Cele News

သာသနာ့ဘောင်၀င်နေတဲ့ ပိုင်တံခွန်ရဲ့ ကျေးဇူးဆပ်မှုကြောင့် ပီတိဖြစ်လွန်းလို့ မျက်ရည်ပါကျခဲ့ရတဲ့ ဂျွန်လွင်

ပရိသတ်ကြီးရေ ဂျွန်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ မော်ဒယ်လ်လောကရဲ့ ဖခင်ကြီးတစ်ယောက်ပါ ။ အနုပညာရှင် တပည့်ပေါင်းများစွာရဲ့ ချစ်ခင်လေးစားမှုကို ခံရတဲ့သူတစ်ယောက်ပါ ။ အနုပညာရှင်တပည့်တွေကလည်း အခါအားလျော်စွာ ဆရာဂျွန်လွင်ကို ကျေးဇူးဆပ် ကန်တော့ကြတာကိုလည်းတွေ့ရပါတယ် ။

လတ်တလောမှာတော့ မကြာသေးမီကမှ သာသနာဘောင်ထဲဝင်ခဲ့ပြီး မော်ဒယ်လ်မင်းသားချောလေး ပိုင်တံခွန်က ကျေးဇူးဆပ်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို ဂျွန်လွင်သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အခုလိုပဲရေးသားခဲ့ပါတယ်။

“ဒီလိုကျေးဇူးဆပ်တာဘဝမှာပထမဆုံးခံရတော့ရင်ထဲမှာပီတိကပြောမပြတတ်အောင်ပါ။Sedona မှာရေကူးခါနီးတပည့်ပိုင်တံခွန်ဖုံဆက်လာတယ်။သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ်။

ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့သူပြု့သမျှကုသိုလ်တွေကိုသူကမျှဝေပေးတာတရားဟောပေးတာဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်။”ဆိုပြီး ဂျွန်လွင်က ၀မ်းသာလွန်းလို့ မျက်ရည်ပါကျခဲ့ကြောင်းကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ္ႀကီးေရ ဂြၽန္လြင္ကေတာ့ ေအာင္ျမင္တဲ့အႏုပညာရွင္ေပါင္းမ်ားစြာကို ေမြးထုတ္ေပးေနတဲ့ ေမာ္ဒယ္လ္ေလာကရဲ႕ ဖခင္ႀကီးတစ္ေယာက္ပါ ။ အႏုပညာရွင္ တပည့္ေပါင္းမ်ားစြာရဲ႕ ခ်စ္ခင္ေလးစားမႈကို ခံရတဲ့သူတစ္ေယာက္ပါ ။ အႏုပညာရွင္တပည့္ေတြကလည္း အခါအားေလ်ာ္စြာ ဆရာဂြၽန္လြင္ကို ေက်းဇူးဆပ္ ကန္ေတာ့ၾကတာကိုလည္းေတြ႕ရပါတယ္ ။

လတ္တေလာမွာေတာ့ မၾကာေသးမီကမွ သာသနာေဘာင္ထဲဝင္ခဲ့ၿပီး ေမာ္ဒယ္လ္မင္းသားေခ်ာေလး ပိုင္တံခြန္က ေက်းဇူးဆပ္ခဲ့တဲ့အတြက္ ဝမ္းသာပီတိျဖစ္ရေၾကာင္းကို ဂြၽန္လြင္သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန အခုလိုပဲေရးသားခဲ့ပါတယ္။

“ဒီလိုေက်းဇူးဆပ္တာဘဝမွာပထမဆုံးခံရေတာ့ရင္ထဲမွာပီတိကေျပာမျပတတ္ေအာင္ပါ။Sedona မွာေရကူးခါနီးတပည့္ပိုင္တံခြန္ဖုံဆက္လာတယ္။သစ္တံခါးဆရာေတာ္ဘုရားနဲ႕အတူသူေမတၱာပို႔ဆုေတာင္းေပးတာပိတီျဖစ္ၿပီးမ်က္ရည္က်ခဲ့ရတယ္။

ဘုန္းႀကီးဝတ္နဲ႕ဆရာကိုေက်းဇူးဆပ္တဲ့အေနနဲ႕သူျပဳ႕သမွ်ကုသိုလ္ေတြကိုသူကမွ်ေဝေပးတာတရားေဟာေပးတာဘဝမွာဝမ္းသာလြန္းလို႔က်တဲ့မ်က္ရည္ဟာထူးဆန္းေအးမွ်လွပါတယ္။”ဆိုၿပီး ဂြၽန္လြင္က ၀မ္းသာလြန္းလို႔ မ်က္ရည္ပါက်ခဲ့ေၾကာင္းကို ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။