International News

၂၀၂၀ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီများ

(၂၀၂၀) ခုနှစ်ကုန်လွန်ပြီး (၂၀၂၁) ခုနှစ်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်က ပရိသတ်တွေ သိတဲ့အတိုင်း ဝမ်းနည်းစရာတွေ ဒုက္ခပေါင်းစုံ ကြုံရတဲ့နှစ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ COVID-19 ရောဂါပြန့်ပွားမှုဖြစ်ခဲ့သလို လူသိများထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ အားကစားသမားတွေကိုလည်း ဆုံးရှုံးခဲ့ကြရတဲ့ နှစ်လည်းဖြစ်ခဲ့ပါတယ်။ ဒီကနေ့ (၂၀၂၀) ခုနှစ်အတွင်းမှာ ဆုံးရှုံးခဲ့လိုက်ရတဲ့ ကမ္ဘာကျော် ဆယ်လီတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Irrfan Khan

ဘောလိဝုဒ် မှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ ရုပ်ရှင်မင်းသားကြီး Irrfan Khan ဟာ ဧပြီလ (၂၉) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

Chadwick Boseman

Blank Panther အဖြစ် လူသိများထင်ရှားတဲ့ Chadwick Boseman ဟာလည်း နှစ်ရှည်လများခံစားနေရတဲ့ ကင်ဆာရောဂါကြောင့် သြဂုတ်လ (၂၈) ရက် သောကြာနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်အရွယ်ပဲ ရှိပါသေးတယ်။

Kobe Bryant

အမေရိကန် ဘတ်စကတ်ဘောအကျော်အမော် Kobe Bryant ဟာကမ္ဘာတစ်ဝှမ်းက အားကစားသမားတွေ လေးစားအားကျရသူဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကံမကောင်းစွာနဲ့ပဲ ရဟတ်ယာဉ်ပျက်ကျမှု အတွင်းမှာ ကွယ်လွန်ခဲ့ပါတယ်။

Diego Maradona

နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ Diego Maradona ကွယ်လွန်သွားခဲ့ပါတယ်။

Sean Connery

ဂျိမ်းစ်ဘွန်းအကြောင်း ပြောကြမယ်ဆိုရင် သူ့အကြောင်းကို အရင်စပြောရမယ်လို့ ဆိုကြတဲ့ ဂန္တဝင်စကော့တလန် မင်းသားကြီး Sean Connery (ရှောင်ကွန်နရီ) ဟာ ဘဟားမားနိုင်ငံမှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် (၉၀) ရှိနေပြီ ဖြစ်ပါတယ်။
credit original