ဗဟုသုတ

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံး (၄၇)ဘွဲ့ရစစ်ကိုင်းတိပိဋကဆရာတော်

Unicode

(၄၇)ဘွဲ့ရစစ်ကိုင်းတိပိဋကဆရာတော်

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အမျ ားဆုံးရရှိထားသော ဆရာတော်အရှင်မြတ်မှာ စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန ္တအဘိဇာတာလင်္ကာရာဘိဝံသဖြစ်သည်။

ဆရာတော်သည် မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ စာမေးပွဲ,စာပြန်ပွဲပေါင်း(၅၀) ကျေ ာ်(၆၀)ခန့်ကို ဖြေဆို,ပြန်ဆိုအောင်မြင်ထားသလို ဓမ္မာစရိယ(၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့၊တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့နှင့်အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့မျ ားအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့တိတိကိုဆွတ်ခူးရရှိထားပါသည်။

ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ဆင်နင်းကျေ းရွာ ခမည်းတော်ဦးတင်ရ+မယ်တော်ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊(၂၉-၉-၆၈) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။

ဆရာတော်၌မွေးချ င်းခုနစ်ယောက်ရှိရာတွင်တတိယမြောက် သားရတနာဖြစ်သည်။

ပထမမြောက်သားရတနာနှင့်ပဥ္စမမြောက် သားရတနာတို့သည်လည်းရဟန်းတော်မျ ားပင်ဖြစ်သည်။ သာမဏေကျေ ာ်၊သ.စ.အ ဓမ္မာစရိယဘွဲ့ရပညာတတ်ပုဂ္ဂို လ်ချ ည်းဖြစ်သည်။

ဆရာတော်သည် ၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း(၁၁)ရက် (၂၉-၁၀-၇၉) ကြာသာပတေးနေ့တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ် နတ်တော်လပြည့်ကျေ ာ်(၁၁)ရက်(၁၄-၁၁-၇၉) သောကြာနေ့မှာပင် စစ်ကိင်းမြို ့၊ မဟာသုဗောဓာရုံကျေ ာင်းတိုက်သို့ရောက်ရှိခဲ့ပြီး

ထိုကျေ ာင်းတိုက်မှာပင် အခြေခံတန်းမျ ားမှစ၍ တိပိဋကပြီးသည်အထိ သီတင်းသုံးကာပညာသင်ယူခဲ့သည်။

ရှင်သာဏေဘဝဖြင့်ပင်`သာသနာလင်္ကာရသာမဏေကျေ ာ်´ဘွဲ့နှင့်`သာသနဓဇဓမ္မာစရိယ´ဘွဲ့တို့ကိုလည်းဆွတ်ခူးရရှိခဲ့သည်။

မြင့်မြတ်သော ရဟန်းအဖြစ်ကိုမူ ၁၃၄၉-ခုနှစ်၊ပြာသိုလပြည့်ကျေ ာ်(၁)ရက် (၄-၁-၈၈) တနင်္လာနေ့(လွတ်လပ်ရေးနေ့)တွင်ဝက်လက်မြို ့၊ကြံ့ခိုင်ရပ် ဦးသန်းထွန်း+ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို ့၊သီရိရပ်ဓမ္မာရုံကျေ ာင်း သာသနဝိလာသိနီသိမ်တော်၌ စစ်ကိုင်းမြို့မဟာသုဗောဓာရုံကျေ င်းတိုက် အာရာမသမုဋ္ဌာပကတွဲဖက်ရွှေကျ င်သာသနာပိုင်ဆရာတော်ကိုဥပဇ္ဈ ာယ်ပြု၍ရောက်ရှိခဲ့သည်။

ဆရာတော်သည် ရဟန်းဖြစ်သည့်နှစ်မှစ၍ ယနေ့တိုင်အောင် စာဝါပို့ချ ပေးခဲ့သည်။

မဟာသုဗောဓာရုံကျေ ာင်းတိုက်၌ တိုက်ကြပ်တာဝန်ကိုထမ်းဆောင်ခဲ့သည်။စာသင်သားမျ ားအတွက်လည်း ကျ မ်းစာအုပ်(၅)အုပ်ကိုရေးသားထုတ်ဝေဓမ္မဒါနပြု ခဲ့သည်။

မန္တလေးမြို ့၊ပြည်ကြီးတံခွန်မြို ့နယ်တွင် နောင်တော်,ညီတော်မျ ားနှင့်တွဲဖက်၍..`ဓမ္မမာနိတာရုံစာသင်တိုက်´ကိုလည်းတည်ထောင်ဖွင့်လှစ်ခဲ့သလိုရန်ကုန်မြို့၊ ဒဂုံမြို ့သစ် မြောက်ပိုင်း၌လည်း`သဒ္ဓမ္မမာနိတာရုံကျေ ာင်းတိုက်´ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။

လူမှုရေးပရဟိတလုပ်ငန်းအနေဖြင့် မုံရွာမြို ့၌ကရုဏာမြင့်မိုရ်လူမှုကူညီရေးအသင်းနှင့်ဆေးပေးခန်း၊ဇာတိဆင်နင်းရွာ၌ပတ္တမြားရောင်စာကြည့်တိုက် စသောလုပ်ငန်းမျ ားကိုဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ယခုအခါ မုံရွာမြို ့၊သဒ္ဓမ္မဇောတိကသုဗောဓာရုံကျေ ာင်းတိုက်၌ နာယကဆရာတော်အဖြစ်သီတင်းသုံးကာ စာပေပို့ချ ရင်း တရားဓမ္မမျ ား ဟောကြားရင်း သာသနာ့တာဝန်ကိုထမ်းဆောင်လျ က်ပါကြောင်းသုတဗုဒ္ဓတစ်ဆူဖြစ်သော သာသနာ့အာဇာနည်အရှင်မြတ်စစ်ကိုင်းတိပိဋကဆရာတော်၏ အတ္ထု ပ္ပတ္တိအား အမျ ားသူငါကြည်ညို သဒ္ဓါပွားမျ ားနိုင်ရန်အမြွက်မျှ တင်ပြလိုက်ပါသည်။

မေတ္တာဖြင့် အရှင်စန္ဒသိရီ[တာဝ]

ပြန်လည်မျှဝေ ပူဇော်ပါသည်

Unicode

(၄၇)ဘြဲ႕ရစစ္ကိုင္းတိပိဋကဆရာေတာ္

ျမန္မာနိုင္ငံ ပရိယတၱိပညာေရး ေလာက၌တစ္နိုင္ငံလုံးဘြဲ႕တံဆိပ္ေတာ္ အမ် ားဆုံးရရွိထားေသာ ဆရာေတာ္အရွင္ျမတ္မွာ စစ္ကိုင္းတိပိဋကဆရာေတာ္ ဘဒၵန ၱအဘိဇာတာလကၤာရာဘိဝံသျဖစ္သည္။

ဆရာေတာ္သည္ ျမန္မာျပည္အနယ္နယ္ အရပ္ရပ္ရွိ စာေမးပြဲ,စာျပန္ပြဲေပါင္း(၅၀) ေက် ာ္(၆၀)ခန႔္ကို ေျဖဆို,ျပန္ဆိုေအာင္ျမင္ထားသလို ဓမၼာစရိယ(၁၀)ဘြဲ႕၊ ပါဠိပါရဂူ(၃)ဘြဲ႕၊ ဝိဒူ(၅)ဘြဲ႕၊ မဟာဝိဒူ(၅)ဘြဲ႕၊တိပိဋကဓရ၊တိပိဋကေကာဝိဒဘြဲ႕ႏွင့္အျခားအစိုးရ တိပိဋကဆိုင္ရာ ဘြဲ႕မ် ားအပါအဝင္ ဘြဲ႕တံဆိပ္ေတာ္(၄၇)ဘြဲ႕တိတိကိုဆြတ္ခူးရရွိထားပါသည္။

ဆရာေတာ္ကို စစ္ကိုင္းတိုင္းေဒသႀကီး၊ဝက္လက္ၿမိဳ႕နယ္၊ဆင္နင္းေက် း႐ြာ ခမည္းေတာ္ဦးတင္ရ+မယ္ေတာ္ေဒၚၫြန႔္ခင္တို႔မွ ၁၃၃၀-ျပည့္ႏွစ္၊ သီတင္းကြၽတ္လဆန္း(၈)ရက္၊(၂၉-၉-၆၈) တနဂၤေႏြေန႕တြင္ ဖြားျမင္ခဲ့ေသာ သားရတနာျဖစ္သည္။

ဆရာေတာ္၌ေမြးခ် င္းခုနစ္ေယာက္ရွိရာတြင္တတိယေျမာက္ သားရတနာျဖစ္သည္။

ပထမေျမာက္သားရတနာႏွင့္ပၪၥမေျမာက္ သားရတနာတို႔သည္လည္းရဟန္းေတာ္မ် ားပင္ျဖစ္သည္။ သာမေဏေက် ာ္၊သ.စ.အ ဓမၼာစရိယဘြဲ႕ရပညာတတ္ပုဂၢိဳ လ္ခ် ည္းျဖစ္သည္။

ဆရာေတာ္သည္ ၁၃၄၁-ခုႏွစ္၊ နတ္ေတာ္လဆန္း(၁၁)ရက္ (၂၉-၁၀-၇၉) ၾကာသာပေတးေန႕တြင္ ရွင္သာမေဏအျဖစ္သို႔ေရာက္ရွိခဲ့ၿပီး ထိုႏွစ္ နတ္ေတာ္လျပည့္ေက် ာ္(၁၁)ရက္(၁၄-၁၁-၇၉) ေသာၾကာေန႕မွာပင္ စစ္ကိင္းၿမိဳ ့၊ မဟာသုေဗာဓာ႐ုံေက် ာင္းတိုက္သို႔ေရာက္ရွိခဲ့ၿပီး

ထိုေက် ာင္းတိုက္မွာပင္ အေျခခံတန္းမ် ားမွစ၍ တိပိဋကၿပီးသည္အထိ သီတင္းသုံးကာပညာသင္ယူခဲ့သည္။

ရွင္သာေဏဘဝျဖင့္ပင္`သာသနာလကၤာရသာမေဏေက် ာ္´ဘြဲ႕ႏွင့္`သာသနဓဇဓမၼာစရိယ´ဘြဲ႕တို႔ကိုလည္းဆြတ္ခူးရရွိခဲ့သည္။

ျမင့္ျမတ္ေသာ ရဟန္းအျဖစ္ကိုမူ ၁၃၄၉-ခုႏွစ္၊ျပာသိုလျပည့္ေက် ာ္(၁)ရက္ (၄-၁-၈၈) တနလၤာေန႕(လြတ္လပ္ေရးေန႕)တြင္ဝက္လက္ၿမိဳ ့၊ႀကံ့ခိုင္ရပ္ ဦးသန္းထြန္း+ေဒၚဟန္ၫြန႔္တို႔၏ ပစၥယာႏုဂၢဟျဖင့္ ဝက္လက္ၿမိဳ ့၊သီရိရပ္ဓမၼာ႐ုံေက် ာင္း သာသနဝိလာသိနီသိမ္ေတာ္၌ စစ္ကိုင္းၿမိဳ႕မဟာသုေဗာဓာ႐ုံေက် င္းတိုက္ အာရာမသမု႒ာပကတြဲဖက္ေ႐ႊက် င္သာသနာပိုင္ဆရာေတာ္ကိုဥပဇၩ ာယ္ျပဳ၍ေရာက္ရွိခဲ့သည္။

ဆရာေတာ္သည္ ရဟန္းျဖစ္သည့္ႏွစ္မွစ၍ ယေန႕တိုင္ေအာင္ စာဝါပို႔ခ် ေပးခဲ့သည္။

မဟာသုေဗာဓာ႐ုံေက် ာင္းတိုက္၌ တိုက္ၾကပ္တာဝန္ကိုထမ္းေဆာင္ခဲ့သည္။စာသင္သားမ် ားအတြက္လည္း က် မ္းစာအုပ္(၅)အုပ္ကိုေရးသားထုတ္ေဝဓမၼဒါနျပဳ ခဲ့သည္။

မႏၲေလးၿမိဳ ့၊ျပည္ႀကီးတံခြန္ၿမိဳ ့နယ္တြင္ ေနာင္ေတာ္,ညီေတာ္မ် ားႏွင့္တြဲဖက္၍..`ဓမၼမာနိတာ႐ုံစာသင္တိုက္´ကိုလည္းတည္ေထာင္ဖြင့္လွစ္ခဲ့သလိုရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ ့သစ္ ေျမာက္ပိုင္း၌လည္း`သဒၶမၼမာနိတာ႐ုံေက် ာင္းတိုက္´ကိုတည္ေထာင္ဖြင့္လွစ္ခဲ့သည္။

လူမႈေရးပရဟိတလုပ္ငန္းအေနျဖင့္ မုံ႐ြာၿမိဳ ့၌က႐ုဏာျမင့္မိုရ္လူမႈကူညီေရးအသင္းႏွင့္ေဆးေပးခန္း၊ဇာတိဆင္နင္း႐ြာ၌ပတၱျမားေရာင္စာၾကည့္တိုက္ စေသာလုပ္ငန္းမ် ားကိုေဆာင္႐ြက္ခဲ့သည္။

ဆရာေတာ္သည္ ယခုအခါ မုံ႐ြာၿမိဳ ့၊သဒၶမၼေဇာတိကသုေဗာဓာ႐ုံေက် ာင္းတိုက္၌ နာယကဆရာေတာ္အျဖစ္သီတင္းသုံးကာ စာေပပို႔ခ် ရင္း တရားဓမၼမ် ား ေဟာၾကားရင္း သာသနာ့တာဝန္ကိုထမ္းေဆာင္လ် က္ပါေၾကာင္းသုတဗုဒၶတစ္ဆူျဖစ္ေသာ သာသနာ့အာဇာနည္အရွင္ျမတ္စစ္ကိုင္းတိပိဋကဆရာေတာ္၏ အတၳဳ ပၸတၱိအား အမ် ားသူငါၾကည္ညို သဒၶါပြားမ် ားနိုင္ရန္အႁမြက္မွ် တင္ျပလိုက္ပါသည္။

ေမတၱာျဖင့္ အရွင္စႏၵသိရီ[တာဝ]

ျပန္လည္မွ်ေဝ ပူေဇာ္ပါသည္