်ိန္းေဆာင္းၿမိဳ႕ နခြန္းနိန္းေခတ္ရပ္ကြက္ထဲရွိ စကၠဴရီ ဆိုင္ကယ္လ္စက္႐ုံမွာ အလုပ္လုပ္ေနတာျဖစ္ၿပီး  မေန႕ မနက္ ၁၁ နာရီေလာက္က အသက္ ၂၀ ႏွစ္႐ြယ္ရွိ အလုပ္သမားတစ္ေယာက္က ေလွာင္ကန္တိုင္ကီေပၚတက္ၿပီး တိုင္ကီထဲျပဳတ္က်သြားတဲ့ ပိုက္လုံးကို ဆင္းဆယ္ခဲ့တာပါ။

အဆိုပါအလုပ္သမားဟာ  တိုင္ကီေအာက္ေျခေရာက္သြားတဲ့အခါ သတိေမ့လဲက်သြားလို႔ ေနာက္ထပ္ လုပ္ေဖာ္ကိုင္ဘက္အလုပ္သမား ၂ ေယာက္က သူ႕ကို ကယ္ဆယ္ဖို႔ လိုက္ဆင္းသြားစဥ္  သူတို႔လည္း သတိေမ့သြားၾကတယ္လို႔  မ်က္ျမင္သက္ေသ အလုပ္သမား တစ္ေယာက္က သတင္းေထာက္ကို ေျပာပါတယ္။ 

အဲဒီေနာက္ ေနာက္ထပ္အလုပ္သမားတစ္ေယာက္က သူတို႔ကို  ကယ္ထုတ္ဖို႔ ေလွာင္ကန္ ေအာက္ေျခအျပင္ဘက္ကေန လႊနဲ႕ျဖတ္ေဖာက္လိုက္ေၾကာင္း၊ ေပါက္သြားတဲ့ ေလွာင္ကန္နံရံကို ဖြင့္ဟလိုက္ရာမွာ အဆိုပါအလုပ္သမားလည္း ေမ့လဲသြားတယ္လို႔ ဆိုပါတယ္။ 

ကံအားေလ်ာ္စြာ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ အခ်ိန္မီေရာက္လာလို႔ အျပင္ဘက္ကအ လုပ္သမားက  အသက္ေဘးကလြတ္ခဲ့ေပမယ့္ အထဲက ၃ ေယာက္ကေတာ့ ေသဆုံးသြားပါတယ္။ 

အဆိုပါ ေလွာင္ကန္တိုင္ကီႀကီးမွာ အျမင့္ ၆ မီတာခန႔္ရွိၿပီး စကၠဴစက္က ထြက္လာတဲ့ အမွိုက္ေတြ စြန႔္ျပစ္ရာေလွာင္ကန္ျဖစ္ေၾကာင္း၊ အဖုံးမရွိတဲ့အတြက္ မိုးေရေတြက ခါးေလာက္ထိ အိုင္ေနတယ္လို႔ စက္႐ုံအလုပ္သမားတစ္ေယာက္က ေျပာပါတယ္။ 

နယ္ေျမခံရဲတပ္ဖြဲ႕ကေတာ့ အဆိုပါတိုင္ကီထဲမွာ အဆိပ္သင့္ဓာတ္ေငြ႕ ဒါမွမဟုတ္ စြန႔္ပစ္စကၠဴက ဓာတုပစၥည္းေတြ အ‌ေငြ႕ပ်ံၿပီး အေပၚေရာက္လာလို႔ ေအာက္စီဂ်င္ျပတ္မႈျဖစ္ၿပီး အလုပ္သမားေတြ အသက္ရႉလို႔မရေတာ့လို႔ ေသဆုံးၾကတာလို႔ ခန႔္မွန္းေျပာဆိုပါတယ္။ 

ေသဆုံးသြားတဲ့ အလုပ္သမား ၃ ဦးမွာ အသက္ ၂၀ ႏွစ္၊ ၃၀ ႏွစ္ နဲ႕ ၃၂ အ႐ြယ္ရွိၿပီး ျမန္မာအလုပ္သမားေတြျဖစ္ေၾကာင္း သူတို႔အေလာင္းကို ထပ္မံဓာတ္ခြဲစစ္ေဆးဖို႔အတြက္ ခ်ခ်ိန္းေဆာင္းခရိုင္  ဖုတ္ထဆိုထြဏ္းေဆး႐ုံႀကီးကို ပို႔ထားတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ 

ဓာတ္ပုံ- Police THAI TV
Credit DVB TV news