Local News

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်

Unicode

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်

မြန်မာနိုင်ငံရဲ့ပထမဆုံးသော ကိုဗစ်- ၁၉ ရောဂါကုသဆေးဝါးကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Pacific Medical Industries Ltd ကတရားဝင်အသိပေးခဲ့သည်။

Pacific Medical Industries Ltd (PMI) သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏

နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် တီတွင်ထုတ်လုပ်နိုင်ခဲ့ပါသည်။

ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်မူ ဖြစ်ပြီး အဆိုပါ ကိုဗစ်ကုသဆေး FAVIPAC(Favipiravir 200mg) သည် သောက်ဆေးဖြစ်ကြောင်းသိရသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ​၏ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်သည်။

FAVIPAC (Favipiravir 200mg)သောက်ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်သည်ဟု သိရသည်။

Credit Akonthi

Zawgyi

ျမန္မာနိုင္ငံတြင္ ပထမဦးဆုံး ကိုဗစ္ကုသေဆး ထုတ္လုပ္မႈ ေအာင္ျမင္

ျမန္မာနိုင္ငံရဲ႕ပထမဆုံးေသာ ကိုဗစ္- ၁၉ ေရာဂါကုသေဆးဝါးကို ေအာင္ျမင္စြာထုတ္လုပ္နိုင္ၿပီျဖစ္ေၾကာင္း ျပည္တြင္း ေဆးဝါးထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ Pacific Medical Industries Ltd ကတရားဝင္အသိေပးခဲ့သည္။

Pacific Medical Industries Ltd (PMI) သည္ Japan, Russia, China, India, Taiwan, ဥေရာပနိုင္ငံမ်ားႏွင့္ ေတာင္ေမရိကားနိုင္ငံမ်ား အပါအဝင္ နိုင္ငံအမ်ားအျပားတြင္ သုံးစြဲေနေသာ Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင္ငံျခားသား Research & Formulation Scientist မ်ား၊ Analytical Method Development Scientist မ်ား ႏွင့္ ျမန္မာ Pharmacist မ်ားပူးေပါင္းကာ PMIစက္႐ုံ၏ R & D Center တြင္ ျပည္ပမွတင္သြင္းလားေသာ raw material မ်ားအသုံးျပဳ၍ generic medicine အျဖစ္ တီတြင္ထုတ္လုပ္နိုင္ခဲ့ပါသည္။

ဤသို႔ FAVIPAC (Favipiravir 200mg) PMI စက္႐ုံတြင္ ထုတ္လုပ္မူသည္ ျမန္မာနိုင္ငံ၏ ပထမဦးဆုံး Covid19 ကပ္ေရာဂါ ကုသေဆးဝါးထုတ္လုပ္ ေအာင္ျမင္မူ ျဖစ္ၿပီး အဆိုပါ ကိုဗစ္ကုသေဆး FAVIPAC(Favipiravir 200mg) သည္ ေသာက္ေဆးျဖစ္ေၾကာင္းသိရသည္။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီး႒ာနသို႔ ေအာက္တိုဘာလဆန္းတြင္ Registration Sample & Registration Dossier အပ္ႏွံ၍ ေဆးဝါးမွတ္ပုံတင္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ယခုအခါ Myanmar FDA ၏ခြင့္ျပဳခ်က္ရရွိခဲ့ၿပီျဖစ္သည္။

FAVIPAC (Favipiravir 200mg)ေသာက္ေဆးကို Covid-19 ေရာဂါလကၡဏာ အနည္းငယ္ျပခ်ိန္မွစ၍ ေသာက္သုံးကုသျခင္းျဖင့္ အျမန္နလံထူလာနိုင္ျခင္း၊ အလြန္ဆိုး႐ြားေသာေရာဂါအဆင့္သို႔ ေရာက္ရွိျခင္းမွေလ်ာ့ခ်နိဳင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားစြာရရွိမွာျဖစ္သည္ဟု သိရသည္။

Credit Akonthi