Cele News

သစ်တံခါး ဆရာတော်ကြီး မေတ္တာရိပ်အောက်မှာ သာသနာ့ဘောင် ဝင်နေတာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းပိုင်တံခွန်

Unicode

သစ်တံခါး ဆရာတော်ကြီး မေတ္တာရိပ်အောက်မှာ သာသနာ့ဘောင် ဝင်နေတာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းပိုင်တံခွန်

ပိုင်တံခွန် ဟာ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာစံချိန်မီအရပ်အမောင်း အမိုက်ဆုံး ဆံပင်ရှည်လေးနဲ့ ပရိတ်သတ်တွေက သဲသဲလှုပ်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပိုင်တံခွန်ဟာ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာအောက်မှာ ခို၀င်ကာ သာသနာ့ဘောင်၀င်ပြီး သာသနာ့အကျိုးကို သယ်ပိုးထမ်းရွက်နေတာပဲ ဖြစ်ပါတယ်။

ဟန်ငြိမ်းဦးကလည်း သူရဲ့ ဖေ့ဘုတ် အကောင့်ကနေ သာသနာ့ဘောင်၀င်နေသော ဘုန်ဘုန်းနဲ့ ဖုန်းပြောဖြစ်တဲ့ အကြောင်းကို ပြောပြပီး ဖူးမြော်ကြည်ညိုနိုင်စေရန်လည်း သာသနာ့ဘောင်၀င်နေသော ဘုန်းဘုန်းရဲ့ ပုံလေးတွေကို အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။

“မထင်မှတ်ပဲ ဒီနေ့ ဘုန်းဘုန်း ပိုင်တံခွန်နဲ့ ဖုန်းပြောရင်း တရားနာခွင့် ရလိုက်တယ်

သစ်တံခါး ဆရာတော်ကြီး မေတ္တာရိပ်အောက်မှာ သာသနာ့ဘောင် ဝင်နေတာ ကြာပြီ ခုမှသိရလို့

အားလုံး ဖူးမြှော်လို့ရအောင် တင်ပေးလိုက်တယ်နော်

စိတ်သဘောထား နူးညံ့သိမ့်မွှေ့ပီး
လူတိုင်းအပေါ် မေတ္တာထားတဲ့ ဘုန်းဘုန်း ပိုင်တံခွန်

ဒီထက်မက အောင်မြင်ကြော်ကြားပါစေ ဘုရား ”လို့ဟန်ငြိမ်းဦးမှမျှဝေပေးလာတာဖြစ်ပါတယ်။
credit Han Nyein Oo

Zawgyi









credit Han Nyein Oo