ဗဟုသုတ

သင်ဟာ ကော်ဖီကြိုက်လို့ သောက်နေတဲ့သူဆိုရင် ဒီစာကိုမဖြစ်မနေဖတ်ပါ

Unicode

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ကော်ဖီအလွန်အကျွံသောက်သုံးသူ အသက် ၃၀ အရွယ် Han Xiao အမည်ရှိတဲ့အမျိုးသမီးတစ်ဦးရဲ့နရိုးက သူမထက် အသက်နှစ်ဆကြီးတဲ့လူရဲ့နံရိုးများနှင့် ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။

Wuhan မြို့ မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Han ဟာ မကြာသေးခင်က တုပ်ကွေးရောဂါကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်အကြာအထိ ပြင်းထန်စွာ ချောင်းဆိုးနေခဲ့ပါတယ်။တစ်ညမှာ Han ဟာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ ပြင်းထန်တဲ့ချောင်းဆိုးခြင်းဝေဒနာခံစားခဲ့ရပြီးနောက် မခံရပ်နိုင်တဲ့ရင်ဘတ်နာကျင်မှုအဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ််။

ဓာတ်မှန်ရိုက်ပြီးနောက်မှာ သူမရဲ့ရင်ဘတ်နာကျင်မှုဟာ ပြင်းထန်တဲ့ချောင်းဆိုးခြင်းကြောင့် သူမရဲ့တတိယ ၊ စတုတ္ထနှင့် ပဉ္စမနံရိုးများမှာ အရိုးကျိုးသွားခဲ့ကြောင်းကို တွေ့ရှိခဲ့ရတယ် လို့ ဆရာဝန်က ပြောပြခဲ့ပါတယ်။

ထပ်မံအကဲဖြတ်မှုအနေဖြင့် Han ဟာ ကော်ဖီကို ရေသောက်သလို သောက်ခဲ့ပြီး ၇နှစ်အကြာ တစ်နေ့လျှင် ကော်ဖီခွက် ၁၀ ခွက်ကျော် သောက်သုံးခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပိုဆိုးတာက Han ဟာ အရိုးပွရောဂါဖြစ်ပွါးဖို့ လမ်းကြောင်းပေါ်ရောက်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ကော်ဖီအလွန်အကျွံသောက်သုံးခြင်းက လူငယ်များအကြား အရိုးပွရောဂါဖြစ်ပွါးမှုကိုကြီးထွားလာစေကြောင်းကို Chen Baojun အမည်ရှိတဲ့ရင်သားကင်ဆာခွဲစိတ်မှုဌာနရှိညွှန်ကြားရေးမှူးဒေါက်တာက ထောက်ပြပေးခဲ့ပါသေးတယ်။

ဟုတ်ပါတယ် ယနေ့ခေတ် လူငယ်တွေက အလုပ်အတွက် စိတ်နှစ်ထားတဲ့အခါ မအိပ်ချင်အောင် ကော်ဖီကို အလွန်အကျွံသောက်တတ်ကြပါတယ်။

Mia (Mckzone Daily)

Source : nextshark

တ႐ုတ္နိုင္ငံအေရွ႕ပိုင္းရွိ ေကာ္ဖီအလြန္အကြၽံေသာက္သုံးသူ အသက္ ၃၀ အ႐ြယ္ Han Xiao အမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးရဲ႕နရိုးက သူမထက္ အသက္ႏွစ္ဆႀကီးတဲ့လူရဲ႕နံရိုးမ်ားႏွင့္ ဆင္တူေနတာကို ေတြ႕ခဲ့ရပါတယ္။

Wuhan ၿမိဳ႕ မွ ႐ုံးဝန္ထမ္းတစ္ဦးျဖစ္တဲ့ Han ဟာ မၾကာေသးခင္က တုပ္ေကြးေရာဂါကူးစက္ခံခဲ့ရၿပီး ရက္သတၱပတ္အနည္းငယ္အၾကာအထိ ျပင္းထန္စြာ ေခ်ာင္းဆိုးေနခဲ့ပါတယ္။တစ္ညမွာ Han ဟာ ၁၀ မိနစ္ေက်ာ္ၾကာတဲ့အထိ ျပင္းထန္တဲ့ေခ်ာင္းဆိုးျခင္းေဝဒနာခံစားခဲ့ရၿပီးေနာက္ မခံရပ္နိုင္တဲ့ရင္ဘတ္နာက်င္မႈအျဖစ္သို႔ ေရာက္ရွိသြားခဲ့ပါတယ္္။

ဓာတ္မွန္ရိုက္ၿပီးေနာက္မွာ သူမရဲ႕ရင္ဘတ္နာက်င္မႈဟာ ျပင္းထန္တဲ့ေခ်ာင္းဆိုးျခင္းေၾကာင့္ သူမရဲ႕တတိယ ၊ စတုတၳႏွင့္ ပၪၥမနံရိုးမ်ားမွာ အရိုးက်ိဳးသြားခဲ့ေၾကာင္းကို ေတြ႕ရွိခဲ့ရတယ္ လို႔ ဆရာဝန္က ေျပာျပခဲ့ပါတယ္။

ထပ္မံအကဲျဖတ္မႈအေနျဖင့္ Han ဟာ ေကာ္ဖီကို ေရေသာက္သလို ေသာက္ခဲ့ၿပီး ၇ႏွစ္အၾကာ တစ္ေန႕လွ်င္ ေကာ္ဖီခြက္ ၁၀ ခြက္ေက်ာ္ ေသာက္သုံးခဲ့ေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပိုဆိုးတာက Han ဟာ အရိုးပြေရာဂါျဖစ္ပြါးဖို႔ လမ္းေၾကာင္းေပၚေရာက္ေနေၾကာင္းကို ေတြ႕ရွိခဲ့ရပါတယ္။ေကာ္ဖီအလြန္အကြၽံေသာက္သုံးျခင္းက လူငယ္မ်ားအၾကား အရိုးပြေရာဂါျဖစ္ပြါးမႈကိုႀကီးထြားလာေစေၾကာင္းကို Chen Baojun အမည္ရွိတဲ့ရင္သားကင္ဆာခြဲစိတ္မႈဌာနရွိၫႊန္ၾကားေရးမႉးေဒါက္တာက ေထာက္ျပေပးခဲ့ပါေသးတယ္။

ဟုတ္ပါတယ္ ယေန႕ေခတ္ လူငယ္ေတြက အလုပ္အတြက္ စိတ္ႏွစ္ထားတဲ့အခါ မအိပ္ခ်င္ေအာင္ ေကာ္ဖီကို အလြန္အကြၽံေသာက္တတ္ၾကပါတယ္။

Mia (Mckzone Daily)

Source : nextshark