ဗဟုသုတ

သေဆုံးသွားတဲ့အခါ သမီးလေး ကြောက်နေမှာဆိုးလို့ ကျင်းတူးပြီး သွေးရောဂါသည် သမီးလေးနဲ့ အတူဆော့ပေးနေတဲ့ ဖခင်

Unicode

ချစ်ပရိသတ်ကြီးရေ ယခုပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ဖခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်စရာအကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ တရုတ်နိုင်ငံ Neijiang မှာ နေထိုင်တဲ့ Zhang အမည်ရှိ အမျိုးသားမှာ သနားစရာ ​၂ နှစ်သမီးလေး တစ်ဦးရှိပါတယ်။

သမီးလေး Zhang Xunlei ဟာ မွေးပြီး ၂ လအကြာပဲ သွေးနဲ့ပတ်သတ်တဲ့ သာယာစီမီးယားရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သမီးလေးခံစားနေရတဲ့ သွေးရောဂါဟာ ဆေးပညာအရ Stage အမျိုးမျိုးရှိပြီး ကုသဖို့အတွက်လည်း အရမ်းကိုခက်ခဲပါတယ်။ အဆိုပါ သွေးရောဂါဟာ

သမီးလေးအတွက် နောက်ဆုံးအဆင့်ဖြစ်နေခဲ့ပြီး မကြာခင်မှာ အချိန်မရွေး အသက်သေဆုံးနိုင်ပါတယ်။ သမီးလေးရဲ့ ဖခင်ဖြစ်သူ Zhang ဟာ လယ်လုပ်တဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီး အချိန်မရွေး သေဆုံးတော့မယ့် သူ့ချစ်ရတဲ့ သမီးလေးအတွက် သုဿာန်ကျဥ်းတူးကာ ကစားကွင်းအဖြစ်ဖန်တီးပေးပြီး

သမီးလေးကို သေမင်းနဲ့ ရင်းနီးအောင် ပြုလုပ်ပေးထားခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးလေးအတွက် နေ့တိုင်းပျော်ရွှင်စရာတွေ ဖန်တီးပေးပြီး သူကစားကွင်းအဖြစ် ဖန်တီးပေးထားတဲ့ ကျဥ်းလေးထဲမှာ ဝင်ရောက်ဆော့ကစားခဲ့ကြပါတယ်။ ဖခင်ဖြစ်သူရဲ့ ဒီလိုလုပ်ပေးရခြင်း ရည်ရွယ်ချက်ဟာ မကြာခင်

အနာဂတ်မှာ ထာဝရ လဲလျောင်းရတော့မယ့် အိမ်လေးနဲ့ ရင်းနီးစေဖို့ လို့ ပြောပြထားပါတယ်။ သမီးလေးရဲ့ သာလာစီမီးယား သွေးရောဂါဟာ ကုသဖို့အတွက် (ယွမ် ၁ သန်း) ငွေကြေးအမြောက်အမြားကုန်ကျခဲ့ပြီး အဆိုပါ သွေးရောဂါ အခြေနေဟာ တိုးတတ်ပြောင်းလဲလာခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် သမီးလေးရဲ့ ကိုယ်ခံအားကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နေရဖို့အချိန်ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလို့လာခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း လယ်သမားဖြစ်တဲ့အတွက် သူပိုင်ဆိုင်ရာအားလုံး ကုန်လုစဲစဲ ဖြစ်နေခဲ့ပါတယ်။ သမီးလေးခံစားနေရတဲ့ သွေးရောဂါဟာ သွေးကင်ဆာကဲ့သို့

သွေးခဏခဏ သွင်းပေးနေရပြီး ကုသဖို့ အရမ်းခက်ခဲပါတယ်။ minor အဆင့်လေးမှာတောင် သမီးလေးဟာ ဆေးတွေ အများအပြားသောက်ခဲ့ရပြီး တက်ရောက်ခဲ့ရတဲ့ ဆေးရုံတွေကလည်း အတော်များများကို တက်ခဲ့ရပါတယ်။ သို့ပေမယ့် သမီးလေးရဲ့ အခြေနေကတော့ ဘာမှတိုးတတ်မလာခဲ့ပါဘူး။

ဒီသာလာစီမီးယား သွေးရောဂါဟာ ဆရာဝန်တွေ ပြောပြချက်အရ ငွေကြေးအကုန်ကျ အရမ်းများပြီး အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်မျိုး လို့ ပြောပြထားပါတယ်။ မိဘမေတ္တာဆိုတာ သားသမီးအတွက်ဆို ငွေကြေးဆိုတာလည်းအရေးမကြီးတော့သလို ကိုယ့်ကိုယ်ကိုတောင် အနစ်နာခံပြီး ချစ်ခင်ပေးကြတာပါ။

ဒီသားအဖ နှစ်ယောက်လုံးအတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဖခင်ကလည်း သူ့ချစ်သမီးလေးကို အရမ်းချစ်တာကြောင့်လည်း သူ့သမီးလေးနဲ့ ထာဝရအိမ်လေးကို ရင်းနီးနေအောင်တောင် ဖန်တီးပေးခဲ့တာဟာ တကယ်ကို ကြီးမားတဲ့မေတ္တာပါပဲ။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။
Credit

ေသဆုံးသြားတဲ့အခါ သမီးေလး ေၾကာက္ေနမွာဆိုးလို႔ က်င္းတူးၿပီး ေသြးေရာဂါသည္ သမီးေလးနဲ႕ အတူေဆာ့ေပးေနတဲ့ ဖခင္

ခ်စ္ပရိသတ္ႀကီးေရ ယခုေျပာျပသြားမယ့္ အေၾကာင္းအရာေလးကေတာ့ ဖခင္ျဖစ္သူအတြက္ စိတ္မေကာင္းျဖစ္စရာအေၾကာင္းေလးပဲ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ေလးဟာ တ႐ုတ္နိုင္ငံ Neijiang မွာ ေနထိုင္တဲ့ Zhang အမည္ရွိ အမ်ိဳးသားမွာ သနားစရာ ​၂ ႏွစ္သမီးေလး တစ္ဦးရွိပါတယ္။

သမီးေလး Zhang Xunlei ဟာ ေမြးၿပီး ၂ လအၾကာပဲ ေသြးနဲ႕ပတ္သတ္တဲ့ သာယာစီမီးယားေရာဂါ ခံစားေနရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ သမီးေလးခံစားေနရတဲ့ ေသြးေရာဂါဟာ ေဆးပညာအရ Stage အမ်ိဳးမ်ိဳးရွိၿပီး ကုသဖို႔အတြက္လည္း အရမ္းကိုခက္ခဲပါတယ္။ အဆိုပါ ေသြးေရာဂါဟာ

သမီးေလးအတြက္ ေနာက္ဆုံးအဆင့္ျဖစ္ေနခဲ့ၿပီး မၾကာခင္မွာ အခ်ိန္မေ႐ြး အသက္ေသဆုံးနိုင္ပါတယ္။ သမီးေလးရဲ႕ ဖခင္ျဖစ္သူ Zhang ဟာ လယ္လုပ္တဲ့ လယ္သမားတစ္ေယာက္ျဖစ္ၿပီး အခ်ိန္မေ႐ြး ေသဆုံးေတာ့မယ့္ သူ႕ခ်စ္ရတဲ့ သမီးေလးအတြက္ သုႆာန္က်ဥ္းတူးကာ ကစားကြင္းအျဖစ္ဖန္တီးေပးၿပီး

သမီးေလးကို ေသမင္းနဲ႕ ရင္းနီးေအာင္ ျပဳလုပ္ေပးထားခဲ့ပါတယ္။ ဖခင္ျဖစ္သူဟာ သမီးေလးအတြက္ ေန႕တိုင္းေပ်ာ္႐ႊင္စရာေတြ ဖန္တီးေပးၿပီး သူကစားကြင္းအျဖစ္ ဖန္တီးေပးထားတဲ့ က်ဥ္းေလးထဲမွာ ဝင္ေရာက္ေဆာ့ကစားခဲ့ၾကပါတယ္။ ဖခင္ျဖစ္သူရဲ႕ ဒီလိုလုပ္ေပးရျခင္း ရည္႐ြယ္ခ်က္ဟာ မၾကာခင္

အနာဂတ္မွာ ထာဝရ လဲေလ်ာင္းရေတာ့မယ့္ အိမ္ေလးနဲ႕ ရင္းနီးေစဖို႔ လို႔ ေျပာျပထားပါတယ္။ သမီးေလးရဲ႕ သာလာစီမီးယား ေသြးေရာဂါဟာ ကုသဖို႔အတြက္ (ယြမ္ ၁ သန္း) ေငြေၾကးအေျမာက္အျမားကုန္က်ခဲ့ၿပီး အဆိုပါ ေသြးေရာဂါ အေျခေနဟာ တိုးတတ္ေျပာင္းလဲလာျခင္း မရွိခဲ့ပါဘူး။

ဒါ့အျပင္ သမီးေလးရဲ႕ ကိုယ္ခံအားကလည္း တျဖည္းျဖည္း က်ဆင္းလာခဲ့ၿပီး ေနရဖို႔အခ်ိန္ဟာ တျဖည္းျဖည္းနဲ႕ ကုန္ဆုံးလို႔လာခဲ့ပါတယ္။ ဖခင္ျဖစ္သူကလည္း လယ္သမားျဖစ္တဲ့အတြက္ သူပိုင္ဆိုင္ရာအားလုံး ကုန္လုစဲစဲ ျဖစ္ေနခဲ့ပါတယ္။ သမီးေလးခံစားေနရတဲ့ ေသြးေရာဂါဟာ ေသြးကင္ဆာကဲ့သို႔

ေသြးခဏခဏ သြင္းေပးေနရၿပီး ကုသဖို႔ အရမ္းခက္ခဲပါတယ္။ minor အဆင့္ေလးမွာေတာင္ သမီးေလးဟာ ေဆးေတြ အမ်ားအျပားေသာက္ခဲ့ရၿပီး တက္ေရာက္ခဲ့ရတဲ့ ေဆး႐ုံေတြကလည္း အေတာ္မ်ားမ်ားကို တက္ခဲ့ရပါတယ္။ သို႔ေပမယ့္ သမီးေလးရဲ႕ အေျခေနကေတာ့ ဘာမွတိုးတတ္မလာခဲ့ပါဘူး။

ဒီသာလာစီမီးယား ေသြးေရာဂါဟာ ဆရာဝန္ေတြ ေျပာျပခ်က္အရ ေငြေၾကးအကုန္က် အရမ္းမ်ားၿပီး အသက္အ႐ြယ္မေ႐ြး ျဖစ္နိုင္တဲ့ ေရာဂါတစ္မ်ိဳး လို႔ ေျပာျပထားပါတယ္။ မိဘေမတၱာဆိုတာ သားသမီးအတြက္ဆို ေငြေၾကးဆိုတာလည္းအေရးမႀကီးေတာ့သလို ကိုယ့္ကိုယ္ကိုေတာင္ အနစ္နာခံၿပီး ခ်စ္ခင္ေပးၾကတာပါ။

ဒီသားအဖ ႏွစ္ေယာက္လုံးအတြက္ေတာ့ တကယ္ကို စိတ္မေကာင္းျဖစ္ရပါတယ္။ ဖခင္ကလည္း သူ႕ခ်စ္သမီးေလးကို အရမ္းခ်စ္တာေၾကာင့္လည္း သူ႕သမီးေလးနဲ႕ ထာဝရအိမ္ေလးကို ရင္းနီးေနေအာင္ေတာင္ ဖန္တီးေပးခဲ့တာဟာ တကယ္ကို ႀကီးမားတဲ့ေမတၱာပါပဲ။

ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ြင္တဲ့ ေန႕ရက္ေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။
Credit