Cele News

နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို သူငယ်ချင်းခန့်စည်သူရရှိခဲ့လို့ အရမ်းဂုဏ်ယူဝမ်းသာနေတဲ့ နန္ဒာလှိုင်

ပရိတ်သတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်နဲ့အကယ်ဒမီခန့်စည်သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက အတူတူလုပ်ဆောင်လာကြတာဖြစ်ပါတယ်။

ခန့်စည်သူနဲ့နန္ဒာလှိုင်တို့က အရမ်းအတွဲညီပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကို ရိုက်ကူးလာကြတာပါနော်။နန္ဒာလှိုင်နဲ့ခန့်စည်သူတို့နှစ်ယောက်လုံးက တစ်ချိန်ကတည်းက အရမ်းအောင်မြင်ကျော်ကြားခဲ့ကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြပါတယ်။

နန္ဒာလှိုင်က အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေမလုပ်တော့ဘဲ မိသားစုကိုသာစောင့်ရှောက်ပြီး စီးပွားရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးက သာယာအေးချမ်းပြီး သမီးသုံးယောက်လည်းရှိလို့ အေးချမ်းတဲ့မိသားစုလေးဖြစ်ပါတယ်နော်။

နန္ဒာလှိုင်က အလှူအတန်းတွေအရမ်းရက်ရောလို့ နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိထားတာဖြစ်ပါတယ်။ခန့်စည်သူနဲ့နန္ဒာလှိုင်တို့နှစ်ယောက်ကတော့ အခုချိန်ထိတိုင် ရင်းနှီးခင်မင်နေကြဆဲဖြစ်တဲ့သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်နော်။ 

အကယ်ဒမီခန့်စည်သူကလည်း အလှူအတန်းအရမ်းရက်ရောတာကြောင့် နေ့ရက်တိုင်းကိုအလှုရေစက်လက်နဲ့မကွာဘဲ လိုအပ်တဲ့နေရာတွေကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ခန့်စည်သူက နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဆိုတဲ့ဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့  ဘွဲ့ရရှိသွားတဲ့ သူငယ်ချင်းခန့်စည်သူအတွက် ထပ်တူဂုဏ်ယူနေမိလို့ သူမရဲ့ Facebook မှာ “Congratulations! ကိုခန့်”ဆိုပြီး သတိတရနဲ့ဝမ်းသာကြောင်းလေးရေးသားထားတာဖြစ်ပါတယ်နော်။ 

Source&Photo Credit _Nandar Hlaing_Kyaw Soe Win’s Facebook Account
credit Myanmarload