Local News

တစ်ချိန်ကကျောင်းဆရာမခုတော့ကူသူမရှိလမ်းပေါ်မှာစိတ်ဖောက်ပြန်ပြီးလျှောက်သွားနေရတဲ့အဖြစ်

Unicode

အရမ်းကြေကွဲစရာအဖြစ်အပျက်လေးပါအရင်ကတပည့်တွေကိုစာသင်ပေးခဲ့ပြီးနိုင်ငံ့သားကောင်းတွေမွေးထုတ်ပေးခဲ့တဲ့ဆရာမခုတော့ကူသူမရှိလမ်းပေါ်မှာစိတ်ဖောက်ပြန်ပြီးလျှောက်သွားနေရတဲ့အဖြစ်သို့ရောက်နေရပါပြီ ကြုံခဲ့ပြီးကူညီခဲ့တဲ့အစ်မတစ်ယောက်ကဒီအကြောင်းလေးကို

ခုလိုပြောပြထားပါတယ်”ပုံ့တို့တွေဂျင်းအကြီးကြီးမိခဲ့ကြတာပါငယ်ငယ်တုံးကမိဘတွေပြောတဲ့ပညာတတ်ရင်ထမင်းစားလက်မှတ်ရသွားပြီ၊လူတန်းစေ့လေးနေနိုင်ပြီဆိုတာဂျင်းပါ၊တကယ်ကကိုယ်ဘယ်လိုဘဝမှာနေရမယ်ဆိုတာကိုယ်ပြုခဲ့တဲ့အတိတ်ကံ၊ပစ္စုပ္ပန်ကံတွေနဲ့ဘဲဆိုင်တာပါ

ဒီအဖွားဆိုကျောင်းဆရာမဟောင်းတစ်ဦးပါအသက်ကြီးသူငယ်ပြန်တော့မိသားစုကအခုလိုစလင်းနဲ့ကံပြားကြားကားလမ်းဘေးမှာပစ်သွားကြတယ်စိတ်ဖောက်ပြီးလျှောက်သွားနေရှာတဲ့အဖွားကိုဆိုင်ကယ်ကထပ်တိုက်ပြေးသွားပြန်ပါတယ်ဒီလိုနဲ့အခုအဖွားဟာဖင်ဒရွတ်ဆွဲကြီးနဲ့နေပူပူ

ကတ္တရာလမ်းမပေါ်လျှောက်သွားနေရှာတယ်မကြည့်ရက်တဲ့လူတွေကလမ်းဘေးတဲထိုးပေးထားပေမဲ့လျှောက်သွားနေတာပါဘဲဒါကိုအကိုတစ်ယောက်ကတွေ့ပြီးပုံ့ဆီဆက်သွယ်လာခဲ့တာပါ။တကယ်ဆိုပုံ့ရိပ်သာလေးအရမ်းငွေကြေးခက်ခဲနေတဲ့အချိန်ပါဒီနေ့တောင်ရိပ်သာမှာ

မနက်ဖြန်အတွက်သုံးစရာငွေမရှိတော့လို့သူများဆီက(၅) သိန်းချေးခဲ့ရပါသေးတယ်ပုံ့ရိပ်သာအသုံးစရိတ်ကတနေ့ကို၃သိန်းအထက်မို့တလတလလောက်ငှဖို့မနဲပြူးပြဲနေအောင်ရှာရတာပါဒါပေမဲ့ဒီလိုဘဝတွေတွေ့ပြန်တော့လဲမကယ်ဘဲမနေနိုင်ပါဘူးကိုယ်သာရင်ဘတ်တွေ

အောင့်တဲ့အထိစိတ်ပင်ပန်းတွေခံမရရအောင်ရုန်းကန်ပြီးလူတွေထပ်ထပ်ကယ်ဖြစ်နေပါတယ်မနိုင်ဝန်ပေမဲ့ကြုံးရုန်းထမ်းနေပါတယ်၊အခုလဲအဖွားကိုကယ်ဖို့ပုံ့စလင်းမှာပါ၊ပုံ့လမ်းမှာတွေးမိတယ်၊လူတွေဟာကိုယ့်ဘဝအတွက်အသုံးမဝင်တော့ဘူးထင်ရင်သားသမီးကလဲမိဘကို

တိရိစ္ဆာန်တစ်ကောင်လိုလမ်းဘေးနေ၊လမ်းဘေးစား၊ကြိုက်တဲ့လူစော်ကားလို့ရတဲ့ဘဝမှာပစ်သွားဖို့ဝန်မလေးကြတော့သလိုကိုယ့်ဘဝအတွက်ရှုပ်တယ်လို့ထင်လာရင်ကိုးလလွယ်ဆယ်လဖွားကိုယ်မွေးထားတဲ့သားလဲမိဘအရင်းတွေကအမှိုက်တခုလိုကျီးထိုးထိုးခွေးစားစား

လွယ်လွယ်ဘဲလွှင့်ပစ်လိုက်ကြတယ်ဒီလိုနဲ့ဘဲဒါလူ့ဘဝပါလို့သတ်မှတ်ဖို့တောင်ခက်ခဲတဲ့တိရိစ္ဆာန်သာသာဘဝတွေနဲ့ရှင်သန်နေကြရရှာတဲ့သက်ကြီးရွယ်အိုတွေ၊လောကကြကိုအရွဲ့တိုက်မယ်ဆိုတဲ့မျိုးဆက်သစ်တွေများလာခဲ့တယ်ဒါဟာလောကပါလတရားတွေပျက်သုဉ်းလာလို့ပါ

ဘာသာရေးရှု့ဒေါင့်ကနေကြည့်ရင်တချိန်မှာသားကိုပစ်ခဲ့တဲ့အမိဟာသားကပစ်သွားတဲ့အမိဖြစ်လာမယ်အမိကိုပစ်မိတဲ့သားဟာလဲအမိကအပစ်ခံရတဲ့သားပြန်ဖြစ်လာမှာဘဲဒီလိုနဲ့သံသရာတွေလည်နေမယ်ပစ်သူများလေအပစ်ခံရသူများလေနဲ့လောကကြီးဆုတ်သွားမယ်ဒီလိုနဲ့ဘဲပုံ့တို့

မကယ်နိုင်တော့ထိများပြားလာမယ်ထင်ပါတယ်။ဒီလိုဆုတ်ကပ်ကြီးထဲရှင်သန်ရမယ့်လူဖြစ်နေတဲ့အတွက်ဘဝဆက်တိုင်းကြားသမျှမြင်သမျှဒုက္ခဟူသမျှကယ်တင်နိုင်သောသူဖြစ်ရပါလို၏ဆိုတဲ့ဆုလေးတစ်ခုတောင်းရင်းနဲ့နိဗ္ဗာန်ဆိုတာဘယ်မှန်းမသိကိုယ်ကယ်တဲ့လူတွေအဆင်ပြေစေဖို့

အတွက်လောဘ၊ဒေါသ၊မောဟတွေနဲ့ပြည့်နေတဲ့လားရားမကောင်းလောက်တဲ့ပရဟိတသမားဘဝမှာပျော်နေမိတယ်.”ပွင့်လာမယ့်ပန်းလေးတွေကိုမြေတောင်မြှောက်ပေးခဲ့တဲ့ဆရာမခုတော့ဒုက္ခရောက်နေရပါတယ်အဲအစ်မလည်းကူညီနေတယ်ကြားပါတယ်ပရိသတ်ကြီးတို့လည်

ကူနိုင်သူတွေတွေ့အောင်ဒီစာလေးကိုမျှဝေပေးပါဆရာမကျေးဇူးကိုအထူးဆပ်နိုင်ကြပါစေ။အချိန်ပေးပြီးဖတ်ရှု့ပေးကြသောပရိတ်သတ်ကြီးအားလုံးလည်းသာယာသောနေ့လေးဖြစ်ပါစေကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ခရက်ဒစ်Thin Shwe Sin Hlaing

Zawgyi











