Local News ဗဟုသုတ

ငွေ (၁၈၀) ဘီလီယံကျော်လှူဒါန်းခဲ့သော ကမ္ဘောဇဘဏ် နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား နိုင်ငံတော်မှ “သရေစည်သူ” ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ပေးအပ်

Unicode

ကမ္ဘောဇဘဏ် နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား နိုင်ငံတော်မှ “သရေစည်သူ” ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်တွင် ယနေ့ ဇန်နဝါရီလ (၄) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများဖြစ်ကြသော ဦးမြင့်ဆွေ ၊ ဦးဟင်နရီဗန်ထီးယူ ၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား “သရေစည်သူဘွဲ့”ကို

ပေးအပ်ချီးမြှင့်ခဲ့ပြီး အခြားဘွဲ့တံဆိပ် အသီးသီးရရှိသူများကိုလည်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အကြီးအကဲများက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။

ဦးအောင်ကိုဝင်း ပေးအပ်ချီးမြှင့်ခြင်းခံရသော “သရေစည်သူ” ဘွဲ့ (Pyidaungsu Sithu Thingaha, Order of the Republic of the Union of Myanmar) သည်

နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ရှိသော အရပ်ဘက်နှင့် တပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုသာ ရွေးချယ်ချီးမြှင့်သော “ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့” ဖြစ်ပါသည်။

ဦးအောင်ကိုဝင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို “ပထမ” နေရာမှ ဝင်ငွေခွန် အများဆုံး (၈) ထပ်ကွမ်း ထမ်းဆောင်ခဲ့ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊

နေရာဒေသမရွေးပဲ ကျပ်ငွေ (၁၈၀) ဘီလီယံကျော်အထိ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဆုံးနှင့် အမြင့်ဆုံးဖြစ်သည့်”သရေစည်သူဘွဲ့”ကို ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။

Credit-KBZ BANK Page

Zawgyi

ကေမာၻဇဘဏ္ နာယက ဝဏၰေက်ာ္ထင္၊ စည္သူ ဦးေအာင္ကိုဝင္းအား နိုင္ငံေတာ္မွ “သေရစည္သူ” ဘြဲ႕တံဆိပ္ ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံ၏ ၂၀၂၁ ခုႏွစ္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနားကို ေနျပည္ေတာ္ရွိ နိုင္ငံေတာ္ သမၼတအိမ္ေတာ္ သဘင္ေဆာင္တြင္ ယေန႕ ဇန္နဝါရီလ (၄) ရက္ နံနက္ (၉) နာရီက က်င္းပခဲ့ပါသည္။

အဆိုပါ အခမ္းအနားသို႔ နိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ ၊ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယ သမၼတမ်ားျဖစ္ၾကေသာ ဦးျမင့္ေဆြ ၊ ဦးဟင္နရီဗန္ထီးယူ ၊ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္း၊

ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား တက္ေရာက္ခဲ့ၾကပါသည္။

အခမ္းအနားတြင္ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္က ကေမာၻဇဘဏ္နာယက ဝဏၰေက်ာ္ထင္၊ စည္သူ ဦးေအာင္ကိုဝင္းအား “သေရစည္သူဘြဲ႕”ကို

ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး အျခားဘြဲ႕တံဆိပ္ အသီးသီးရရွိသူမ်ားကိုလည္း နိုင္ငံေတာ္သမၼတႏွင့္ နိုင္ငံေတာ္ အႀကီးအကဲမ်ားက ဂုဏ္ထူးေဆာင္ ဘြဲ႕တံဆိပ္မ်ား ေပးအပ္ခ်ီးျမႇင့္ေပးခဲ့ပါသည္။

ဦးေအာင္ကိုဝင္း ေပးအပ္ခ်ီးျမႇင့္ျခင္းခံရေသာ “သေရစည္သူ” ဘြဲ႕ (Pyidaungsu Sithu Thingaha, Order of the Republic of the Union of Myanmar) သည္

နိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခ်က္ရွိေသာ အရပ္ဘက္ႏွင့္ တပ္ဘက္ဆိုင္ရာ ပုဂၢိဳလ္ကိုသာ ေ႐ြးခ်ယ္ခ်ီးျမႇင့္ေသာ “ျပည္ေထာင္စု စည္သူသဂၤဟ ဂုဏ္ထူးေဆာင္ဘြဲ႕” ျဖစ္ပါသည္။

ဦးေအာင္ကိုဝင္းသည္ နိုင္ငံေတာ္အတြက္ အခြန္ဘ႑ာတာဝန္ကို “ပထမ” ေနရာမွ ဝင္ေငြခြန္ အမ်ားဆုံး (၈) ထပ္ကြမ္း ထမ္းေဆာင္ခဲ့ျခင္း၊ နိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊

ေနရာေဒသမေ႐ြးပဲ က်ပ္ေငြ (၁၈၀) ဘီလီယံေက်ာ္အထိ သဒၶါထက္သန္စြာ လႉဒါန္းခဲ့ျခင္းစသည္တို႔ေၾကာင့္ ျမန္မာနိုင္ငံသမိုင္းတြင္ အရပ္ဘက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္မ်ားအနက္ ပထမဆုံးႏွင့္ အျမင့္ဆုံးျဖစ္သည့္”သေရစည္သူဘြဲ႕”ကို ခ်ီးျမႇင့္ခံရျခင္းျဖစ္ပါသည္။

Credit-KBZ BANK Page