International News

သေဆုံးသွားတဲ့အခါ သမီးလေး ကြောက်နေမှာဆိုးလို့ ကျင်းတူးပြီး သွေးရောဂါသည် သမီးလေးနဲ့ အတူဆော့ပေးနေတဲ့ ဖခင်

Unicode

ချစ်ပရိသတ်ကြီးရေ ယခုပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ဖခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်စရာအကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ တရုတ်နိုင်ငံ Neijiang မှာ နေထိုင်တဲ့ Zhang အမည်ရှိ အမျိုးသားမှာ သနားစရာ ၂ နှစ်သမီးလေး တစ်ဦးရှိပါတယ်။သမီးလေး Zhang Xunlei ဟာ မွေးပြီး ၂ လအကြာပဲ သွေးနဲ့ပတ်သတ်တဲ့ သာယာစီမီးယားရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သမီးလေးခံစားနေရတဲ့ သွေးရောဂါဟာ ဆေးပညာအရ Stage အမျိုးမျိုးရှိပြီး ကုသဖို့အတွက်လည်း အရမ်းကိုခက်ခဲပါတယ်။ အဆိုပါ သွေးရောဂါဟာသမီးလေးအတွက် နောက်ဆုံးအဆင့်ဖြစ်နေခဲ့ပြီး မကြာခင်မှာ အချိန်မရွေး အသက်သေဆုံးနိုင်ပါတယ်။ သမီးလေးရဲ့ ဖခင်ဖြစ်သူ Zhang ဟာ လယ်လုပ်တဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီး အချိန်မရွေး သေဆုံးတော့မယ့် သူ့ချစ်ရတဲ့ သမီးလေးအတွက် သုဿာန်ကျဥ်းတူးကာ ကစားကွင်းအဖြစ်ဖန်တီး

ပေးပြီးသမီးလေးကို သေမင်းနဲ့ ရင်းနီးအောင် ပြုလုပ်ပေးထားခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးလေးအတွက် နေ့တိုင်းပျော်ရွှင်စရာတွေ ဖန်တီးပေးပြီး သူကစားကွင်းအဖြစ် ဖန်တီးပေးထားတဲ့ ကျဥ်းလေးထဲမှာ ဝင်ရောက်ဆော့ကစားခဲ့ကြပါတယ်။ ဖခင်ဖြစ်သူရဲ့ ဒီလိုလုပ်ပေးရခြင်း ရည်ရွယ်ချက်ဟာ မကြာခင်အနာဂတ်မှာ ထာဝရ လဲလျောင်းရတော့မယ့် အိမ်လေးနဲ့ ရင်းနီးစေဖို့ လို့ ပြောပြထားပါတယ်။ သမီးလေးရဲ့ သာလာစီမီးယား သွေးရောဂါဟာ

ကုသဖို့အတွက် (ယွမ် ၁ သန်း) ငွေကြေးအမြောက်အမြားကုန်ကျခဲ့ပြီး အဆိုပါ သွေးရောဂါ အခြေနေဟာ တိုးတတ်ပြောင်းလဲလာခြင်း မရှိခဲ့ပါဘူး။ဒါ့အပြင် သမီးလေးရဲ့ ကိုယ်ခံအားကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နေရဖို့အချိန်ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလို့လာခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း လယ်သမားဖြစ်တဲ့အတွက် သူပိုင်ဆိုင်ရာအားလုံး ကုန်လုစဲစဲ ဖြစ်နေခဲ့ပါတယ်။ သမီးလေးခံစားနေရတဲ့ သွေးရောဂါဟာ သွေးကင်ဆာကဲ့သို့

သွေးခဏခဏ သွင်းပေးနေရပြီး ကုသဖို့ အရမ်းခက်ခဲပါတယ်။ minor အဆင့်လေးမှာတောင် သမီးလေးဟာ ဆေးတွေ အများအပြားသောက်ခဲ့ရပြီး တက်ရောက်ခဲ့ရတဲ့ ဆေးရုံတွေကလည်း အတော်များများကို တက်ခဲ့ရပါတယ်။ သို့ပေမယ့် သမီးလေးရဲ့ အခြေနေကတော့ ဘာမှတိုးတတ်မလာခဲ့ပါဘူး။ဒီသာလာစီမီးယား သွေးရောဂါဟာ ဆရာဝန်တွေ ပြောပြချက်အရ ငွေကြေးအကုန်ကျ အရမ်းများပြီး အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ရောဂါတစ်

မျိုး လို့ ပြောပြထားပါတယ်။ မိဘမေတ္တာဆိုတာ သားသမီးအတွက်ဆို ငွေကြေးဆိုတာလည်းအရေးမကြီးတော့သလို ကိုယ့်ကိုယ်ကိုတောင် အနစ်နာခံပြီး ချစ်ခင်ပေးကြတာပါ။ဒီသားအဖ နှစ်ယောက်လုံးအတွက်တော့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဖခင်ကလည်း သူ့ချစ်သမီးလေးကို အရမ်းချစ်တာကြောင့်လည်း သူ့သမီးလေးနဲ့ ထာဝရအိမ်လေးကို ရင်းနီးနေအောင်တောင် ဖန်တီးပေးခဲ့တာဟာ တကယ်ကို ကြီးမားတဲ့မေတ္တာပါပဲ။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

credit