ဗဟုသုတ

ရေးတွင်းအငှားလိုက်တူပြီး စုဆောင်းထားတဲ့ ငွေထဲက ၂ထောင်ချန်ပြီး ၄၅သိန်း လှူလိုက်တဲ့အဘ

Unicode

အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီးရေတွင်းတူးခများ ရတာကို ခြိုး ခြံချွေတာစားသောက်နေထိုင်ပြီး

ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီးစု ဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်ရရှိလာသောအခါ

၂၀၀ဝိ/ကိုသုံးစွဲရန်ချန်ထားပြီး လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန် စလင်းမြို့
သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့

ရာသက်ပန်ငွေပင်ငွေရင်းပဒေသာပင်အ ဖြစ်စိုက်ထူလှူဒါန်းလိုက်ပါသောကုသိုလ်ရှင်ကြီးဖြစ်ပါတယ်ခင်ဗျားယခင်ကလည်း
အမွေဆိုင်ဝိုင်းရောင်းရငွေမှ

မိမိဝေစုရသော ၂၁၀၀၀၀ဝိ/ နှစ်ဆယ့်တစ်သိန်းကျပ်ကိုဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အားရည် စူး၍

ရာသက်ပန်ငွေပင်ငွေရင်းဆွမ်းပဒေသာပင်
စိုက်ထူလှူဒါန်းထားတာအခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆၆၀၀၀၀၀/ ခြောက်ဆယ့်ခြောက်သိန်းစိုက်ထူထားတဲ့

ထာဝရအလှူရှင်ကြီးလည်းဖြစ်သွားပါပြီခင်ဗျားဆွမ်းလောင်းသင်းကြီးကို လစဉ်အ လှူငွေ၁၀၀ဝိ/ နှုန်းနဲ့တစ်နှစ်ပါတ်လုံးနှစ်စဉ်မပျက်လှူဒါန်းနေတဲ့အာစိဏ္ဏကံ အလှူရှင်ကြီးလည်းဖြစ်ပါတယ်ခင်ဗျား။

စလင်းမြို့သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာရာသက်ပန်ဆွမ်းပ ဒေသာပင်စိုက်ထူလှူဒါန်းထားကြတဲ့အလှူငွေများကို

ဘဏ်မှာစနစ်တကျအပ်နှံထားပြီး အရင်းကိုမလျော့ပါးစေဘဲရရှိလာတဲ့အတိုးအညွန့်များကိုသာဆွမ်းလောင်းလှူတဲကိစ္စများမှာသာသုံးစွဲတာဖြစ်လို့

အလှူရှင်များမရှိတော့သည့်တိုင်အောင်
သား စဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့်အလှူဖြစ်ပါတယ်ခင်ဗျားဆွမ်းပဒေသာပင်အလှူရှင်များ

သေချာနားလည်သဘောပေါက်နိုင်ကြစေရန်အလျှင်းသင့်လို့တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျားကနေ့ထူးထူးခြားခြားလှူဒါန်းသွားတဲ့

သဒ္ဓါတရားကောင်းလွန်းလှပြီး စိတ်ဓာတ် ခိုင်မာပြတ်သားလှပါသောဒါနသူရဲကောင်းကြီးဦးသန်းစိန် ရဲ့ စေတနာသဒ္ဓါတရားကိုလေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနု မောဒနာခေါ်ဆိုလိုက်ရကြောင်းပါခင်ဗျာ။

Crd UPho Thar

Zawgyi













Crd UPho Thar