ဗဟုသုတ

ထီထိုးသူ တိုင်း သိထား ဖို့..ထီလက်မှတ်တစ်ဆောင်ကို ထီ နှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်)

Unicode

ထီ လက်မှတ်တစ်စောင်က (၅)သောင်းဆု နှစ်ခါပေါက်တာ တစ်သိန်းထုတ်မပေးတဲ့ထီဆိုင်။

ယခု ပုံပါထီလက်မှတ် ၁၀ စောင်သည် ၅သောင်းဆုတွင် ၂ ခါ ပြန် ပါသည့်အတွက် ထီလက်မှတ် ၁ စောင်တည်းဖြင့် ၅သောင်း၂ဆု =၁သိန်း ၁ဝစောင်ဆိုလျှင် ၁၀ သိန်းရရှိမှာဖြစ်ပါတယ်။

ပဲခူးမြို့ပေါ် ရှိ ထီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းကောင်မလေးတစ်ဦးက ယခုဖော်ပြပါ ထီလက်မှတ်ကို ၅သောင်း ၁၀ ဆု= ၅သိန်း ပဲ ရရှိမည်ဟု ထီပေါက်သူ အစ်ကို ၂ ဦးအား ပြောပါတယ်တဲ့။

ကျနော့် ဆီကို ထီပေါက်သူ အစ်ကို နှစ်ဦးလာရောက် ပြောကြား၍ ကျနော်က ၁ဝသိန်းရရှိမှာဖြစ်ကြောင်း ရှင်းပြလိုက်ရပါသည်။

ထီဆိုင်က အရောင်းဝန်ထမ်းကောင်မလေးကို ထို အစ်ကိုနှစ်ဦးက ထပ်မံမေးမြန်းရာ ထီပေါက်စဉ်မှာ နှစ်ခါ ရိုက်မိကြောင်းနှင့် မိမိတို့ ပင်ရင်းဆိုင်မှာသာ သွားထုတ်လိုက်ပါဟု လမ်းညွှန်ပြန်တယ်။

ထိုအစ်ကိုနှစ်ဦး အကူညီတောင်းခံမှုကြောင့် ယခုပုံပါ ထီပေါက်လက်မှတ် ၅သောင်း ၂ဝဆု =၁ဝသိန်းကို ထုတ်ပေးလိုက်ရပါတယ်။

ထီလက်မှတ်တစ်စောင်က ဆုမဲ ဂဏန်းတွေ ထပ်နေပါစေအကြိမ်ကြိမ် ထပ်ခါထပ်ခါ ပေါက်ခွင့်ရှိပါတယ်(ဥပမာ.မိမိထိုးထားတဲ့ ထီလက်မှတ်က သိန်း ၁သောင်းမှာရော.နောက်ထပ် သိန်း ၅ထောင်မှာရော အကုန်တူနေပါက နှစ်ထပ်ကွမ်း သိန်း ၁သောင်း ၅ထောင် ရရှိမှာပါ)

အဲ့ဒါတွေကို ထီဆိုင်က ဝန်ထမ်းကောင်မလေးတွေက မသိတာလား တမင် မသိချင်ယောင်ဆောင်နေသလား ထီဆိုင်နာမည်ကိုတော့ လူမှုရေးသဘောအရ မတင်တော့ပါဘူး။

Creidt:ကိုလင်းထွဋ်(မင်္ဂလာရွှေမောင်း)

Zawgyi








