Cele News

ကြွက်တွေကိုက်လို့ နှာခေါင်းနှင့်လက်ချောင်း ပဲ့ပါသွားတဲ့ ကလေးလေးကို စောင့်ရှောက်နေတဲ့ ခိုင်နှင်းဝေ

ပြည်သူချစ် ခိုင်နှင်းဝေကတော့ ရုပ်ရှင်နဲ့သရုပ်ဆောင် မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။သူမကတော့ ပရဟိတ လုပ်ငန်းတွေက််ိုလည်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသူဖြစ်ပါတယ်။

သူမကတော့ စွန့်ပစ်ခံရတဲ့ကလေးအများအပြားကိုလည်း သူမရဲ့ သားသမီးအရင်းချာသကဲ့သို့ ပြုစုပြိုးထောင်ပေးသောကြောင့် တစ်နိုင်ငံလုံးက ပရိတ်သတ်များကလည်း ဂုဏ်ယူမဆုံးဖြစ်ရတဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်နော်

ယနေ့ မှာတော့ မနက်စောစောစီးစီး စွန့်ပစ်ခံရတဲ့ ကလေးလေးကို ကြွက်တွေကိုက်ထားလို့ စိတ်မကောင်းဖြစ်နေကြောင်းက်ို သူမရဲ့ ဖေ့ဘုတ်ပေ့ ကနေ အခုလိုပဲရေးသားထားပါတယ်။

“မနက်စောစောစီးစီး စိတ်မချမ်းသာစရာ ပါရှင် မွေးကာစ ကလေးတယောက် ပစ်သွားပီး ကလေးက ကြွက် ကိုက်ခံထားရ၍ လက်မ တချောင်းနှင့် လက်ညှိုးတချောင်းပြတ်ကာ နှာခေါင်းပဲ့သွားပါတယ်။

ခုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ လိုအပ်သလို ဆေးကုသမှုများ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလိုပ်သွားပါမယ်ရှင်။သားလေး ကံကောင်းပါစေ” ဆိုပြီးခိုင်နှင်းဝေက စိတ်မကောင်းစွာ ရေးသားခဲ့ပါတယ်။

စာဖတ်နေတဲ့ သူတွေလည်း ကလေးလေးအမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါ ဦးနော်။

credit Khine Hnin Wai’s FB