ဗဟုသုတ

သင့်အိမ်မှာ မလုပ်အပ် မလုပ်ကောင်းတဲ့ အချက် (၁၉)ချက် ဒါမျိုးမလုပ်မိအောင်ရှောင်ပါ

Unicode

သင့်အိမ်မှာ မလုပ်အပ် မလုပ်ကောင်းတဲ့ အချက် (၁၉)ချက် ဒါမျိုးမလုပ်မိအောင်ရှောင်ပါလူတိုင်း အိမ်တိုင်း ဒီလိုနေ ဒီလိုလုပ်ရင်ဘုန်းကံနိမ့်လာဘ်တိတ်စေပြီးဆိုးကျိုးများဖြစ်လာနိုင်လို့သတိလေးနဲ့ဆင်ချင်ကြပါ

အစဉ်ရှောင်ကြဉ် ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများ

၁။ ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ….၂။ယောင်္ကျား၏ညာဘက်တွင်မိန်းမမအိပ်ရ

၃။ နံနက်၄ခွဲမှ၆နာရီအတွင်းတွင်သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ကောင်းမှု မကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်

၄။ မိမိအိပ်သော ခုတင်ထက်သို့မဟုတ်အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။သားသမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ

၅။ မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ……၆။ မိမိနေထိုင်ရာထက်မြင့်သောနေရာတွင်ဖျာမွေ့ရာစောင်များလှမ်းခြင်းမပြုလုပ်ရ

၇။မိမိအိမ်ရှေ့အပေါက်ဝတွင်မေးကိုလက်ထောက်ပြီးမထိုင်ရ မမှိုင်ရ…..၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥ မဆွဲရ

၉။ မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ………..၁၀။နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ

၁၁။ နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကိုမရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့အော့အော့ ဟု မလုပ်ရ

၁၂။ ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသောအဝတ် လေပွေဖြင့်လွင့်ပါလာသောအဝတ် ကြွက်ကိုက်ထားသောအဝတ် ၎င်းအဝတ်များကို လူတို့မဝတ်ကောင်း

၁၃။ အိမ်ပေါ်တွင်လမ်းလျှောက်လျှင် ခြေသံပြင်းပြင်းမလျှောက်ရအိုးခွက် ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ

၁၄။ ထမင်းစားလျှင် ထမင်းပန်းကန်များကိုလှည့်၍ လှုပ်၍ မစားရငြိမ်သက်စွာ ညီညာစွာထားပြီးမှစားရမည် ထမင်းစားခုံကိုလက်ထောက်၍မစားရ

၁၅။ ထမင်းစား၍သော် လည်းကောင်း အခြားအစားစာများစား၍သော် လည်းကောင်းစားရာတွင် ပါးစပ်မှ ပလပ်ပလပ် မည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမမြည်စေရ

၁၆။လမ်းလျှောက်စဉ်ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ……၁၇။မိမိအိမ်ရှေ့အပေါက်ဝကိုကျောခိုင်းပြီးမထိုင်ရ

၁၈။နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ…..၁၉။ နံနက်စောစော နှင် ညဘက်တွင် လေမချွန်ရ။

Credit-ဆရာ ဂျာမိုးဦး ဗေဒင်လက္ခဏာ( 09785426564)

Zawgyi

သင့္အိမ္မွာ မလုပ္အပ္ မလုပ္ေကာင္းတဲ့ အခ်က္ (၁၉)ခ်က္ ဒါမ်ိဳးမလုပ္မိေအာင္ေရွာင္ပါလူတိုင္း အိမ္တိုင္း ဒီလိုေန ဒီလိုလုပ္ရင္ဘုန္းကံနိမ့္လာဘ္တိတ္ေစၿပီးဆိုးက်ိဳးမ်ားျဖစ္လာနိုင္လို႔သတိေလးနဲ႕ဆင္ခ်င္ၾကပါ

အစဥ္ေရွာင္ၾကဥ္ ၾကရမည့္ ဘုန္းကံနိမ့္ေစ လာဘ္ပိတ္ေစေသာ အေလ့ဆိုးမ်ား

၁။ ဘုရားခန္းတြင္ လင္မယားႏွစ္ေယာက္မအိပ္ရ….၂။ေယာကၤ်ား၏ညာဘက္တြင္မိန္းမမအိပ္ရ

၃။ နံနက္၄ခြဲမွ၆နာရီအတြင္းတြင္သာသနာေစာင့္နတ္ နတ္မင္းႀကီးေလးပါးသည္လူအမ်ား၏ေကာင္းမႈ မေကာင္းမႈကိုၾကည့္ရႈေသာအခ်ိန္ျဖစ္သည္။ထိုအခ်ိန္တြင္ ေမထုန္မွီဝဲမႈကို အထူးေရွာင္ၾကဥ္ရမည္

၄။ မိမိအိပ္ေသာ ခုတင္ထက္သို႔မဟုတ္အိပ္ရာထက္ျမင့္ေသာေနရာတြင္ ထဘီတန္းမျပဳလုပ္ရ။သားသမီး ေခါင္းရင္း မိဘေျခရင္းတြင္ မေနရ မအိပ္ရ

၅။ မိမိအိပ္ရာခင္းႏွင့္ပုဆိုးေစာင္မ်ားကို မိမိအိပ္ေသာ ေခါင္းအုံးေပၚတြင္ တင္၍မထားရ……၆။ မိမိေနထိုင္ရာထက္ျမင့္ေသာေနရာတြင္ဖ်ာေမြ႕ရာေစာင္မ်ားလွမ္းျခင္းမျပဳလုပ္ရ

၇။မိမိအိမ္ေရွ႕အေပါက္ဝတြင္ေမးကိုလက္ေထာက္ၿပီးမထိုင္ရ မမွိုင္ရ…..၈။ မိမိအိမ္ေရွ႕တံခါးအေပါက္ဝတြင္ ဆံပင္ဖားရားခ်၍ သန္းဥ မဆြဲရ

၉။ မိမိအိမ္ေရွ႕ တံခါးေပါက္ဝတြင္ ကေလးမ်ား မစင္မစြန႔္ရ………..၁၀။နံနက္အိပ္ယာထ မဂၤလာယူေသာအခ်ိန္၌ ေအာ္ဟစ္ေဆးေရးတိုင္းထြာျခင္းမလုပ္ရ

၁၁။ နံနက္ေစာေစာအိပ္ရာထ မ်က္ႏွာသစ္ရာတြင္ လည္ေခ်ာင္းထဲမွ သလိပ္မ်ားကိုမရ ရေအာင္ အသံက်ယ္ေလာင္စြာျပဳ၍ ေအာ့ေအာ့ေအာ့ ဟု မလုပ္ရ

၁၂။ ကြၽဲခတ္ေသာ အဝတ္ မီးေလာင္ထားၿပီးေသာအဝတ္ ေလေပြျဖင့္လြင့္ပါလာေသာအဝတ္ ႂကြက္ကိုက္ထားေသာအဝတ္ ၎အဝတ္မ်ားကို လူတို႔မဝတ္ေကာင္း

၁၃။ အိမ္ေပၚတြင္လမ္းေလွ်ာက္လွ်င္ ေျခသံျပင္းျပင္းမေလွ်ာက္ရအိုးခြက္ ပန္းကန္ ပစၥည္းမ်ားကို အသံျမည္ေအာင္ ၾကမ္းတမ္းစြာ မျပဳလုပ္ရ

၁၄။ ထမင္းစားလွ်င္ ထမင္းပန္းကန္မ်ားကိုလွည့္၍ လႈပ္၍ မစားရၿငိမ္သက္စြာ ညီညာစြာထားၿပီးမွစားရမည္ ထမင္းစားခုံကိုလက္ေထာက္၍မစားရ

၁၅။ ထမင္းစား၍ေသာ္ လည္းေကာင္း အျခားအစားစာမ်ားစား၍ေသာ္ လည္းေကာင္းစားရာတြင္ ပါးစပ္မွ ပလပ္ပလပ္ မည္ေအာင္ ေခြးမ်ား ထမင္းရည္ေသာက္သကဲ့သို႔ အသံမျမည္ေစရ

၁၆။လမ္းေလွ်ာက္စဥ္ထမင္းႏွင့္အျခား စားေသာက္ဖြယ္ရာမ်ားကို မစားရ……၁၇။မိမိအိမ္ေရွ႕အေပါက္ဝကိုေက်ာခိုင္းၿပီးမထိုင္ရ

၁၈။နံနက္ေစာေစာႏွင့္ ညဘက္မ်ားတြင္ လက္ဆစ္ ေျခဆစ္ မ်ား မခ်ိဳးရ…..၁၉။ နံနက္ေစာေစာ ႏွင္ ညဘက္တြင္ ေလမခြၽန္ရ။

Credit-ဆရာ ဂ်ာမိုးဦး ေဗဒင္လကၡဏာ( 09785426564)