ဗဟုသုတ

ကုန်စိမ်းရောင်းတဲ့ ဘ၀ကနေ သိန်းပေါင်း လေးသောင်းကျော် လှူနိုင်တဲ့အထိ ကြိုးစား နိုင်ခဲ့လို့ အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ

Unicode

ပရိတ်သတ်ကြီးရေ အခုတင်ပြ ပေးမယ့် အကြောင်းလေး ကတော့ကုန်စိမ်း ရောင်းတဲ့ ဘ၀ ကနေ သိန်းပေါင်း လေးသောင်းကျော် လှူနိုင်တဲ့ အထိကြိုးစားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့် ခံရကြောင်း ယမန် နေ့(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့်ရုပ် မြင်သံကြားတို့မှ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော် ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည် ကုမ္ပဏီ တို့၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာအမြင့် ဆုံး ဆု ( လူ ပုဂ္ဂိုလ်များ ) ပ ထ မ အ ဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်း ဂုဏ်ပြု ခြင်းခံခဲ့ရပါတယ်။

“အန်တီတို့က ဘဝကို အောက်ခြေ ကနေ စခဲ့ ရတာ ။ အိမ်ထောင် ထူ ကာစ ကတော့ အန်တီ့ အမျိုးသားကဆိုက္ကား နင်းပြီး အန်တီက ကုန် စိမ်း ရောင်းပြီး ဘဝကို စခဲ့ ရတာ။

တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားရင်း ခုတော့ လုပ်ငန်း အများ အပြားက မြန်မာပြည် အနှံ့ ခြေဆန့်နိုင်ခဲ့ပြီးရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက်၊ ဘုရား တည် အလှူဒါန အသီးသီး ပြုကြတယ် ။ အခုလို ဘွဲ့ထူး ချီးမြှင့်ခံရ‌တာ အထူး အထူးပဲ ဝမ်းသာ မိတယ်။ အရမ်းလဲ ပျော်ရပါတယ်၊ ပီတိ မျက်ရည် များလဲ ကျခဲ့ရ ပါတယ်။

တစ်မူးရလို့ တစ်ပဲလှူဒို့ရှမ်းတောင်သူ တူနိုင် ရိုးလားဆိုတဲ့ အတိုင်း ဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက် တွေ က ကျပါ များလာတော့ ရေပုံး၊ ရေအိုးထဲပြည့်လျှံ ရသလို အလှူ ဒါန တွေကလဲ တစ် ဖြည်း ဖြည်း တစ်စိမ့်စိမ့်လှူလာ ရင်းနဲ့ ဒါန ကုသိုလ်တွေ များလာ ခဲ့ရတာပါ။ ဒီဘွဲ့ဟာ အန်တီ့ ဘဝရဲ့ သမိုင်း မှတ်တမ်း မှတ်တိုင်လေး တစ်ခုဖြစ်လို့ အရမ်း အရမ်း ပျော်တာပေါ့။

သွားလေသူကြီး လဲ ရောက်ရှိရာ ဘုံကနေ အပြုံးပီတိ တွေနဲ့ ကြည့်နေ မှာ ပါ၊ သိနေ မှာပါ”ဟု သာသနာတော် ဆိုင် ရာ အမြင့်ဆုံး ဆု (လူပုဂ္ဂိုလ်များ)ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုခဲ့ပါတယ်။

အဆိုပါ အလှူရှင်သည် နေရာ ဌာန အသီး သီးတွင် ငွေကျပ် သိန်းပေါင်း လေးသောင်း ကျော် လှူဒါန်း ခဲ့ပြီး ဖြစ် ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ကို နိုင်ငံတော်မှ ချီးမြှင့် ပေးအပ်ခဲ့ပြီးကြောင်းသိရ တာကို ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှ ပေး လိုက်ပါတယ်နော်။

source : စွယ်စုံသုတ

Zawgyi

ပရိတ္သတ္ႀကီးေရ အခုတင္ျပ ေပးမယ့္ အေၾကာင္းေလး ကေတာ့ကုန္စိမ္း ေရာင္းတဲ့ ဘ၀ ကေန သိန္းေပါင္း ေလးေသာင္းေက်ာ္ လႉနိုင္တဲ့ အထိႀကိဳးစားနိုင္ခဲ့လို႔ အဂၢမဟာသီရိသုဓမၼသိဂႌဘြဲ႕ ခ်ီးျမင့္ခံရသူ ဆိုတဲ့ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။

သာသနာေတာ္ဆိုင္ရာ အျမင့္ဆုံးဆု (လူပုဂၢိဳလ္မ်ား) ပထမအဆင့္ကို မိုးေကာင္းၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦး ခ်ီးျမႇင့္ ခံရေၾကာင္း ယမန္ ေန႕(၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႕က နိုင္ငံပိုင္သတင္းစာႏွင့္႐ုပ္ ျမင္သံၾကားတို႔မွ ထုတ္ျပန္ ေၾကျငာခဲ့ပါတယ္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ ေနာင္ကိုင္ေတာ္ ရပ္ကြက္ေန မေနာဧကရီႏွင့္ ၿမိဳ႕ျပေ႐ႊျပည္ ကုမၸဏီ တို႔၏ မန္ေနဂ်င္း ဒါရိုက္တာ ေဒၚခင္ျမင့္ဦးသည္ နိုင္ငံေတာ္မွ ခ်ီးျမႇင့္သည့္ သာသနာေတာ္ဆိုင္ရာအျမင့္ ဆုံး ဆု ( လူ ပုဂၢိဳလ္မ်ား ) ပ ထ မ အ ဆင့္ အဂၢမဟာသီရိသုဓမၼသိဂႌဘြဲ႕ကို အပ္ႏွင္း ဂုဏ္ျပဳ ျခင္းခံခဲ့ရပါတယ္။

“အန္တီတို႔က ဘဝကို ေအာက္ေျခ ကေန စခဲ့ ရတာ ။ အိမ္ေထာင္ ထူ ကာစ ကေတာ့ အန္တီ့ အမ်ိဳးသားကဆိုကၠား နင္းၿပီး အန္တီက ကုန္ စိမ္း ေရာင္းၿပီး ဘဝကို စခဲ့ ရတာ။

တစ္ဆင့္ၿပီး တစ္ဆင့္ ႀကိဳးစားရင္း ခုေတာ့ လုပ္ငန္း အမ်ား အျပားက ျမန္မာျပည္ အႏွံ႕ ေျခဆန႔္နိုင္ခဲ့ၿပီးရလာတဲ့အျမတ္ေငြထဲက ေက်ာင္းေဆာက္၊ ဘုရား တည္ အလႉဒါန အသီးသီး ျပဳၾကတယ္ ။ အခုလို ဘြဲ႕ထူး ခ်ီးျမႇင့္ခံရ‌တာ အထူး အထူးပဲ ဝမ္းသာ မိတယ္။ အရမ္းလဲ ေပ်ာ္ရပါတယ္၊ ပီတိ မ်က္ရည္ မ်ားလဲ က်ခဲ့ရ ပါတယ္။

တစ္မူးရလို႔ တစ္ပဲလႉဒို႔ရွမ္းေတာင္သူ တူနိုင္ ရိုးလားဆိုတဲ့ အတိုင္း ဘဲ မိုးေပၚကက်လာတဲ့ မိုးေရေပါက္ ေတြ က က်ပါ မ်ားလာေတာ့ ေရပုံး၊ ေရအိုးထဲျပည့္လွ်ံ ရသလို အလႉ ဒါန ေတြကလဲ တစ္ ျဖည္း ျဖည္း တစ္စိမ့္စိမ့္လႉလာ ရင္းနဲ႕ ဒါန ကုသိုလ္ေတြ မ်ားလာ ခဲ့ရတာပါ။ ဒီဘြဲ႕ဟာ အန္တီ့ ဘဝရဲ႕ သမိုင္း မွတ္တမ္း မွတ္တိုင္ေလး တစ္ခုျဖစ္လို႔ အရမ္း အရမ္း ေပ်ာ္တာေပါ့။

သြားေလသူႀကီး လဲ ေရာက္ရွိရာ ဘုံကေန အၿပဳံးပီတိ ေတြနဲ႕ ၾကည့္ေန မွာ ပါ၊ သိေန မွာပါ”ဟု သာသနာေတာ္ ဆိုင္ ရာ အျမင့္ဆုံး ဆု (လူပုဂၢိဳလ္မ်ား)ပထမအဆင့္ အဂၢမဟာသီရိသုဓမၼသိဂႌ ဘြဲ႕ရ ေဒၚခင္ျမင့္ဦးက ဆိုခဲ့ပါတယ္။

အဆိုပါ အလႉရွင္သည္ ေနရာ ဌာန အသီး သီးတြင္ ေငြက်ပ္ သိန္းေပါင္း ေလးေသာင္း ေက်ာ္ လႉဒါန္း ခဲ့ၿပီး ျဖစ္ ေၾကာင္းႏွင့္ ၂၀၁၉ ခုႏွစ္ကလည္း သီဟသုဓမၼသိဂႌဘြဲ႕ကို နိုင္ငံေတာ္မွ ခ်ီးျမႇင့္ ေပးအပ္ခဲ့ၿပီးေၾကာင္းသိရ တာကို ပရိတ္သတ္ႀကီးအတြက္ ျပန္လည္ ေဝမွ် ေပး လိုက္ပါတယ္ေနာ္။

source : စြယ္စုံသုတ