Knowledge Sharing ဗဟုသုတ

သူတစ်ပါး ၏ စွပ်စွဲတာ ခံရလျှင်… (ကောင်းလွန်းလို့ ဖတ်စေချင်လွန်းလို့ပါ)

Unicode

သူတပါး၏ စွပ်စွဲတာ ခံရလျှင်

ဘုရားရှင် လက်ထက်တော်အခါက ••• ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနဲ့ သားတော် ရာဟုလာ တို့ရဲ့ ကောင်းသတင်းတွေကို ဘုရားရှင်မှ မကြာခဏ ချီးမွမ်းတော် မူလေ့ရှိတယ်။

ဆုံးမမှုကို နာခံတတ်သူ အဖြစ် ရှင်သာရိပုတ္တရာကို ချီးမွမ်းသလို သည်းခံနိုင်သူအဖြစ် သားတော် ရာဟုလာကို ချီးမွမ်းလေ့ ရှိပါတယ်။

ဘုရားရှင်ဟာ ရှင်သာရိပုတ္တရာနဲ့ တပည့်တပန်းတွေကို တိတ်ဆိတ်မှု မရှိပဲ ဆူညံလွန်းတဲ့အတွက် ဖူးမြော်မခံပဲ ပြန်စေခဲ့တယ်။

ရှင်သာရိပုတ္တရာနဲ့ ပြန်လည် တွေ့ဆုံတဲ့ အခါမှာ ” ငါဘုရား ဖူးမြော်မခံပဲ ပြန်စေခဲ့စဉ်က သင့်စိတ်ထဲ ဘယ်လို ခံစားရသလဲ” လို့ မေးတော့ ရှင်သာရိပုတ္တရာက ပြန်လည် လျှောက်ထားပါတယ်။

” အရှင်ဘုရား၊ သူတော်ကောင်းကြီးများ၏ ဆိုဆုံးမမှုသည် လွန်စွာမှပင် ရနိုင်ခဲသော ဆုလာဘ်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် အခါခွင့်သင့်လျှင် ဆိုဆုံးမမှုကို ခံယူချင်ပါသည် ဘုရား ” လို့ လျှောက်တော့ မြတ်စွာဘုရားရှင်မှ ” သာဓု (၃)ကြိမ် ခေါ်ဆိုတော်မူပြီး ငါ့သား သာရိပုတ္တရာလို နှလုံးသွင်းကြ ” ဆိုပြီး ရဟန်းတွေကို ဆုံးမတော် မူပါတယ်။

သားတော်ရာဟုလာ ကလည်း သည်းခံမှု ဂုဏ်သတင်းနဲ့ ကျော်ဇောနေတော့ အခြား ရဟန်းတော်တွေက သူလာမဲ့လမ်းမှာ အမှိုက်တွေ ကြဲချပြီး သူ့ကို ပြောတယ်။ ” ရာဟုလာ၊ ဒီအမှိုက်တွေက အရှင်၊ ကြဲချတာမလား ” လို့ ဆိုတော့ သားတော်ရာဟုလာက သူမလုပ်ပါဘူးလို့ မပြောပဲ လက်အုပ်လေးချီပြီး ” မှန်လှပါ၊ တပည့်တော် ကြုံးလိုက်ပါမယ် ဘုရား ” ဆိုပြီး အမှိုက်တွေကို ပြောင်စင်အောင် ကြုံးသတဲ့။

ဒါကြောင့် ဘုရားရှင်က ရှင်သာရိပုတ္တရာနဲ့ သားတော်ရာဟုလာ ကဲ့သို့ ကျင့်ရမယ်လို့ အမြဲ ဆုံးမတော် မူခဲ့ပါတယ်။

တကယ်တော့ ကိုယ့်အပေါ်ကို မကောင်းပြောတဲ့သူ၊ မဟုတ်မမှန်တာ ပြောတဲ့သူကို ပြန်ပြီး ပြောတယ်၊ ပြန်ပြီး လက်တုန့်ပြန်တယ် ဆိုတာဟာ ကျွန်တော်တို့တတွေရဲ့ စိတ်ထဲမှာ ကိုယ်က မလိုလားအပ်တဲ့စိတ် ဖြစ်တဲ့ မခံချင်စိတ်က ကိန်းဝပ် နေလို့ပါ ပဲ။

ဒါန၊ သီလ၊ သမထ၊ ဘာဝနာဟာ အချိန်မရွေး ပြုလုပ်လို့ရပါတယ်။ ဒါပေမဲ့ သည်းခံမှု ဆိုတာတော့ ကိုယ့်အပေါ် မကောင်းတဲ့သူ ရှိမှ ဖြစ်နိုင်တာပါ။

ဒါကြောင့် ကိုယ့်အပေါ် မကောင်းတဲ့သူရှိမှ ရနိုင်တဲ့ သည်းခံမှုကို လက်မလွတ်ကြပဲနဲ့ မကောင်းတဲ့သူကို ကိုယ့်ရဲ့ခန္ဓီပါရမီ ဖြည့်ပေးတဲ့ ကျေးဇူးရှင်အဖြစ် မြင်နိုင်ကြမယ် ဆိုရင်ဖြင့်…

ကျွန်တော်တို့ရဲ့ဘဝဟာ ဘုရားရှင် ချီးမွမ်းခံရတဲ့ ဘဝမျိုးတွေ ဖြစ်ပါလိမ့်မယ် ဆိုတာ သေချာပါတယ်။ခန္ဓီပါရမီကို အရ၊ ယူနိုင် ကြပါစေ။

Credit-ဦးမြင့်ခိုင် & SaiMyoWin

မြတ်သောဗုဒ္ဓ page မှပြန်လည်ကူးယူမျှဝေသည်

Zawgyi

သူတပါး၏ စြပ္စြဲတာ ခံရလွ်င္

ဘုရားရွင္ လက္ထက္ေတာ္အခါက •••

ရွင္သာရိပုတၱရာ ကိုယ္ေတာ္ျမတ္ႀကီးနဲ႕ သားေတာ္ ရာဟုလာ တို႔ရဲ႕ ေကာင္းသတင္းေတြကို ဘုရားရွင္မွ မၾကာခဏ ခ်ီးမြမ္းေတာ္ မူေလ့ရွိတယ္။

ဆုံးမမႈကို နာခံတတ္သူ အျဖစ္ ရွင္သာရိပုတၱရာကို ခ်ီးမြမ္းသလို သည္းခံနိုင္သူအျဖစ္ သားေတာ္ ရာဟုလာကို ခ်ီးမြမ္းေလ့ ရွိပါတယ္။

ဘုရားရွင္ဟာ ရွင္သာရိပုတၱရာနဲ႕ တပည့္တပန္းေတြကို တိတ္ဆိတ္မႈ မရွိပဲ ဆူညံလြန္းတဲ့အတြက္ ဖူးေျမာ္မခံပဲ ျပန္ေစခဲ့တယ္။

ရွင္သာရိပုတၱရာနဲ႕ ျပန္လည္ ေတြ႕ဆုံတဲ့ အခါမွာ ” ငါဘုရား ဖူးေျမာ္မခံပဲ ျပန္ေစခဲ့စဥ္က သင့္စိတ္ထဲ ဘယ္လို ခံစားရသလဲ” လို႔ ေမးေတာ့ ရွင္သာရိပုတၱရာက ျပန္လည္ ေလွ်ာက္ထားပါတယ္။

” အရွင္ဘုရား၊ သူေတာ္ေကာင္းႀကီးမ်ား၏ ဆိုဆုံးမမႈသည္ လြန္စြာမွပင္ ရနိုင္ခဲေသာ ဆုလာဘ္ႀကီး ျဖစ္ပါသည္။ ထို႔ေၾကာင့္ အခါခြင့္သင့္လွ်င္ ဆိုဆုံးမမႈကို ခံယူခ်င္ပါသည္ ဘုရား ” လို႔ ေလွ်ာက္ေတာ့ ျမတ္စြာဘုရားရွင္မွ ” သာဓု (၃)ႀကိမ္ ေခၚဆိုေတာ္မူၿပီး ငါ့သား သာရိပုတၱရာလို ႏွလုံးသြင္းၾက ” ဆိုၿပီး ရဟန္းေတြကို ဆုံးမေတာ္ မူပါတယ္။

သားေတာ္ရာဟုလာ ကလည္း သည္းခံမႈ ဂုဏ္သတင္းနဲ႕ ေက်ာ္ေဇာေနေတာ့ အျခား ရဟန္းေတာ္ေတြက သူလာမဲ့လမ္းမွာ အမွိုက္ေတြ ႀကဲခ်ၿပီး သူ႕ကို ေျပာတယ္။ ” ရာဟုလာ၊ ဒီအမွိုက္ေတြက အရွင္၊ ႀကဲခ်တာမလား ” လို႔ ဆိုေတာ့ သားေတာ္ရာဟုလာက သူမလုပ္ပါဘူးလို႔ မေျပာပဲ လက္အုပ္ေလးခ်ီၿပီး ” မွန္လွပါ၊ တပည့္ေတာ္ ႀကဳံးလိုက္ပါမယ္ ဘုရား ” ဆိုၿပီး အမွိုက္ေတြကို ေျပာင္စင္ေအာင္ ႀကဳံးသတဲ့။

ဒါေၾကာင့္ ဘုရားရွင္က ရွင္သာရိပုတၱရာနဲ႕ သားေတာ္ရာဟုလာ ကဲ့သို႔ က်င့္ရမယ္လို႔ အၿမဲ ဆုံးမေတာ္ မူခဲ့ပါတယ္။

တကယ္ေတာ့ ကိုယ့္အေပၚကို မေကာင္းေျပာတဲ့သူ၊ မဟုတ္မမွန္တာ ေျပာတဲ့သူကို ျပန္ၿပီး ေျပာတယ္၊ ျပန္ၿပီး လက္တုန့္ျပန္တယ္ ဆိုတာဟာ ကြၽန္ေတာ္တို႔တေတြရဲ႕ စိတ္ထဲမွာ ကိုယ္က မလိုလားအပ္တဲ့စိတ္ ျဖစ္တဲ့ မခံခ်င္စိတ္က ကိန္းဝပ္ ေနလို႔ပါ ပဲ။

ဒါန၊ သီလ၊ သမထ၊ ဘာဝနာဟာ အခ်ိန္မေ႐ြး ျပဳလုပ္လို႔ရပါတယ္။ ဒါေပမဲ့ သည္းခံမႈ ဆိုတာေတာ့ ကိုယ့္အေပၚ မေကာင္းတဲ့သူ ရွိမွ ျဖစ္နိုင္တာပါ။

ဒါေၾကာင့္ ကိုယ့္အေပၚ မေကာင္းတဲ့သူရွိမွ ရနိုင္တဲ့ သည္းခံမႈကို လက္မလြတ္ၾကပဲနဲ႕ မေကာင္းတဲ့သူကို ကိုယ့္ရဲ႕ခႏၶီပါရမီ ျဖည့္ေပးတဲ့ ေက်းဇူးရွင္အျဖစ္ ျမင္နိုင္ၾကမယ္ ဆိုရင္ျဖင့္…

ကြၽန္ေတာ္တို႔ရဲ႕ဘဝဟာ ဘုရားရွင္ ခ်ီးမြမ္းခံရတဲ့ ဘဝမ်ိဳးေတြ ျဖစ္ပါလိမ့္မယ္ ဆိုတာ ေသခ်ာပါတယ္။

ခႏၶီပါရမီကို အရ၊ ယူနိုင္ ၾကပါေစ။

Credit-ဦးျမင့္ခိုင္ & SaiMyoWin

ျမတ္ေသာဗုဒၶ page မွျပန္လည္ကူးယူမွ်ေဝသည္