ဗဟုသုတ
၂၀၂၁ အတွက် ရာသီခွင်အလိုက် ကံအကောင်းဆုံးလများ
Unicode
၂၀၂၁ အတွက် ရာသီခွင်အလိုက် ကံအကောင်းဆုံးလများ
နှစ်သစ်အစကူးပြောင်းတော့မယ့် 2021 ကာလမှာတော့ နှစ်ဟောင်းက စိတ်ညစ်စရာတွေ ၊ စိုးရိမ်မှုတွေကိုထားခဲ့ပြီး ခြေလှမ်းသစ်တွေစတင်ဖို့ စိတ်ကိုပြင်ဆင်ထားသင့်ပါပြီ။ ဒီနှစ်မှာလည်း လူတိုင်းမျှော်လင့်နေသလို လုပ်သမျှအရာရာ အဆင်ပြေမယ့် ကံကောင်းခြင်းလလေးတွေလည်း ရှိနေပါတယ်။ ရာသီခွင်အလိုက် 2021 မှာ ခြေလှမ်းအသစ်တွေ စတင်သင့်တဲ့ ကံအကောင်းဆုံးလတွေကတော့
Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ
Aries လေးတွေကတော့ နှစ်စတာနဲ့ ကံကောင်းခြင်းတွေစတင်ပါပြီ။ 2021 January လကစပြီးတော့ သင့်ရဲ့ အလုပ်အကိုင်၊ အချစ်ရေးအားလုံး အကောင်းဘက်ကိုဦးတည်လာမှာပါ။
Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ
Taurus လေးတွေကတော့ Aries နဲ့ပြောင်းပြန် ပါ။ သူတို့အတွက် ကံကောင်းမယ့်လကတော့ နှစ်အကုန် December လလောက်မှာပါ။ ဒါပေမယ့် တစ်နှစ်လုံးစောင့်ခဲ့ရတာနဲ့ တန်လောက်အောင်ကို ကံတွေပွင့်လာမှာဖြစ်ပြီး တစ်နှစ်လုံး ခက်ခဲခဲ့သမျှအရာတွေအားလုံးအတွက် ထိုက်တန်တဲ့ဆုကြေးအပြည့်အဝရရှိမှာပါ။
Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ
August လကတော့ Gemini တွေအတွက် ကံအကောင်းဆုံးလဖြစ်မှာပါ။စိုးရိမ်ပူပန်မှုတွေအားလုံး ကင်းစင်သွားမယ့်လဖြစ်ပြီးတော့ အဆိုးတွေ ပြေးပြီး အကောင်းတွေချည်း လက်ဝယ်ပိုင်ဆိုင်ရမယ့် လလေးပါ။
Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ
Cancer လေးတွေအတွက် ကံကောင်းမှုတွေ ရဖို့တော့ September လအထိစောင့်ရမှာပါ။ ဒီလရောက်ရင်တော့ တစ်နှစ်လုံးကိုယ်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ကြည့်ပါ။ မုချအောင်မြင်မှာပါ။
Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ
February လကတော့ Leo တွေအတွက် ကံပွင့်မယ့်လပါ။ တနှစ်လုံးမှာ အတိုဆုံးလဖြစ်ပေမယ့် သင့်အတွက်တော့ ထိုက်တန်တဲ့ ကံကောင်းမှုမျိုး ယူဆောင်လာပေးမှာပါ။
Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ
ဒီနှစ်မှာတော့ Virgo လေးတွေက Gemini နဲ့ ကံကောင်းခြင်းလတိုက်ဆိုင်ပါတယ်။ August လပါ။ သင့်ရဲ့ ပင်ကိုယ်အရည်အချင်း၊ သဘာဝကို သေချာပြန်သိမြင်သွားပြီး ကိုယ့်ရဲ့အားသာချက်တွေကို အကောင်းဆုံး အသုံးချနိုင်မယ့်လလေးပါ။
Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ
Libra တွေအတွက်ကတော့ April လက သင့်အတွက် ပျော်ရွှင်စရာအကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ယူဆောင်လာပေးမှာပါ။
Scorpio: အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ
October လမှာတော့ မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ စိတ်ကူးအိပ်မက်တွေကိုပါ အကောင်အထည်ဖော်နိုင်မယ့် ရာသီခွင်တွေကတော့ Scorpio ပါ။
Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ
Sagittarius လေးတွေအတွက်တော့ January လက ကံအကောင်းဖြစ်မှာပါ။ နှစ်သစ် ၊ စိတ်သစ် လူသစ် ၊ အောင်မြင်မှုအသစ်တွေနဲ့အတူ ကံကောင်းခြင်းတွေက သင့်ကိုစောင့်ကြိုနေမှာပါ။
Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ
Capricorn တွေအတွက် ရည်ရွယ်ထားတဲ့ပန်းတိုင်ကို ရောက်စေမယ့် ကံအကောင်းဆုံးလလေးကတော့ September ပါ။ Saturn နဲ့ Mars ဂြိုလ်တို့ပေါင်းစုံပြီး သင်အောင်မြင်ဖို့လိုအပ်တဲ့ စိတ်ခွန်အားတွေအပြည့်အဝရရှိမှာပါ။
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေေဖော်ဝါရီ ၁၈ ရက်နေ့ထိ
November လမှာကံကောင်းမယ့်သူတွေကတော့ Aquarius ပါ။ ဒီလတွေမှာ ကိုယ့်ကိုယ်ကို ချစ်ခြင်းရဲ့ အရေးပါမှုကိုအပြည့်အဝနားလည်ပြီး ယုံကြည်ချက်တွေနဲ့ စိတ်ခွန်အားတွေတောက်လောင်မယ့်လပါပဲ
Pisces: ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ
2021 ရဲ့ December နောက်ဆုံးပိတ်လမှာ အိတ်နဲ့လွယ်ပြီး ကံကောင်းခြင်းတွေရော အခွင့်အလမ်းအသစ်တွေရော ရရှိမယ့် သူတွေကတော့ Pisces ပါ။ ကိုယ့်ကိုယ်ကို သိမြင်ပြီး အရင်က ခက်ခဲခဲ့တဲ့ အရာတွေ ၊ ပြဿနာတွေပါ ရှင်းလင်းသွားမှာပါ။
credit AuntyMay
Zawgyi
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ
credit AuntyMay