Unicode
မင်္ဂလာပါ သူငယ်ချင်းတို့ရေ အောင်မြင်သူအများစုဟာ သူတို့အောင်မြင်မှုလှမ်းတက်နိုင်ဖို့ သူတို့ရဲ့ခြေလှမ်းတွေကို သေချာစွာဂရုစိုက်ကြပါတယ် ဒါကြောင့်လည်းပြုလုပ်သမျှအရာအားလုံးဟာ အမှားနည်းပြီး အောင်မြင်မှုကို ရရှိနိုင်တာပေါ့…
ဒါကြောင့် သူငယ်ချင်းတို့အတွက် အောင်မြင်သူတွေလှမ်းတက်ခဲ့တဲ့ ခြေလှမ်းအဆင့်တွေကို အနီးစပ်ဆုံးဖော်ပြပေးသွားမှာပါ…
Step One – ပန်းတိုင်ကိုသေချာသတ်မှတ်ပါ
အောင်မြင်မှုအတွက်အရေးကြီးဆုံးကတော့ မိမိရဲ့ပန်းတိုင်ပါ ပန်းတိုင်မရှိဘူးဆိုရင် အောင်မြင်မှုဆိုတာလည်းရှိစေမှာမဟုတ်ပါဘူး ပန်းတိုင်သတ်မှတ်တဲ့နေရာမှာလည်း မိမိရဲ့ အရောက်ချင်ဆုံးသောနေရာ အဖြစ်ချစ်ဆုံးသော ဆန္ဒကို သတ်မှတ်စေပြီး နေ့စဉ်ရေရွတ်စိတ်ခွန်အားယူကာကြိုးစားကြရပါတယ်…
Step Two – ယုံကြည်မှုတည်ဆောက်ပါ
မိမိက ပန်းတိုင်သတ်မှတ်ပြီးတာနဲ့ အဲ့ဒီပန်းတိုင် အောင်မြင်မှုကိုရောက်ဖို့ယုံကြည်မှုကအရေးကြီးဆုံးပါ။ မိမိကိုယ်ကိုယုံကြည်ရပါမယ် မိမိပန်းတိုင် မိမိအလုပ်ကိုယုံကြည်ရပါမယ် ကိုယ်က ယုံကြည်မှုတကယ့်ကိုပေးနိုင်တဲ့အလုပ်ဖြစ်ပါစေ ဒါမှမဖြစ်ဖြစ်အောင်လုပ်မယ့်ဟေ့ဆိုတဲ့စိတ်နဲ့အောင်မြင်မှုသို့ရောက်ရှိနိုင်မှာပါ…
Step Three – လမ်းကြောင်းတည်ဆောက်ပါ
အချို့တွေက မိမိအောင်မြင်မှုသို့ရောက်အောင် သွားတဲ့နေရာမှာ မျက်ကန်းတွေလိုပဲ လမ်းကြောင်းပေါ်မရောက်ပဲလွဲနေတတ်ပါတယ်အမှန်ကလမ်းကြောင်းကိုကိုယ်တိုင်သေချာသိအောင် မဆွဲထားလို့ပါ ဒါပြီးရင် ဒါလုပ်မယ် ဆိုတဲ့ ပရောဂျက် Plan ကို တစ်နှစ်စာဖြစ်စေ ငါးနှစ်စာဖြစ်စေ ကိုယ့်မှာရှိနေရင် ကိုယ်မှာလုပ်စရာအလုပ်တွေမပျက်ရှိနေမှာပါ…
Step Four – သင်ယူပါ
ကိုယ်အလုပ်ကို ကိုယ်အကျွမ်းကျင်ဆုံးဖြစ်နေပါစေ ဒါကြောင့်မည်သည့်နေရာမှဖြစ်စေ သင်ယူပါ…
Step Five – အဆက်အသွယ်ကောင်းများရှာဖွေပါ
မိမိရဲ့အလုပ်အတွက် အဆက်အသွယ်ကောင်းများဟာ အမြဲတစေလိုအပ်နေမှာပါ အဆက်အသွယ်တွေကတဆင့်မိမိအောင်မြင်ဖို့ကို ပိုမိုလွယ်ကူစေမှာပါ…
Step Six – လက်တွေ့လုပ်ဆောင်ပါ။ကိုယ့်ရဲ့လက်တွေ့ လုပ်ဆောင်ချက်ဟာဘယ်လောက်ပဲသေးငယ်နေပါစေ လက်တွေ့လုပ်ဆောင်ဖို့အရေးကြီးပါတယ်
အလုပ်တစ်ခုစတင်ချိန်မှာ အလုပ်ကြီးမှထပ်ကြီးလာမှာမဟုတ်ပါဘူး သေးငယ်တဲ့အောက်ခြေအလုပ်ခိုင်မာနေရင် အထက်ကိုတက်ဖို့အထောက်အကူဖြစ်မှာပါ ဒါကြောင့် စတဲ့အခါမှာ သေးငယ်တဲ့အလုပ်ဖြစ်ပါစေလက်တွေ့လုပ်ဆောင်သင့်ပါတယ်…
Step Seven – မှန်ကန်သောစိတ်ခွန်အားဖြင့်နေထိုင်ပါ
စိတ်ခွန်အားအရေးကြီးပါတယ် နေ့စဉ်မိမိကိုယ်ကို အားပေးနေရင်းရှေ့ဆက်ရပါမယ် အမှန်ကမိမိကိုယ်ကိုသာ အားကိုးရာယုံကြည်ရာ ဖြစ်ပါတယ် မိမိကိုယ်ကို ကြည်ညိုဖို့ဆိုတာ မိမိမှန်နေဖို့လိုပါတယ်
ဒါကြောင့်နေ့စဉ်မနက်တိုင်းမှာ ငါအောင်မြင်မယ့်လူဆိုပြီးယုံကြည်ပြီး စိတ်ခွန်အားယူပြီးရှေ့ဆက်ကြရင်း အောင်မြင်ကြပါစေဗျာ
Credit-Original Writer
Zawgyi
Step Four – သင်ယူပါ