ဗဟုသုတ

အသက် ၂၄ နှစ်ပြည့်ပြီး နောက်ပိုင်း လုံး၀ မလုပ်သင့်တော့တဲ့ အရာများ

Unicode

အသက် ၂၄ နှစ်ပြည့်ပြီး နောက်ပိုင်း လုံး၀ မလုပ်သင့်တော့တဲ့ အရာများ

၁။ အပေါစားအဝတ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ

လူငယ်ဘာသာသဘာ၀ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့လူငယ်တစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကို မလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး

လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။

တစ်လနှစ်ခါလောက် အဝတ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အဝတ်အစားမျိုးဝယ်ပါ။

၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ

ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘဝလက်တွဲဖော်ဆီက ဘယ်လိုအချက်တွေလိုချင်လဲဆိုတာ ချရေးပါ။

အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကို ကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုးပါနဲ့။

ကိုယ့်ကိုမပျော်ရွှင်စေတဲ့လူနဲ့ အတူရှိနေမယ့်အစား Single ဘဝကို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြီး ဖြတ်သန်းကြည့်စမ်းပါ။

၃။ လူတွေရဲ့ အထင်အမြင်တွေကို အရမ်းဂရုစိုက်လွန်းနေတာကို ရပ်တန်းကရပ်ပါ

ကိုယ့်ကိုလူတွေဘယ်လိုထင်မြင်မလဲဆိုတာကို ဂရုစိုက်တတ်တာ လူ့သဘာဝပါ။ တချို့ဆို အဲဒီလို သူများကို ဂရုစိုက်ရင်းနဲ့ ကိုယ့်ဘဝရည်မှန်းချက်တွေကို စတေးလိုက်ရတာတွေတောင်ရှိတယ်။

ဥပမာ ဆေးကုရတာလုံး၀ ဝါသနာမပါတဲ့သူ။ ဒါပေမဲ့ ကိုယ်တိုင်ကရော..ကိုယ့်အသိုင်းအဝိုင်းကပါ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလိုချင်တော့ ၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို လိုချင်တော့ မချစ်သော်လည်း အောင့်ကာနမ်းနေရတာတွေရှိတယ်။

လူ့ဘဝကြီးက တိုတောင်းပါတယ်။ ကိုယ့်ရင်ထဲက နှစ်နှစ်ကာကာဖြစ်ချင်တာကိုလုပ်ပါ။ တပါးသူတွေရဲ့ထင်မြင်ယူဆချက်တွေကို လျစ်လျူရူပြီး ကိုယ်တကယ်လုပ်ချင်တာကိုပဲ ဦးစားပေးလုပ်ပါ။

၄။ မိဘတွေကို အပြစ်တင်တာကိုရပ်ပါ

ငါ့မိဘက မချမ်းသာလို့ ငါ ကားကောင်းကောင်းမစီးရတာ။ ငါ့မိဘက အရင်းအနှီးထုတ်မပေးနိုင်လို့ ငါ လစာနည်းနည်းနဲ့ သူများဝန်ထမ်းလုပ်နေရတာ။

အဲဒါတွေက ကိုယ့်မိဘလုပ်ပေးမှဖြစ်မှာလား။ ကိုယ့်ဘာသာကိုယ်ရော မဖန်တီးနိုင်ဘူးလား။ ငါ့မိဘတွေက ဘယ်သူဆိုတာထက် ငါက ဘယ်သူဆိုတာ လက်မထောင်ပြီးပြောနိုင်အောင် ကြိုးစားစမ်းပါ။

၅။ ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပူဆွေးနေရတာကို ရပ်တန့်ပါ

အခုပဲ ဝင်ငွေတိုးအောင်လုပ်နိုင်မယ့် နည်းလမ်းကိုစဉ်းစားပါ။ လစာတိုးအောင် လိုအပ်တဲ့သင်တန်းတွေတက်တာမျိုး ၊

ကိုယ်ကျွမ်းကျင်တဲ့အလုပ်တစ်ခုနဲ့ ချိန်ပိုင်းဝင်ငွေရအောင်လုပ်တာမျိုး စဉ်းစားကြည့်ပါ။ အခွင့်အရေးကို စောင့်မျှော်နေသူ ၊ အမြဲတမ်းကြံဆနေသူအတွက် အခွင့်အရေးက အမြဲတမ်း တံခါးလာခေါက်ပါတယ်။

၆။ လူတိုင်းအပေါ် အရမ်းကောင်းနေတာမျိုးကို ရပ်တန့်ပါ

တစ်ခါတလေ ပြုံးပြုံးရွှင်ရွှင်နဲ့ ငြင်းတတ်အောင်ကြိုးစားပါ။ ကိုယ်မအားတဲ့အချိန် အကူအညီတစ်ခုခုလာတောင်းတဲ့အခါ အကျိုးအကြောင်းပြောပြီး ငြင်းတတ်ပါစေ။

လူတကာလိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနေဖို့ သင့်မှာ တာဝန်မရှိပါဘူး။

၇။ အင်တာနက်မှာ အချိန်တွေအရမ်းဖြုန်းနေတာကို ရပ်တန့်ပါ

ခေတ်က နည်းပညာခေတ်ဆိုတော့ ကိုယ်အင်တာနက်မှ မသုံးရင် ခေတ်နောက်ကျမှာပေါ့။ မှန်ပါတယ်။ ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားသိတတ်ပါစေ။

၁၅ မိနစ်ခြားတစ်ခါလောက် အွန်လိုင်းပေါ်တက်ပြီး social media တွေကို စိတ်ဝင်တစားကြည့်မိနေပြီဆိုရင်တော့ သင်အချိန်ဖြုန်းတာပါ။

၈။ ကျန်းမာရေးကို လစ်လျူရူနေတာကို ရပ်တန်းကရပ်ပါ

လူလတ်ပိုင်းအရွယ်ကိုရောက်လာတဲ့အခါ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အချိန်တန်ပါပြီ။ ကျန်းမာကြံ့ခိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။

အနေအထိုင်ဆင်ခြင်ပါ။ ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်စလုပ်ပါတော့။

၉။ စည်းကမ်းမဲ့နေထိုင်တာကို ရပ်တန့်ပါ

ပိုက်ဆံအိတ်ဘယ်နားထားမိမှန်းမသိလို့ ရှာရပြန်ပြီလား။ သော့ပျောက်လို့ရှာရပြန်ပြီလား။ တစ်ညလုံး ကိုယ်အလုပ်လုပ်ထားတဲ့ဖိုင်တွဲကို အလုပ်သွားတော့ အိမ်မှာမေ့ကျန်ခဲ့ပြီလား။

သတိထားပြီး အရာရာကို စနစ်တကျလုပ်တတ်ကိုင်တတ်အောင်စတင် ကြိုးစားပါတော့။ စည်းစနစ်တကျနဲ့ နေ့စဉ်ဘဝကို ရင့်ကျက်တည်ငြိမ်စွာ စတင်ဖြတ်သန်းပါတော့။

Credit-Aung Ko Latt (ရာမညမွေ)

Zawgyi

အသက္ ၂၄ ႏွစ္ျပည့္ၿပီး ေနာက္ပိုင္း လုံး၀ မလုပ္သင့္ေတာ့တဲ့ အရာမ်ား

၁။ အေပါစားအဝတ္အစားေတြဝယ္တာကို ရပ္တန႔္လိုက္ပါ

လူငယ္ဘာသာသဘာ၀ ေျပာင္းလဲေနတဲ့ဖက္ရွင္ေရစီးေၾကာင္းနဲ႕အမီ သင္ဟာ ေပၚပင္ဖက္ရွင္ေတြေနာက္ကို လိုက္တဲ့လူငယ္တစ္ေယာက္ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

ဒါေပမဲ့ အသက္ ၂၄ ႏွစ္ေက်ာ္ၿပီဆိုရင္ေတာ့ ေပၚပင္ေတြေနာက္ကို မလိုက္ေတာ့ပဲ ကိုယ္နဲ႕အသင့္ေတာ္ဆုံးအလိုက္ဖက္ဆုံးျဖစ္ၿပီး

လုပ္ငန္းခြင္မွာလည္း အမ်ားေလးစားခံရၿပီး စတိုင္က်တဲ့သူျဖစ္ဖို႔ ကိုယ္ဝတ္ဆင္မယ့္ အဝတ္အစားေတြမွာ ရင္းႏွီးျမႇပ္ႏွံမႈကိုစတင္လိုက္ပါေတာ့။

တစ္လႏွစ္ခါေလာက္ အဝတ္အစားအသစ္ေတြဝယ္ဝတ္ေနမယ့္အစား အဲဒီပိုက္ဆံေတြကိုစုၿပီး ႏွစ္လတစ္ခါေလာက္မွဝယ္။ အရည္အေသြးေကာင္းၿပီး သင့္ကို စတိုင္က်ေစမယ့္ အဝတ္အစားမ်ိဳးဝယ္ပါ။

၂။ ကိုယ္နဲ႕မသင့္ေတာ္တဲ့ခ်စ္သူကို လက္တြဲျဖဳတ္ပါ

ကိုယ္နဲ႕မသင့္ေတာ္တဲ့သူဆိုတာ သိသိႀကီးနဲ႕ ကိုယ့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အကုန္မခံပါနဲ႕။ ကိုယ့္ဘဝလက္တြဲေဖာ္ဆီက ဘယ္လိုအခ်က္ေတြလိုခ်င္လဲဆိုတာ ခ်ေရးပါ။

အဲဒါ သင္နဲ႕ထိုက္တန္တဲ့လူပါပဲ။ အသက္အ႐ြယ္ရလာလို႔ မရွိရွိတဲ့လူကို ႀကိတ္မွိတ္တြဲတာမ်ိဳးမလုပ္ပါနဲ႕။ ကိုယ္မေပ်ာ္႐ႊင္မွန္း သိရက္နဲ႕ အတင္းေရွ႕မတိုးပါနဲ႕။

ကိုယ့္ကိုမေပ်ာ္႐ႊင္ေစတဲ့လူနဲ႕ အတူရွိေနမယ့္အစား Single ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လြတ္လြတ္လပ္လပ္ႀကီး ျဖတ္သန္းၾကည့္စမ္းပါ။

၃။ လူေတြရဲ႕ အထင္အျမင္ေတြကို အရမ္းဂ႐ုစိုက္လြန္းေနတာကို ရပ္တန္းကရပ္ပါ

ကိုယ့္ကိုလူေတြဘယ္လိုထင္ျမင္မလဲဆိုတာကို ဂ႐ုစိုက္တတ္တာ လူ႕သဘာဝပါ။ တခ်ိဳ႕ဆို အဲဒီလို သူမ်ားကို ဂ႐ုစိုက္ရင္းနဲ႕ ကိုယ့္ဘဝရည္မွန္းခ်က္ေတြကို စေတးလိုက္ရတာေတြေတာင္ရွိတယ္။

ဥပမာ ေဆးကုရတာလုံး၀ ဝါသနာမပါတဲ့သူ။ ဒါေပမဲ့ ကိုယ္တိုင္ကေရာ..ကိုယ့္အသိုင္းအဝိုင္းကပါ ဆရာဝန္ဆိုတဲ့ ဂုဏ္ပုဒ္ကိုလိုခ်င္ေတာ့ ၊ လူေတြရဲ႕ အထင္ႀကီးေလးစားမႈကို လိုခ်င္ေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းေနရတာေတြရွိတယ္။

လူ႕ဘဝႀကီးက တိုေတာင္းပါတယ္။ ကိုယ့္ရင္ထဲက ႏွစ္ႏွစ္ကာကာျဖစ္ခ်င္တာကိုလုပ္ပါ။ တပါးသူေတြရဲ႕ထင္ျမင္ယူဆခ်က္ေတြကို လ်စ္လ်ဴ႐ူၿပီး ကိုယ္တကယ္လုပ္ခ်င္တာကိုပဲ ဦးစားေပးလုပ္ပါ။

၄။ မိဘေတြကို အျပစ္တင္တာကိုရပ္ပါ

ငါ့မိဘက မခ်မ္းသာလို႔ ငါ ကားေကာင္းေကာင္းမစီးရတာ။ ငါ့မိဘက အရင္းအႏွီးထုတ္မေပးနိုင္လို႔ ငါ လစာနည္းနည္းနဲ႕ သူမ်ားဝန္ထမ္းလုပ္ေနရတာ။

အဲဒါေတြက ကိုယ့္မိဘလုပ္ေပးမွျဖစ္မွာလား။ ကိုယ့္ဘာသာကိုယ္ေရာ မဖန္တီးနိုင္ဘူးလား။ ငါ့မိဘေတြက ဘယ္သူဆိုတာထက္ ငါက ဘယ္သူဆိုတာ လက္မေထာင္ၿပီးေျပာနိုင္ေအာင္ ႀကိဳးစားစမ္းပါ။

၅။ ေငြေရးေၾကးေရးနဲ႕ ပတ္သတ္ၿပီး ပူေဆြးေနရတာကို ရပ္တန႔္ပါ

အခုပဲ ဝင္ေငြတိုးေအာင္လုပ္နိုင္မယ့္ နည္းလမ္းကိုစဥ္းစားပါ။ လစာတိုးေအာင္ လိုအပ္တဲ့သင္တန္းေတြတက္တာမ်ိဳး ၊

ကိုယ္ကြၽမ္းက်င္တဲ့အလုပ္တစ္ခုနဲ႕ ခ်ိန္ပိုင္းဝင္ေငြရေအာင္လုပ္တာမ်ိဳး စဥ္းစားၾကည့္ပါ။ အခြင့္အေရးကို ေစာင့္ေမွ်ာ္ေနသူ ၊ အၿမဲတမ္းႀကံဆေနသူအတြက္ အခြင့္အေရးက အၿမဲတမ္း တံခါးလာေခါက္ပါတယ္။

၆။ လူတိုင္းအေပၚ အရမ္းေကာင္းေနတာမ်ိဳးကို ရပ္တန႔္ပါ

တစ္ခါတေလ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ ျငင္းတတ္ေအာင္ႀကိဳးစားပါ။ ကိုယ္မအားတဲ့အခ်ိန္ အကူအညီတစ္ခုခုလာေတာင္းတဲ့အခါ အက်ိဳးအေၾကာင္းေျပာၿပီး ျငင္းတတ္ပါေစ။

လူတကာလိုအပ္ခ်က္ေတြကို လိုက္ျဖည့္ဆည္းေပးေနဖို႔ သင့္မွာ တာဝန္မရွိပါဘူး။

၇။ အင္တာနက္မွာ အခ်ိန္ေတြအရမ္းျဖဳန္းေနတာကို ရပ္တန႔္ပါ

ေခတ္က နည္းပညာေခတ္ဆိုေတာ့ ကိုယ္အင္တာနက္မွ မသုံးရင္ ေခတ္ေနာက္က်မွာေပါ့။ မွန္ပါတယ္။ ဒါေပမဲ့ အသုံးနဲ႕ အျဖဳန္းကို ခြဲျခားသိတတ္ပါေစ။

၁၅ မိနစ္ျခားတစ္ခါေလာက္ အြန္လိုင္းေပၚတက္ၿပီး social media ေတြကို စိတ္ဝင္တစားၾကည့္မိေနၿပီဆိုရင္ေတာ့ သင္အခ်ိန္ျဖဳန္းတာပါ။

၈။ က်န္းမာေရးကို လစ္လ်ဴ႐ူေနတာကို ရပ္တန္းကရပ္ပါ

လူလတ္ပိုင္းအ႐ြယ္ကိုေရာက္လာတဲ့အခါ ခႏၶာကိုယ္ကို ဂ႐ုစိုက္ဖို႔အခ်ိန္တန္ပါၿပီ။ က်န္းမာႀကံ့ခိုင္ဖို႔ သင့္ေတာ္ေကာင္းမြန္တဲ့ အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားသုံးပါ။

အေနအထိုင္ဆင္ျခင္ပါ။ က်န္းမာေရးေလ့က်င့္ခန္းေတြကိုလည္း ပုံမွန္စလုပ္ပါေတာ့။

၉။ စည္းကမ္းမဲ့ေနထိုင္တာကို ရပ္တန႔္ပါ

ပိုက္ဆံအိတ္ဘယ္နားထားမိမွန္းမသိလို႔ ရွာရျပန္ၿပီလား။ ေသာ့ေပ်ာက္လို႔ရွာရျပန္ၿပီလား။ တစ္ညလုံး ကိုယ္အလုပ္လုပ္ထားတဲ့ဖိုင္တြဲကို အလုပ္သြားေတာ့ အိမ္မွာေမ့က်န္ခဲ့ၿပီလား။

သတိထားၿပီး အရာရာကို စနစ္တက်လဳပ္တတ္ကိုင္တတ္ေအာင္စတင္ ႀကိဳးစားပါေတာ့။ စည္းစနစ္တက်နဲ႕ ေန႕စဥ္ဘဝကို ရင့္က်က္တည္ၿငိမ္စြာ စတင္ျဖတ္သန္းပါေတာ့။

Credit-Aung Ko Latt (ရာမညေမြ)