ဗဟုသုတ

ငွေ….ပါးစပ်ပေါက်မပါပေမယ့် သူပါမှ အရာရောက်တဲ့နေရာတွေမှ အများကြီးပဲ

Unicode

ငွေ…ပါးစပ်ပေါက်မပါပေမယ့် သူပါမှ အရာရောက်တဲ့နေရာတွေမှ အများကြီးပဲ

ရှာတုန်းကသာ မနည်း ကုန်းရုန်းပြီးရှာရတာ ပြန်ထွက်သွားဖို့ကျတော့ လွယ်လွယ်လေးပဲ ငွေဆိုတာ အရာရာမဟုတ်ပေမယ့် သူမပါတဲ့အရာတွေကလဲ တော်တော်ကို ရှားပါးလာပါပြီ

ငွေ နဲ့ မေတ္တာကို ၀ယ်လို့မရဘူး ငွေရှိရင် ဘယ်သူမဆို အနားမှာ ရှိချင်တာပဲလေ ငွေ နဲ့ မိတ်ဆွေကောင်းသူငယ်ချင်းကောင်းကို ၀ယ်လို့မရဘူး ဒါပေမယ့် ငွေရှိမှ ခင်ချင်ကြတာချည်းပဲလေ ငွေ နဲ့ ကျန်းမာရေးကို ၀ယ်လို့မရဘူး မကျန်းမာတဲ့အချိန်ကျရင် ငွေက အရေးပါတာပဲလေ ငွေနဲ့ ပျော်ရွှင်မှုကို ၀ယ်လို့မရဘူး ဒါပေမယ့် ငွေရှိရင် ပျော်အောင်နေလို့ရတယ်

ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲတဲ့ ဒါတစ်ဖြေးဖြေးမှန်လာပါပြီ ပေါင်းသင်းဆက်ဆံရေးမှာ ပညာရေးမှာ ကျန်းမာရေးတွေမှာ ငွေဆိုတာ သာမန်ထက်ပိုပြီး လိုလာပြီလေ ငွေက စကားထပြောလိုက်တာနဲ့ ထိုင်ချသွားတဲ့ အမှန်တရားတွေမှ အများကြီးပဲ နေထိုင်မကောင်းဖြစ်တဲ့အခါ ငွေမရှိလို့ အသေခံခဲ့ရတာတွေမှ အများကြီးပဲ

ငွေ ကျန်းမာခြင်းကို ၀ယ်လို့မရပေမယ့် ငွေပုံပေးပြီး အသက်ဆက်နေရတဲ့ အခါတွေလဲရှိတယ် ငွေလေးမြင်တာနဲ့ မဲ့နေတဲ့ နှုတ်ခမ်းတွေ အလိုလို ပြုံးပြတတ်လာလိမ့်မယ် အိပ်ကပ်ဖောင်းနေရုံနဲ့ ဘေးနားကပ်ချင်တဲ့ လူတွေမှ တစ်ပုံတစ်ပင်ကြီးပဲ

ငွေဆိုတာ အရာရာကို ၀ယ်လို့မရပေမယ့် ငွေပါမှ ဖြစ်တဲ့ နေရာတွေမှ အများကြီးရှိသေးတယ် ဒါကြောင့် မျက်နှာမငယ်ချင်ရင် ငွေရှာပါ ရိုးရိုးလမ်းတွေမှာ လျှောက်ရတာထက် ငွေခင်းပြီးလျှောက်တဲ့လမ်းတွေက ပိုပြီး မြန်တတ်ပါတယ်

credit သျှင်ယွန်း

Zawgyi

ေငြ . . . ပါးစပ္ေပါက္မပါေပမယ့္ သူပါမွ အရာေရာက္တဲ့ေနရာေတြမွ အမ်ားႀကီးပဲ

ရွာတုန္းကသာ မနည္း ကုန္း႐ုန္းၿပီးရွာရတာ ျပန္ထြက္သြားဖို႔က်ေတာ့ လြယ္လြယ္ေလးပဲ ေငြဆိုတာ အရာရာမဟုတ္ေပမယ့္ သူမပါတဲ့အရာေတြကလဲ ေတာ္ေတာ္ကို ရွားပါလာပါၿပီ

ေငြ နဲ႕ ေမတၱာကို ၀ယ္လို႔မရဘူး ေငြရွိရင္ ဘယ္သူမဆို အနားမွာ ရွိခ်င္တာပဲေလ ေငြ နဲ႕ မိတ္ေဆြေကာင္းသူငယ္ခ်င္းေကာင္းကို ၀ယ္လို႔မရဘူး ဒါေပမယ့္ ေငြရွိမွ ခင္ခ်င္ၾကတာခ်ည္းပဲေလ ေငြ နဲ႕ က်န္းမာေရးကို ၀ယ္လို႔မရဘူး မက်န္းမာတဲ့အခ်ိန္က်ရင္ ေငြက အေရးပါတာပဲေလ ေငြနဲ႕ ေပ်ာ္႐ႊင္မႈကို ၀ယ္လို႔မရဘူး ဒါေပမယ့္ ေငြရွိရင္ ေပ်ာ္ေအာင္ေနလို႔ရတယ္

ေငြဆိုတာ ဒုတိယ ဘုရားသခင္ပဲတဲ့ ဒါ တေျဖးေျဖးမွန္လာပါၿပီ ေပါင္းသင္းဆက္ဆံေရးမွာ ပညာေရးမွာ က်န္းမာေရးေတြမွာ ေငြဆိုတာ သာမန္ထက္ပိုၿပီး လိုလာၿပီေလ ေငြက စကားထေျပာလိုက္တာနဲ႕ ထိုင္ခ်သြားတဲ့ အမွန္တရားေတြမွ အမ်ားႀကီးပဲ ေနထိုင္မေကာင္းျဖစ္တဲ့အခါ ေငြမရွိလို႔ အေသခံခဲ့ရတာေတြမွ အမ်ားႀကီးပဲ

ေငြ က်န္းမာျခင္းကို ၀ယ္လို႔မရေပမယ့္ ေငြပုံေပးၿပီး အသက္ဆက္ေနရတဲ့ အခါေတြလဲရွိတယ္ ေငြေလးျမင္တာနဲ႕ မဲ့ေနတဲ့ ႏႈတ္ခမ္းေတြ အလိုလို ၿပဳံးျပတတ္လာလိမ့္မယ္ အိပ္ကပ္ေဖာင္းေန႐ုံနဲ႕ ေဘးနားကပ္ခ်င္တဲ့ လူေတြမွ တစ္ပုံတစ္ပင္ႀကီးပဲ

ေငြဆိုတာ အရာရာကို ၀ယ္လို႔မရေပမယ့္ ေငြပါမွ ျဖစ္တဲ့ ေနရာေတြမွ အမ်ားႀကီးရွိေသးတယ္ ဒါေၾကာင့္ မ်က္ႏွာမငယ္ခ်င္ရင္ ေငြရွာပါ ရိုးရိုးလမ္းေတြမွာ ေလွ်ာက္ရတာထက္ ေငြခင္းၿပီးေလွ်ာက္တဲ့လမ္းေတြက ပိုၿပီး ျမန္တတ္ပါတယ္

credit သွ်င္ယြန္း