ဗဟုသုတ

အိမ်မှာပဲဆွမ်း ကပ်ကပ် ၊ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်ကပ် ဒီအချက်တွေ မဖြစ်မနေသိထားပါ

Unicode

၁။ အသားဟင်း ကပ်လျှင် အသားတုံးကို ဖဲ့စရာမလိုသော တစ်ကိုက်စာ အရွယ်အစားများ တုံးတစ်၍ ချက်ပြုတ်သင့်သည်။

(ရဟန်းသည် အသားတုံးကို ပါးစပ်ဖြင့် ကိုက်ဖဲ့စားသောက်လျှင် အာပတ်သင့်သည်။ဝက်ခြေထောက်၊ ဂဏန်းဟင်း စသော ဟင်းလျာများမှာ အများရှေ့တွင် ဘုဉ်းပေးရန် မသင့်လျော်။)

၂။ ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်တို့ကို အလုံးလိုက်၊ အတောင့်လိုက် မကပ်ဘဲ ခွဲခြမ်းစိပ်ပိုင်း၍ ကပ်ရမယ်။ (ကြက်သွန်ဖြူ အလုံးလိုက်သည် အပင်ပြန်ပေါက်နိုင်သေးသောကြောင့် ဖြစ်သည်။)

၃။ တို့စရာအဖြစ် ဟင်းရွက် အစိမ်းများကို ဟင်းလျာအဖြစ် စီစဉ်ထားလျှင် ထိုဟင်းရွက်ကို (ဥပမာ – နံနံပင်) အပင်လိုက် ဟင်းပွဲမပြင်ဘဲ တတ်နိုင်သမျှ သေးအောင် ပိုင်းဖြတ်ထားသင့်သည်။

(တချို့ ဟင်းရွက်ပင်တို့သည် အညွှန့်မှ / အကိုင်းမှ အပင်ပြန်ပေါက်နိုင်သေးသည်။ ရေနွေးစိမ်ထားလျှင် အကြောင်းမဟုတ်။)

၄။ အသီးအနှံကို အချိုပွဲအဖြစ်ကပ်ရာတွင် မည်သည့် အသီးကိုမဆို အလုံးလိုက် မထားဘဲ ခွဲစိတ်ထားသင့်သည်။ (စပျစ်သီး၊ စတော်ဘယ်ရီသီးပါ မကျန်) (ဝိနည်းလေးစားကြသော ဝိနယဂရုက ရဟန်းတော်များသည် သစ်သီးအစေ့ကို

ဝါးမိ၊ စားမိလျှင် အာပတ်သင့်သည်ဟု ယူကြသည်။ ထိုကြောင့် တတ်နိုင်လျှင် အသီးများမှ အစေ့ထုတ်၍ ကပ်လှူသင့်သည်။ အစေ့ဖယ်မရသော စတော်ဘယ်ရီသီးကိုမူ ဝိနည်းကံ “ကပ္ပိယံ ကရောဟိ” ပြုရမည်။) အထက်ပါ ၂ နှင့် ၃ ပါ အစာအစားများကို

ကပ္ပိယမှ အပ်စပ်အောင် “ကပ္ပိယံ ကရောဟိ” ပြုပေးနိုင်လျှင် ပိုကောင်းမည်။ အမှတ် ၄ ပါ သစ်သီးမှာ သေးလွန်းလို့ ခွဲဖို့ အဆင်မပြေလျှင် “ကပ္ပိယံ ကရောဟိ” လုပ်သင့်သည်။

၅။ အသားဟင်းကပ်ရာတွင် တချို့အသားဟင်းမှာ အမဲသားလော၊ ဆိတ်သားလော စသဖြင့် ခွဲခြားရန် ခက်ခဲတတ်ပါသည်။ ထိုသို့ ရဟန်းက သံသယရှိလျှင် မည်သည့်အသားဖြစ်ကြောင်း လျှောက်ထားရမည်။ လိုအပ်လျှင် ဦးအောင် လျှောက်ထားပါ။

(ရဟန်းသည် အသားဟင်းကို မြင်လျှင် မည်သည့် အသားမှန်း မသိဘဲ၊ မစုံစမ်းဘဲ မစားအပ်။ အာပတ်သင့်မည်။ ရဟန်းတို့ မစားကောင်းသော အသား ၁၀ မျိုးကိုလည်း သိထားသင့်သည်။)

၆။ ဖားအောက်တောရများနှင့် ယိုးဒယားရှမ်းကျောင်းများတွင် ဆွမ်း/ဟင်းများကို ရဟန်းအား ကပ်ပြီးပါက ထိုစားပွဲကို လူတို့အား ပေးမကိုင် ပေးမထိတော့ချေ။ ထိုသို့ မကြိုက်မှန်းသိလျှင် ဟင်းလိုက်ပွဲ ထည့်လိုပါက နီးစပ်ရာ ရဟန်းအား ဦးစွာ ခွင့်တောင်းသင့်သည်။

မိမိဆန္ဒအလျောက် ဟင်းခွက်ကို လှမ်းယူခြင်း မပြုသင့်။ (လူတို့တွင် ကပ်ပါနေသော ဖုန်မှုန့်များ အစားအစာထဲ ဝင်သွားလျှင် အကပ်ပျက်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။)

၇။ ဟင်းပွဲလိုက်သော (ဟင်းလိုက်ပွဲထည့်သော) သူများသည် ဟင်းပွဲထပ်ထည့်လိုလျှင် ရဟန်းများကို မေးမြန်းမနေဘဲ အလိုက်တသိ ထည့်ပေးရမည်။ (မေးမြန်း၍ အကယ်၍ ရဟန်းက ငြင်းဆိုမိလျှင် တခြားအစာအစားများ ထပ်တောင်းရန် မဖြစ်နိုင်ပေ။ ငြင်းပြီးနောက်မှ ထပ်ထည့်ခိုင်းသော အစာကို စားမျိုမိလျှင် အာပတ်သင့်၏။)

၈။ ဆွမ်းထမင်း လိုက်ပွဲကို ဒကာတစ်ယောက်မှ လိုက်ထည့်ပေးခြင်းထက် လိုက်ပွဲဇလုံအား ရဟန်း၏ အနားတွင် ချထားပေးခြင်းက ပိုသင့်လျော်မည်။ သူအလိုရှိလျှင် သူ့ဖာသာ ထည့်လိမ့်မည်။ သို့မဟုတ် ထည့်ပေးဖို့ တောင်းဆိုလိမ့်မယ်။

၉။ ဆွမ်း/ဟင်းပွဲလိုက်သူသည် ဆွမ်း/ဟင်း ထပ်ထည့်ရန် အတင်းတောင်းဆိုခြင်း မပြုသင့်။ ရဟန်း၏ အမူအရာကို ပါးနပ်စွာ အကဲခတ်တတ်ရမည်။ ရဟန်းတို့မှာ ဆွမ်းပွဲ၌ ထိုင်နေစဉ် မငြင်းမိအောင် သတိထားရသည်။ (အထက်ပါ အကြောင်းအရင်း)

၁၀။ ဟင်းပွဲလိုက်သောသူသည် မိမိကိုင်ထားသော ဟင်းကို ရဟန်းတစ်ပါးပါးအား ကပ်ပြီး၊ မပြီး သတိပြုရမည်။ စားဖိုချောင်မှ အသစ်ယူလာသော ဟင်းဖြစ်ပါက နီးစပ်ရာ ရဟန်းတစ်ပါးပါးအား အမြန်ဆုံး ကပ်လိုက်ပါ။ လိုက်ပွဲထည့်ရာတွင်လည်း “ကပ်ပြီးသားပါဘုရား” ဟု သံသယကင်းရှင်းစေရန် အလိုက်တသိ လျှောက်ထားသင့်သည်။

၁၁။ မုန့်ဟင်းခါး၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ စသည့် အမျှင်ရှည်ပါသော ခေါက်ဆွဲဖက်များကို အရှည်အတိုင်း မထားဘဲ ခပ်တိုတို ညှပ်ပြီးမှ ဘုဉ်းပေးရန် ကပ်သင့်သည်။ (တစွတ်စွတ် တပျပ်ပျပ် အသံမြည်အောင် မစားအပ်။)

၁၂။ ဆွမ်းဘုဉ်းနေစဉ် ရဟန်းတို့၏ အရိုး၊ အမှိုက်၊ ဝါးဖတ် စသည့် အညစ်အကြေးများကို စွန့်ပစ်နိုင်ရန် သီးသန့် အရိုးပန်းကန်/ အမှိုက်ခြင်း ထားပေးရမည်။ (ရဟန်းမှာ အရိုးများ၊ ဝါးဖတ်များကို မိမိစားသုံးသော ပန်းကန်ထဲ ထည့်လျှင် အာပတ်သင့်မည်။)

၁၃။ ဆွမ်းဟင်း အဆင်သင့်ပြင်ပြီး၍ ရဟန်းတို့အား ဆွမ်းကပ်ပြီးလျှင် ဝေယျာဝစ္စ ပြုလုပ်ပေးမည့် သူမှအပ ကျန်သူများ တခြားလွတ်လပ်သော တစ်နေရာတွင် သွားနေသင့်သည်။ မိမိလှူသောဆွမ်း ဘုဉ်းပေးနေသည်ကို ကြည်ညိုလိုလျှင်လည်း ခပ်လှမ်းလှမ်းမှသာ ကြည်ညိုသင့်သည်။ ရဟန်းတို့ လွတ်လွတ်လပ်လပ် ဘုဉ်းပေးပါစေ။

၁၄။ တချို့ ဒကာမများသည် မိမိချက်လာသော ဟင်းဖြစ်၍ အားရပါးရ အားပေးစေချင်ကြသည်။ ရဟန်းက မထိမတို့လျှင် အားမရဘဲ ဒကာမကိုယ်တိုင် ရဟန်း၏ ပန်းကန်းထဲသို့ အတင်း လိုက်ထည့်ပေးတတ်ကြ၏။ ရဟန်းမှာ ငြင်းမိလျှင်လည်း

အာပတ်သင့်နိုင်စရာ အကြောင်းဖြစ်နေ၍ မိမိ မနှစ်မြို့သော်လည်း လက်ခံလိုက်ရသည်များ ရှိတတ်သည်။ ထိုကြောင့် ရဟန်း၏ ပန်းကန်ထဲသို့ အတင်း ထည့်ပေးခြင်းများ မပြုမိဖို့ ဆင်ခြင်သင့်သည်။

၁၅။ ဆွမ်းဓုတင် (၅) မျိုး ဆောင်သော ရဟန်းများ ရှိတတ်သောကြောင့် ဆွမ်းဓုတင် ငါးမျိုးအကြောင်းလည်း သိထားသင့်သည်။ မသိလျှင်လည်း မိမိဆန္ဒအလျောက် အတင်းအကြပ် တောင်းဆိုခြင်းမျိုး မပြုမိအောင် သတိပြုရမည်။ အကင်းပါးဖို့ လိုအပ်ပါသည်။

၁၆။ ဆွမ်းစားချိန် ကျရောက်၍ ဆွမ်းစားကျောင်းဝင်ရန် ရဟန်းအား ပင့်ဖိတ်သောအခါ “ထမင်းသွားစားရအောင်”၊ “ထမင်းစားကြွပါ” စသည့် လူဝတ်ကြောင်တို့အတွက် သုံးသော ဝေါဟာရဖြင့် ပင့်ဖိတ်ခြင်း မပြုရ။ “ဆွမ်းဘုဉ်းဖို့ ကြွပါ” စသည့် ရဟန်းအသုံးအနှုန်းဖြင့်သာ ပင့်ဖိတ်သင့်သည်။

၁၇။ ဆွမ်းခံစားသော ရဟန်းအိုများတွင် အများဆုံး တွေ့ရသော ရောဂါဝေဒနာများမှာ အသည်းအဆီဖုံးနှင့် အသည်းကင်ဆာတို့ ဖြစ်သည်။ မြန်မာတို့ ရိုးရာဓလေ့အရ ဟင်းချက်လျှင် ဆီရွှဲနေမှ၊ ဆီနစ်နေမှ ဟင်းကောင်းသည်ဟု ယုံကြည်ကြသည်။

ဟင်းမှာ ဆီမပါလျှင် မျက်နှာမလှဟု ယူဆကြသည်။ ထိုကြောင့် ဘာဟင်းချက်ချက် ဆီကို နင့်နေအောင် သုံးကြသည်။ အရည်သောက်ဟင်းရည်ပင်လျှင် ဆီတဝင်းဝင်းနှင့် ဖြစ်နေတတ်သည်။ သပိတ်ထဲ၊ ပန်းကန်ထဲ နစ်နေအောင် ရှိနေသော ထိုဆီများသည် ရဟန်းတို့အား တိတ်တိတ်ပုန်း သက်ဖျက်နေသော

လပ်နက်များ ဖြစ်ပေသည်။ ထိုကြောင့် ဒကာမများ ဆွမ်းလောင်း၊ ဆွမ်းကပ်လျှင် ဟင်းထဲ ဆီကို တော်သင့်ရုံသာ အသုံးပြုသင့်သည်။ ဆွမ်းလောင်းမည်ဆိုလျှင် ဟင်းထဲမှ ဆီများ လုံးဝ ဖယ်ရှားပြီးမှ လောင်းသင့်သည်။ ထိုသို့မဟုတ်လျှင် သပိတ်၏ အောက်ခြေ သုံးပုံတစ်ပုံတွင် ဆီများ အိုင်ထွန်းနေတော့မည်။

၁၈။ မြတ်စွာဘုရား လက်ထက်တော်အခါက နေအိမ်၌ ဆွမ်းကပ်လျှင် ရဟန်းတစ်ပါး စားပွဲတစ်လုံးကျစီဖြင့် ဆွမ်းကပ်လှူကြောင်း မှတ်သားရသည်။ တချို့ နိုင်ငံခြားမှ ထေရဝါဒ ဘုန်းကြီးကျောင်းများတွင်လည်း ရဟန်းတစ်ပါးစီအတွက်

ဟင်းခွက်တစ်စုံစီ သီးသန့် ကပ်လှူကြောင်း ကြုံကြိုက်ဖူးသည်။ သို့သော် မြန်မာနိုင်ငံ၌ ရဟန်းသံဃာ များပြား၍ အကြောင်းအမျိုးမျိုးကြောင့် ထိုသို့ မလုပ်နိုင်ကြတော့ပါ။ ဖြစ်နိုင်လျှင် အရည်သောက်ဟင်းကို တစ်ပါးတစ်ခွက် စီစဉ်ပေးနိုင်လျှင် ကောင်းမည်။

(စားခွက်တစ်ခွက်တည်း ရဟန်းတစ်ပါးနှင့်အထက် အတူတူ စားလျှင် အာပတ်သင့်သည်။) အသစ်လာချသော အစားအစာကို ရဟန်းမှ “တော်ပြီ”၊ “မလိုဘူး”၊ “မထည့်နဲ့” စသဖြင့် တားမြစ်ပြီးလျှင် နောက်ထပ် လာချသော မည်သည့် အစားအစာကိုမျှ မသုံးဆောင်အပ်တော့ပေ။

မတားမြစ်ခင်က ရှိနှင့်ပြီးသော အစားအစာကိုမူ စားကောင်းသေး၏။ အကယ်၍ တားမြစ်ပြီး အသစ်ရောက်လာသော အစားအစာကို စားမျိုမိလျှင် အလုတ်တိုင်း အာပတ်သင့်၏။ ဝိနည်းအခေါ် ပဝါရိတ်သင့်သည်ဟု သုံးသည်။ ထိုကြောင့် ရဟန်းတို့မှာ တားမြစ်လိုလျှင်

ပရိယာယ်တစ်မျိုးဖြင့် “ပြည့်စုံပြီ” ဟု ပြောလေ့ရှိကြသည်။ ပြည့်စုံပြီဟု ပြောလာလျှင် အလိုက်သိစွာဖြင့် အတင်းအဓမ္မ ထပ်ထည့်ရန် မတောင်းဆိုသင့်။ အသားဟင်းများကို ပါးစပ်ဖြင့် ကိုက်ဖဲ့စားသုံးမှသာ အာပတ်သင့်ပါသည်။ လက်ဖြင့် ဖဲ့ယူစားသုံးလျှင် အပြစ်မရှိပါ။

သို့သော် အချိန်ကြာခြင်း၊ လက်ဝင်ခြင်းများကြောင့် ဖဲ့ရခက်၊ နွှာရခက်သော အသားဟင်းမျိုး ရှောင်သင့်ပါသည်။ ငါးဟင်းကဲ့သို့ ဖဲ့ရလွယ်သော အသားများ ဖြစ်ပါက အတုံးကြီးလည်း ပြဿနာ မရှိပေ။ဝိနည်းစည်းကမ်း သိပ်များတာ မှတ်ဖို့ မလွယ်ဘူးလို့ တွေးကြလိမ့်မည်။

အနှစ်ချုပ်ရလျှင် ဒကာဒကာမများအနေဖြင့် ဝိနည်းအကုန် သိဖို့မလို အလိုက်သိဖို့သာ အရေးကြီးပါကြောင်း ကျန်နေသေးသော ဝိနည်းဆိုင်ရာ မှတ်ဖွယ်များ ခေါင်းထဲပေါ်လာလျှင် ထပ်ဖြည့်ပေးပါမည်။ ခရက်ဒစ်

Zawgyi

၁။ အသားဟင္း ကပ္လွ်င္ အသားတုံးကို ဖဲ့စရာမလိုေသာ တစ္ကိုက္စာ အ႐ြယ္အစားမ်ား တုံးတစ္၍ ခ်က္ျပဳတ္သင့္သည္။

(ရဟန္းသည္ အသားတုံးကို ပါးစပ္ျဖင့္ ကိုက္ဖဲ့စားေသာက္လွ်င္ အာပတ္သင့္သည္။ဝက္ေျခေထာက္၊ ဂဏန္းဟင္း စေသာ ဟင္းလ်ာမ်ားမွာ အမ်ားေရွ႕တြင္ ဘုဥ္းေပးရန္ မသင့္ေလ်ာ္။)

၂။ င႐ုတ္သီး၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ စသည္တို႔ကို အလုံးလိုက္၊ အေတာင့္လိုက္ မကပ္ဘဲ ခြဲျခမ္းစိပ္ပိုင္း၍ ကပ္ရမယ္။ (ၾကက္သြန္ျဖဴ အလုံးလိုက္သည္ အပင္ျပန္ေပါက္နိုင္ေသးေသာေၾကာင့္ ျဖစ္သည္။)

၃။ တို႔စရာအျဖစ္ ဟင္း႐ြက္ အစိမ္းမ်ားကို ဟင္းလ်ာအျဖစ္ စီစဥ္ထားလွ်င္ ထိုဟင္း႐ြက္ကို (ဥပမာ – နံနံပင္) အပင္လိုက္ ဟင္းပြဲမျပင္ဘဲ တတ္နိုင္သမွ် ေသးေအာင္ ပိုင္းျဖတ္ထားသင့္သည္။

(တခ်ိဳ႕ ဟင္း႐ြက္ပင္တို႔သည္ အၫႊန႔္မွ / အကိုင္းမွ အပင္ျပန္ေပါက္နိုင္ေသးသည္။ ေရေႏြးစိမ္ထားလွ်င္ အေၾကာင္းမဟုတ္။)

၄။ အသီးအႏွံကို အခ်ိဳပြဲအျဖစ္ကပ္ရာတြင္ မည္သည့္ အသီးကိုမဆို အလုံးလိုက္ မထားဘဲ ခြဲစိတ္ထားသင့္သည္။ (စပ်စ္သီး၊ စေတာ္ဘယ္ရီသီးပါ မက်န္) (ဝိနည္းေလးစားၾကေသာ ဝိနယဂ႐ုက ရဟန္းေတာ္မ်ားသည္ သစ္သီးအေစ့ကို

ဝါးမိ၊ စားမိလွ်င္ အာပတ္သင့္သည္ဟု ယူၾကသည္။ ထိုေၾကာင့္ တတ္နိုင္လွ်င္ အသီးမ်ားမွ အေစ့ထုတ္၍ ကပ္လႉသင့္သည္။ အေစ့ဖယ္မရေသာ စေတာ္ဘယ္ရီသီးကိုမူ ဝိနည္းကံ “ကပၸိယံ ကေရာဟိ” ျပဳရမည္။) အထက္ပါ ၂ ႏွင့္ ၃ ပါ အစာအစားမ်ားကို

ကပၸိယမွ အပ္စပ္ေအာင္ “ကပၸိယံ ကေရာဟိ” ျပဳေပးနိုင္လွ်င္ ပိုေကာင္းမည္။ အမွတ္ ၄ ပါ သစ္သီးမွာ ေသးလြန္းလို႔ ခြဲဖို႔ အဆင္မေျပလွ်င္ “ကပၸိယံ ကေရာဟိ” လုပ္သင့္သည္။

၅။ အသားဟင္းကပ္ရာတြင္ တခ်ိဳ႕အသားဟင္းမွာ အမဲသားေလာ၊ ဆိတ္သားေလာ စသျဖင့္ ခြဲျခားရန္ ခက္ခဲတတ္ပါသည္။ ထိုသို႔ ရဟန္းက သံသယရွိလွ်င္ မည္သည့္အသားျဖစ္ေၾကာင္း ေလွ်ာက္ထားရမည္။ လိုအပ္လွ်င္ ဦးေအာင္ ေလွ်ာက္ထားပါ။

(ရဟန္းသည္ အသားဟင္းကို ျမင္လွ်င္ မည္သည့္ အသားမွန္း မသိဘဲ၊ မစုံစမ္းဘဲ မစားအပ္။ အာပတ္သင့္မည္။ ရဟန္းတို႔ မစားေကာင္းေသာ အသား ၁၀ မ်ိဳးကိုလည္း သိထားသင့္သည္။)

၆။ ဖားေအာက္ေတာရမ်ားႏွင့္ ယိုးဒယားရွမ္းေက်ာင္းမ်ားတြင္ ဆြမ္း/ဟင္းမ်ားကို ရဟန္းအား ကပ္ၿပီးပါက ထိုစားပြဲကို လူတို႔အား ေပးမကိုင္ ေပးမထိေတာ့ေခ်။ ထိုသို႔ မႀကိဳက္မွန္းသိလွ်င္ ဟင္းလိုက္ပြဲ ထည့္လိုပါက နီးစပ္ရာ ရဟန္းအား ဦးစြာ ခြင့္ေတာင္းသင့္သည္။

မိမိဆႏၵအေလ်ာက္ ဟင္းခြက္ကို လွမ္းယူျခင္း မျပဳသင့္။ (လူတို႔တြင္ ကပ္ပါေနေသာ ဖုန္မႈန႔္မ်ား အစားအစာထဲ ဝင္သြားလွ်င္ အကပ္ပ်က္သည္ဟု ယူဆေသာေၾကာင့္ ျဖစ္သည္။)

၇။ ဟင္းပြဲလိုက္ေသာ (ဟင္းလိုက္ပြဲထည့္ေသာ) သူမ်ားသည္ ဟင္းပြဲထပ္ထည့္လိုလွ်င္ ရဟန္းမ်ားကို ေမးျမန္းမေနဘဲ အလိုက္တသိ ထည့္ေပးရမည္။ (ေမးျမန္း၍ အကယ္၍ ရဟန္းက ျငင္းဆိုမိလွ်င္ တျခားအစာအစားမ်ား ထပ္ေတာင္းရန္ မျဖစ္နိုင္ေပ။ ျငင္းၿပီးေနာက္မွ ထပ္ထည့္ခိုင္းေသာ အစာကို စားမ်ိဳမိလွ်င္ အာပတ္သင့္၏။)

၈။ ဆြမ္းထမင္း လိုက္ပြဲကို ဒကာတစ္ေယာက္မွ လိုက္ထည့္ေပးျခင္းထက္ လိုက္ပြဲဇလုံအား ရဟန္း၏ အနားတြင္ ခ်ထားေပးျခင္းက ပိုသင့္ေလ်ာ္မည္။ သူအလိုရွိလွ်င္ သူ႕ဖာသာ ထည့္လိမ့္မည္။ သို႔မဟုတ္ ထည့္ေပးဖို႔ ေတာင္းဆိုလိမ့္မယ္။

၉။ ဆြမ္း/ဟင္းပြဲလိုက္သူသည္ ဆြမ္း/ဟင္း ထပ္ထည့္ရန္ အတင္းေတာင္းဆိုျခင္း မျပဳသင့္။ ရဟန္း၏ အမူအရာကို ပါးနပ္စြာ အကဲခတ္တတ္ရမည္။ ရဟန္းတို႔မွာ ဆြမ္းပြဲ၌ ထိုင္ေနစဥ္ မျငင္းမိေအာင္ သတိထားရသည္။ (အထက္ပါ အေၾကာင္းအရင္း)

၁၀။ ဟင္းပြဲလိုက္ေသာသူသည္ မိမိကိုင္ထားေသာ ဟင္းကို ရဟန္းတစ္ပါးပါးအား ကပ္ၿပီး၊ မၿပီး သတိျပဳရမည္။ စားဖိုေခ်ာင္မွ အသစ္ယူလာေသာ ဟင္းျဖစ္ပါက နီးစပ္ရာ ရဟန္းတစ္ပါးပါးအား အျမန္ဆုံး ကပ္လိုက္ပါ။ လိုက္ပြဲထည့္ရာတြင္လည္း “ကပ္ၿပီးသားပါဘုရား” ဟု သံသယကင္းရွင္းေစရန္ အလိုက္တသိ ေလွ်ာက္ထားသင့္သည္။

၁၁။ မုန႔္ဟင္းခါး၊ ေခါက္ဆြဲေၾကာ္၊ အုန္းနို႔ေခါက္ဆြဲ စသည့္ အမွ်င္ရွည္ပါေသာ ေခါက္ဆြဲဖက္မ်ားကို အရွည္အတိုင္း မထားဘဲ ခပ္တိုတို ညွပ္ၿပီးမွ ဘုဥ္းေပးရန္ ကပ္သင့္သည္။ (တစြတ္စြတ္ တပ်ပ္ပ်ပ္ အသံျမည္ေအာင္ မစားအပ္။)

၁၂။ ဆြမ္းဘုဥ္းေနစဥ္ ရဟန္းတို႔၏ အရိုး၊ အမွိုက္၊ ဝါးဖတ္ စသည့္ အညစ္အေၾကးမ်ားကို စြန႔္ပစ္နိုင္ရန္ သီးသန႔္ အရိုးပန္းကန္/ အမွိုက္ျခင္း ထားေပးရမည္။ (ရဟန္းမွာ အရိုးမ်ား၊ ဝါးဖတ္မ်ားကို မိမိစားသုံးေသာ ပန္းကန္ထဲ ထည့္လွ်င္ အာပတ္သင့္မည္။)

၁၃။ ဆြမ္းဟင္း အဆင္သင့္ျပင္ၿပီး၍ ရဟန္းတို႔အား ဆြမ္းကပ္ၿပီးလွ်င္ ေဝယ်ာဝစၥ ျပဳလုပ္ေပးမည့္ သူမွအပ က်န္သူမ်ား တျခားလြတ္လပ္ေသာ တစ္ေနရာတြင္ သြားေနသင့္သည္။ မိမိလႉေသာဆြမ္း ဘုဥ္းေပးေနသည္ကို ၾကည္ညိုလိုလွ်င္လည္း ခပ္လွမ္းလွမ္းမွသာ ၾကည္ညိုသင့္သည္။ ရဟန္းတို႔ လြတ္လြတ္လပ္လပ္ ဘုဥ္းေပးပါေစ။

၁၄။ တခ်ိဳ႕ ဒကာမမ်ားသည္ မိမိခ်က္လာေသာ ဟင္းျဖစ္၍ အားရပါးရ အားေပးေစခ်င္ၾကသည္။ ရဟန္းက မထိမတို႔လွ်င္ အားမရဘဲ ဒကာမကိုယ္တိုင္ ရဟန္း၏ ပန္းကန္းထဲသို႔ အတင္း လိုက္ထည့္ေပးတတ္ၾက၏။ ရဟန္းမွာ ျငင္းမိလွ်င္လည္း

အာပတ္သင့္နိုင္စရာ အေၾကာင္းျဖစ္ေန၍ မိမိ မႏွစ္ၿမိဳ႕ေသာ္လည္း လက္ခံလိုက္ရသည္မ်ား ရွိတတ္သည္။ ထိုေၾကာင့္ ရဟန္း၏ ပန္းကန္ထဲသို႔ အတင္း ထည့္ေပးျခင္းမ်ား မျပဳမိဖို႔ ဆင္ျခင္သင့္သည္။

၁၅။ ဆြမ္းဓုတင္ (၅) မ်ိဳး ေဆာင္ေသာ ရဟန္းမ်ား ရွိတတ္ေသာေၾကာင့္ ဆြမ္းဓုတင္ ငါးမ်ိဳးအေၾကာင္းလည္း သိထားသင့္သည္။ မသိလွ်င္လည္း မိမိဆႏၵအေလ်ာက္ အတင္းအၾကပ္ ေတာင္းဆိုျခင္းမ်ိဳး မျပဳမိေအာင္ သတိျပဳရမည္။ အကင္းပါးဖို႔ လိုအပ္ပါသည္။

၁၆။ ဆြမ္းစားခ်ိန္ က်ေရာက္၍ ဆြမ္းစားေက်ာင္းဝင္ရန္ ရဟန္းအား ပင့္ဖိတ္ေသာအခါ “ထမင္းသြားစားရေအာင္”၊ “ထမင္းစားႂကြပါ” စသည့္ လူဝတ္ေၾကာင္တို႔အတြက္ သုံးေသာ ေဝါဟာရျဖင့္ ပင့္ဖိတ္ျခင္း မျပဳရ။ “ဆြမ္းဘုဥ္းဖို႔ ႂကြပါ” စသည့္ ရဟန္းအသုံးအႏႈန္းျဖင့္သာ ပင့္ဖိတ္သင့္သည္။

၁၇။ ဆြမ္းခံစားေသာ ရဟန္းအိုမ်ားတြင္ အမ်ားဆုံး ေတြ႕ရေသာ ေရာဂါေဝဒနာမ်ားမွာ အသည္းအဆီဖုံးႏွင့္ အသည္းကင္ဆာတို႔ ျဖစ္သည္။ ျမန္မာတို႔ ရိုးရာဓေလ့အရ ဟင္းခ်က္လွ်င္ ဆီ႐ႊဲေနမွ၊ ဆီနစ္ေနမွ ဟင္းေကာင္းသည္ဟု ယုံၾကည္ၾကသည္။

ဟင္းမွာ ဆီမပါလွ်င္ မ်က္ႏွာမလွဟု ယူဆၾကသည္။ ထိုေၾကာင့္ ဘာဟင္းခ်က္ခ်က္ ဆီကို နင့္ေနေအာင္ သုံးၾကသည္။ အရည္ေသာက္ဟင္းရည္ပင္လွ်င္ ဆီတဝင္းဝင္းႏွင့္ ျဖစ္ေနတတ္သည္။ သပိတ္ထဲ၊ ပန္းကန္ထဲ နစ္ေနေအာင္ ရွိေနေသာ ထိုဆီမ်ားသည္ ရဟန္းတို႔အား တိတ္တိတ္ပုန္း သက္ဖ်က္ေနေသာ

လပ္နက္မ်ား ျဖစ္ေပသည္။ ထိုေၾကာင့္ ဒကာမမ်ား ဆြမ္းေလာင္း၊ ဆြမ္းကပ္လွ်င္ ဟင္းထဲ ဆီကို ေတာ္သင့္႐ုံသာ အသုံးျပဳသင့္သည္။ ဆြမ္းေလာင္းမည္ဆိုလွ်င္ ဟင္းထဲမွ ဆီမ်ား လုံးဝ ဖယ္ရွားၿပီးမွ ေလာင္းသင့္သည္။ ထိုသို႔မဟုတ္လွ်င္ သပိတ္၏ ေအာက္ေျခ သုံးပုံတစ္ပုံတြင္ ဆီမ်ား အိုင္ထြန္းေနေတာ့မည္။

၁၈။ ျမတ္စြာဘုရား လက္ထက္ေတာ္အခါက ေနအိမ္၌ ဆြမ္းကပ္လွ်င္ ရဟန္းတစ္ပါး စားပြဲတစ္လုံးက်စီျဖင့္ ဆြမ္းကပ္လႉေၾကာင္း မွတ္သားရသည္။ တခ်ိဳ႕ နိုင္ငံျခားမွ ေထရဝါဒ ဘုန္းႀကီးေက်ာင္းမ်ားတြင္လည္း ရဟန္းတစ္ပါးစီအတြက္

ဟင္းခြက္တစ္စုံစီ သီးသန႔္ ကပ္လႉေၾကာင္း ႀကဳံႀကိဳက္ဖူးသည္။ သို႔ေသာ္ ျမန္မာနိုင္ငံ၌ ရဟန္းသံဃာ မ်ားျပား၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုသို႔ မလုပ္နိုင္ၾကေတာ့ပါ။ ျဖစ္နိုင္လွ်င္ အရည္ေသာက္ဟင္းကို တစ္ပါးတစ္ခြက္ စီစဥ္ေပးနိုင္လွ်င္ ေကာင္းမည္။

(စားခြက္တစ္ခြက္တည္း ရဟန္းတစ္ပါးႏွင့္အထက္ အတူတူ စားလွ်င္ အာပတ္သင့္သည္။) အသစ္လာခ်ေသာ အစားအစာကို ရဟန္းမွ “ေတာ္ၿပီ”၊ “မလိုဘူး”၊ “မထည့္နဲ႕” စသျဖင့္ တားျမစ္ၿပီးလွ်င္ ေနာက္ထပ္ လာခ်ေသာ မည္သည့္ အစားအစာကိုမွ် မသုံးေဆာင္အပ္ေတာ့ေပ။

မတားျမစ္ခင္က ရွိႏွင့္ၿပီးေသာ အစားအစာကိုမူ စားေကာင္းေသး၏။ အကယ္၍ တားျမစ္ၿပီး အသစ္ေရာက္လာေသာ အစားအစာကို စားမ်ိဳမိလွ်င္ အလုတ္တိုင္း အာပတ္သင့္၏။ ဝိနည္းအေခၚ ပဝါရိတ္သင့္သည္ဟု သုံးသည္။ ထိုေၾကာင့္ ရဟန္းတို႔မွာ တားျမစ္လိုလွ်င္

ပရိယာယ္တစ္မ်ိဳးျဖင့္ “ျပည့္စုံၿပီ” ဟု ေျပာေလ့ရွိၾကသည္။ ျပည့္စုံၿပီဟု ေျပာလာလွ်င္ အလိုက္သိစြာျဖင့္ အတင္းအဓမၼ ထပ္ထည့္ရန္ မေတာင္းဆိုသင့္။ အသားဟင္းမ်ားကို ပါးစပ္ျဖင့္ ကိုက္ဖဲ့စားသုံးမွသာ အာပတ္သင့္ပါသည္။ လက္ျဖင့္ ဖဲ့ယူစားသုံးလွ်င္ အျပစ္မရွိပါ။

သို႔ေသာ္ အခ်ိန္ၾကာျခင္း၊ လက္ဝင္ျခင္းမ်ားေၾကာင့္ ဖဲ့ရခက္၊ ႏႊာရခက္ေသာ အသားဟင္းမ်ိဳး ေရွာင္သင့္ပါသည္။ ငါးဟင္းကဲ့သို႔ ဖဲ့ရလြယ္ေသာ အသားမ်ား ျဖစ္ပါက အတုံးႀကီးလည္း ျပႆနာ မရွိေပ။ဝိနည္းစည္းကမ္း သိပ္မ်ားတာ မွတ္ဖို႔ မလြယ္ဘူးလို႔ ေတြးၾကလိမ့္မည္။

အႏွစ္ခ်ဳပ္ရလွ်င္ ဒကာဒကာမမ်ားအေနျဖင့္ ဝိနည္းအကုန္ သိဖို႔မလို အလိုက္သိဖို႔သာ အေရးႀကီးပါေၾကာင္း က်န္ေနေသးေသာ ဝိနည္းဆိုင္ရာ မွတ္ဖြယ္မ်ား ေခါင္းထဲေပၚလာလွ်င္ ထပ္ျဖည့္ေပးပါမည္။ ခရက္ဒစ္