Knowledge Sharing ဗဟုသုတ

မြွေပွေးလိုလူ မဖြစ်စေချင်…….(တန်ဖိုးရှိလို့ လုံး၀မကျော်သွားပါနဲ့)

Unicode

မြွေပွေးလိုလူ မဖြစ်စေချင်

ဘားအံ-ဘက်က မြွေဖမ်း အလွန်ကျွမ်းကျင်တဲ့ ကရင်ကြီး တစ်ယောက်ရှိတယ်။အဲဒီကရင်ကြီးက ခြေထောက် တစ်ဖက်က မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့နေရာမှာတော့ အလွန်တော်တယ်။

တစ်ညကို ၂-ကောင် ၃-ကောင် လောက်ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ တစ်ကောင်ကို တစ်သောင်းလောက် ရတာကိုး။

လူငယ်လေးတစ်ယောက်က ‘‘ဖထီးမြွေပွေးကို ဘယ်လို ဖမ်းလဲဗျ’’လို့ ကရင်ကြီးကို မေးတယ်။

“ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး။ အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်’’

“မြွေပွေးကျတော့ လူတွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ်နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့။

သူ့ကိုမထိသေးရင် ဘာမှမလုပ်ဘူး၊ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက်တယ်။ ဒီကောင် မလှုပ်နိုင်တော့ဘူး’’

‘‘မြွေထဲမှာ မြွေပွေးက ဖမ်းလို့ အလွယ်ဆုံးပဲ၊ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး’’ လို့ ပြောပြပါတယ်။

ဒီတော့ မြွေပွေး ဘာကြောင့် သေရသလဲ၊ အဆ်ိပ်ပြင်းတယ်ဆိုပြီး မာန်တတ်နေလို့ပဲ။အရပ်ထဲမှာလည်း မာန်တက်နေတဲ့ လူတွေ အများကြီး ရှိတယ်။

အဲဒါ မြွေပွေးလို လူပဲ။ အောင်မြင်မှုတွေ ရလာပြီ, နာမည်တွေ ကျော်ကြားလာပြီဆိုရင် မာန်တက်တတ်တယ်။ အဲဒီလို မာန်တက်လာရင် မှန်ကင်းကနေ ..ထင်းဖြစ်သွားနိုင်တယ်လေ။

မာနဝင်လာပြီဆိုရင် ကိုယ့်ရဲ့ ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို သတိရပါ။ မှိန်းဆိုတာ အခြား မဟုတ်ဘူး၊ အကုသိုလ်ကံကြမ္မာပဲ။

ဒါကြောင့် သတိပေးချင်ပါတယ်။ မြွေပွေးလို လူ မဖြစ်ပါစေနဲ့။

Credit-Original Writer

ေႁမြေပြးလိုလူ မျဖစ္ေစခ်င္

ဘားအံ-ဘက္က ေႁမြဖမ္း အလြန္ကြၽမ္းက်င္တဲ့ ကရင္ႀကီး တစ္ေယာက္ရွိတယ္။အဲဒီကရင္ႀကီးက ေျခေထာက္ တစ္ဖက္က မသန္ရွာဘူး။ ဒါေပမဲ့ ေႁမြဖမ္းတဲ့ေနရာမွာေတာ့ အလြန္ေတာ္တယ္။

တစ္ညကို ၂-ေကာင္ ၃-ေကာင္ ေလာက္ရတယ္။ သူဖမ္းလိုက္ရင္လည္း ေႁမြေပြးပဲ။ တစ္ေကာင္ကို တစ္ေသာင္းေလာက္ ရတာကိုး။

လူငယ္ေလးတစ္ေယာက္က ‘‘ဖထီးေႁမြေပြးကို ဘယ္လို ဖမ္းလဲဗ်’’လို႔ ကရင္ႀကီးကို ေမးတယ္။

“ငါက ေျခေထာက္မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းနိုင္ဘူး။ အဲဒီေကာင္ေတြက လူေတြ႕ရင္ ထြက္ေျပးတာကိုး။ ဒါေၾကာင့္ ငါက ေႁမြေပြးပဲ ဖမ္းတယ္’’

“ေႁမြေပြးက်ေတာ့ လူေတြ႕ရင္ မေျပးဘူး၊ ငါ့ထိရင္ ကိုက္မယ္ဆိုၿပီး ၿငိမ္ေနတာ၊ လာမထိနဲ႕ ေသသြားမယ္ ဆိုတဲ့ပုံစံမ်ိဳးေပါ့။

သူ႕ကိုမထိေသးရင္ ဘာမွမလုပ္ဘူး၊ ဒီေတာ့ သူ႕ဦးေခါင္းနားကို မွိန္းနဲ႕ အသာေလးကပ္သြားၿပီး ဦးေခါင္းကို မွိန္းႏွင့္ တခါထဲ ထိုးခ်လိဳက္တယ္။ ဒီေကာင္ မလႈပ္နိုင္ေတာ့ဘူး’’

‘‘ေႁမြထဲမွာ ေႁမြေပြးက ဖမ္းလို႔ အလြယ္ဆုံးပဲ၊ အဆိပ္ျပင္းတယ္ ဆိုၿပီး မာန္တက္ေနတာကိုး’’ လို႔ ေျပာျပပါတယ္။

ဒီေတာ့ ေႁမြေပြး ဘာေၾကာင့္ ေသရသလဲ၊ အဆ္ိပ္ျပင္းတယ္ဆိုၿပီး မာန္တတ္ေနလို႔ပဲ။အရပ္ထဲမွာလည္း မာန္တက္ေနတဲ့ လူေတြ အမ်ားႀကီး ရွိတယ္။

အဲဒါ ေႁမြေပြးလို လူပဲ။ ေအာင္ျမင္မႈေတြ ရလာၿပီ, နာမည္ေတြ ေက်ာ္ၾကားလာၿပီဆိုရင္ မာန္တက္တတ္တယ္။ အဲဒီလို မာန္တက္လာရင္ မွန္ကင္းကေန ..ထင္းျဖစ္သြားနိုင္တယ္ေလ။

မာနဝင္လာၿပီဆိုရင္ ကိုယ့္ရဲ႕ ဦးေခါင္းေပၚမွာ မွိန္းႀကီး ေရာက္လာလိမ့္မယ္ ဆိုတာကို သတိရပါ။ မွိန္းဆိုတာ အျခား မဟုတ္ဘူး၊ အကုသိုလ္ကံၾကမၼာပဲ။

ဒါေၾကာင့္ သတိေပးခ်င္ပါတယ္။ ေႁမြေပြးလို လူ မျဖစ္ပါေစနဲ႕။

Credit-Original Writer