Cele News
ကလေးလေးကို ဆေးရုံမှ ပတ်ပေးထားတဲ့ အပတ်လေးမှာ အဖေ နာမည်ရော အမေနာမည်ရော ပါတဲ့ အတွက် စိတ်မကောင်းအရမ်းဖြစ်မိတယ်ဆိုတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ ပြည်သူချစ် ရုပ်ရှင်နဲ့သရုပ်ဆောင် မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။သူမကတော့ ပရဟိတ လုပ်ငန်းတွေက််ိုလည်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
သူမကတော့ စွန့်ပစ်ခံရတဲ့ကလေးအများအပြားကိုလည်း သူမရဲ့ သားသမီးရင်းချာသကဲ့သို့ ပြုစုပြိုးထောင်ပေးသောကြောင့် တစ်နိုင်ငံလုံးက ပရိတ်သတ်များကလည်း ဂုဏ်ယူမဆုံးဖြစ်ရတဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်နော်။
ဒီနေ့မှာတော့ ခိုင်နှင်းဝေက “မိုးစက်” လူမှုကူညီရေးအသင်းရဲ့ ဆက်သွယ်မှုကြောင့် ကလေးလေးတစ်ဦးကိုထပ်မံမွေးစားလိုက်ကြောင်းကို သူမရဲ့ ဖေ့ဘုတ်ပေ့မှာ အခုလိုပဲရေးသားဖော်ပြခဲ့ပါတယ်။
“သားလေး တစ်ယောက် စွန့်ပစ်သွားပြန်ပီရှင်…..မြောက်ဒဂုံ စွယ်တော်ဖူးလမ်း (၄၈)ရပ်ကွက် မှာ မွေးကာစ သားလေးအား “မိုးစက်” လူမှုကူညီရေး အသင်းမှ ကျမ ဆီ ဆက်သွယ် အကြောင်းကြားလာပါတယ်
ဆေးရုံမှ ပတ်ပေးထားတဲ့ အပတ်လေးမှာ အဖေ နာမည်ရော အမေနာမည်ရော ပါတဲ့ အတွက် စိတ်မကောင်းအရမ်းဖြစ်မိရင်း ကျမတို့ “ခိုင်” မိသားစု ရဲ့ (၄၃)ယောက်မြောက် သားလေး ကို ထပ်မံ ခေါ်ယူစောင့်ရှောက်ရပါဦးမယ်ရှင်..” ဆိုပြီး ၄၃ ယောက်မြောက် ကလေးလေးအဖြစ် မွေးစားလိုက်ပါပြီဖြစ်ကြောင်းရေးသားထားပါတယ်။
source-Khine Hnin Wai fb page