ဗဟုသုတ

ကိုယ်သုံးနေတဲ့ ဖုန်းကို ရေရှည်ခံအောင် လိုက်နာသင့်တဲ့ အချက်များ

Unicode

ကိုယ်သုံးနေတဲ့ ဖုန်းကို ရေရှည်ခံအောင် လိုက်နာသင့်တဲ့ အချက်များ

(၁) ဖုန်းကို ဘောင်းဘီနောက်အိတ်ကပ်ထဲမထည့်ပါနဲ့..

တစ်ခါတစ်ရံ လက်မအားရင် ဘောင်းဘီအိတ်ကပ်ထဲကို ဖုန်းကို ထည့်ဖူးကြမှာပါ။ဒီအခါမှာ သတိထားသင့်တာက ဘောင်းဘီနောက်အိတ်ကပ်ထဲကို မထည့်သင့်ပါဘူး။ဘောင်းဘီနောက်အိတ်ကပ်ထဲကို ထည့်ပြီး မှ ရုတ်တရက် မေ့သွားလို့ ထိုင်မိသွားတဲ့ အခါမှာ မတော်တဆ ဖုန်းကွဲသွားပါလိ့မ်မယ်။ တကယ်လို့ ရှေ့အိတ်ကပ်လောက်မှာပဲထည့်ရင်တောင် ဖုန်းကွဲတဲ့ ဒဏ်ကနေ ဝေးသွားပါလိမ့်မယ်။

(၂)မလိုအပ်ရင် ဘလူးတုပ်သ်ကို ပိတ်ထားပါ။

ဘလူးတုပ်သ် က ဖုန်းတိုင်းမှာ ပါဝင်ပြီး အလွန်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ဒါပေမယ့်လည်း အန္တရာယ်ကြီးမားတာကြောင့် မလိုအပ်ရင် ပိတ်ထားတာ အကောင်းဆုံးပါပဲ။တကယ်လို့ ဘလူးတုပ်သ်ကို အချိန်တိုင်းဖွင့်ထားခဲ့ရင် အန္တရာယ်ကြီးတဲ ဒေါင်းလုတ်တွေကို အမြဲတမ်းအော်တို ဖုန်းက ဆွဲနေပါလိမ့်မယ်။ ဒီတော့ ဘလူးတုပ်သ်သာ ပိတ်ထားလိုက်ရင် လုံခြုံစိတ်ချရပါလိမ့်မယ်။

(၃)ဖုန်းအားကို အကုန်မသုံးပါနဲ့။

ခုနောက်ပိုင်းမှာ အများစုလုပ်ကြလေ့ရှိပါတယ်။ ဖုန်းအားကို လုံးဝမရှိတော့တဲ့အထိ သုံးပစ်လိုက်ပြီး စက်ပိတ်သွားမှသာ ဖုန်းကို အားသွင်းကြတာပါ။ ဒီလို မျိုး ဆက်တိုက် ပြုလုပ်လာရင် မကြာခင်မှာ သင့်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေချို့ယွင်းလာပြီး ဖုန်းပျက်စီးသွားပါလိမ့်မယ်။

(၄)ဖုန်းအပေါက်ငယ်လေးတွေထဲက ဖုန်တွေကို မကြာခဏသုတ်ပါ။

ဖုန်းအပေါက်ငယ်လေးတွေထဲမှာ ဖုန်တွေသဲတွေ ဝင်နေနိုင်ပါတယ်။ ဒီလိုဝင်ခြင်းကလည်း ဖုန်းရဲ့ ရေရှည်ခံနိုင်မှုကို ယုတ်လျော့စေနိုင်တာကြောင့် ဖုန်းရဲ့ အပေါက်ငယ်လေးတွေကို လည်း မကြာခဏ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

ဒီအချက်လေးတွေကို သိထားရုံနဲ့တင် ကိုယ့်ဖုန်းရဲ့ ရေရှည်ခံနိုင်မှုကို တိုးမြှင့်နိုင်မှာဆိုတော့ လိုက်နာလိုက်ကြပါနော်…
credit

Zawgyi










credit