ဗဟုသုတ

ဝမ်းချန်ပီယံရှစ် ရဲ့ ၂၀၂၁ ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်လာပြီ

ဝမ်းချန်ပီယံရှစ် ရဲ့ ၂၀၂၁ ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်လာပြီ

One Championshipက၂၀၂၁အတွင်းကျင်းပမည့် MMA ပွဲစဉ်များတွင်အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းတစ်ကျော့ပြန်ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိကြောင်းဟောင်ကောင်အခြေစိုက် South China Morning Postကရေးသားဖော် ပြခဲ့သည်။

အောင်လအန်ဆန်သည်ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကစင်ကာပူနိုင်ငံ၌ကျင်းပခဲ့သည့် MMAမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်စိန်ခေါ်သူဒီရစ်ဒါကိုပထမအချီအတွင်းချုပ်ကွက်မိကာရှုံးနိမ့်ခဲ့သည်။

အောင်လအန်ဆန်ကလက်လွှတ်ခဲ့ရသည့်မစ်ဒယ်ဝိတ်တန်းကမ္ဘာချန်ပီယံ ခါးပတ်ကိုပြန်လည်ရယူမည်ဟုပြောကြားထားပြီး Oneကစီစဉ်ပါကဒီရစ်ဒါနှင့်မကျေပွဲ ပြန်လည်ယှဉ်ပြိုင်မည်ဟုဆိုထားသည်။

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံသစ်နယ်သာလန် ဖိုက်တာဒီရစ်ဒါ၏ ခါးပတ်ကိုစိန်ခေါ်နိုင်သည့်ကစားသမားများစာရင်းကိုနိုဝင်ဘာအတွင်းကOneက ထုတ်ပြန်ခဲ့ရာအောင်လအန်ဆန် လည်းပါဝင်သည်။ အသက်(၃၅)နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည်

MMAပြိုင်ပွဲတစ်လျှောက် ၃၇ပွဲကစား၊၂၆ ပွဲနိုင်၊ ၁၁ပွဲရှုံးနိမ့်ထားသည်။အောင်လအန်ဆန်သည် MMA မစ်ဒယ်ဝိတ်ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရသော်လည်းလိုက်ဟဲဗီး ဝိတ်ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။

Credit

ဝမ္းခ်န္ပီယံရွစ္ ရဲ႕ ၂၀၂၁ ပြဲစဥ္မ်ားတြင္ ေအာင္လအန္ဆန္၏ခ်န္ပီယံစိန္ေခၚပြဲ ပါဝင္လာၿပီ

One Championshipက၂၀၂၁အတြင္းက်င္းပမည့္ MMA ပြဲစဥ္မ်ားတြင္ေအာင္လအန္ဆန္၏ မစ္ဒယ္ဝိတ္တန္းတစ္ေက်ာ့ျပန္ခ်န္ပီယံစိန္ေခၚပြဲ ပါဝင္ဖြယ္ရွိေၾကာင္းေဟာင္ေကာင္အေျခစိုက္ South China Morning Postကေရးသားေဖာ္ ျပခဲ့သည္။

ေအာင္လအန္ဆန္သည္ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃၀ရက္ကစင္ကာပူနိုင္ငံ၌က်င္းပခဲ့သည့္ MMAမစ္ဒယ္ဝိတ္တန္းကမာၻ႔ခ်န္ပီယံ ကာကြယ္ပြဲတြင္စိန္ေခၚသူဒီရစ္ဒါကိုပထမအခ်ီအတြင္းခ်ဳပ္ကြက္မိကာရႈံးနိမ့္ခဲ့သည္။

ေအာင္လအန္ဆန္ကလက္လႊတ္ခဲ့ရသည့္မစ္ဒယ္ဝိတ္တန္းကမာၻခ်န္ပီယံ ခါးပတ္ကိုျပန္လည္ရယူမည္ဟုေျပာၾကားထားၿပီး Oneကစီစဥ္ပါကဒီရစ္ဒါႏွင့္မေက်ပြဲ ျပန္လည္ယွဥ္ၿပိဳင္မည္ဟုဆိုထားသည္။

MMA မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံသစ္နယ္သာလန္ ဖိုက္တာဒီရစ္ဒါ၏ ခါးပတ္ကိုစိန္ေခၚနိုင္သည့္ကစားသမားမ်ားစာရင္းကိုနိုဝင္ဘာအတြင္းကOneက ထုတ္ျပန္ခဲ့ရာေအာင္လအန္ဆန္ လည္းပါဝင္သည္။ အသက္(၃၅)ႏွစ္အ႐ြယ္ ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္သည္

MMAၿပိဳင္ပြဲတစ္ေလွ်ာက္ ၃၇ပြဲကစား၊၂၆ ပြဲနိုင္၊ ၁၁ပြဲရႈံးနိမ့္ထားသည္။ေအာင္လအန္ဆန္သည္ MMA မစ္ဒယ္ဝိတ္ခ်န္ပီယံ ခါးပတ္ကို လက္လႊတ္ခဲ့ရေသာ္လည္းလိုက္ဟဲဗီး ဝိတ္ခ်န္ပီယံအျဖစ္ ဆက္လက္ရပ္တည္ေနသည္။

Credit