ဗဟုသုတ

ခရစ်ယာန်ဘာသာမှဗုဒ္ဓဘာသာသို့ လူဦးရေ (၁၀၀)ကျော်ကူးပြောင်းသွားသည့် ရွာတစ်ရွာ

Unicode

ခရစ်ယာန်ဘာသာမှဗုဒ္ဓဘာသာသို့ လူဦးရေ (၁၀၀)ကျော်ကူးပြောင်းသွားသည့် ရွာတစ်ရွာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ လွယ်ခွန် ကျေးရွာတွင် အိမ်ထောင်စု ၂၁ စုမှ ခရစ်ယာန် ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ အခမ်းအနားဖြင့် ကူးပြောင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ရွာက ကားလမ်းမပေါက်ဘူး။ မြို့ကနေ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် သွားရတယ်။ အရင်က ခရစ်ယာန် ဘာသာ ကိုးကွယ်ကြရာကနေ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာကြလို့ ဘာသာ ပြောင်းပေးရတာပါ” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ဘာသာ ကူးပြောင်းပွဲတွင် အိမ်ထေင်စု ၂၁ စုမှ လူဦးရေ ၁၁ဝ ဦးကို ငါးပါးသီလ ခံယူစေကာ သရဏဂုံ တင်ပြီး နောက် တရားဓမ္မများ ဟောကြားခဲ့ကာ မိသားစုများ ကိုးကွယ်ရန် အတွက် ဉာဏ်တော် ၁၁ လက်မ အမြင့်ရှိ ရုပ်ပွားတော် ၂၁ ဆူကို ပင့်ဆောင် စေခဲ့ကြောင်း သိရသည်။

“ငါတို့ အရင်ကထက် အေးချမ်းလာတယ်၊ စိတ်မှာလည်း ကြည်နူးတယ်။ ဘဝ ဆိုတာကိုလည်း ပိုသိလာနေတယ်” ဟု လွယ်ခွန်းကျေးရွာ မှ ဦးဂိုလေးက ပြောသည်။

အဆိုပါ လွယ်ခွန်း ကျေးရွာတွင် အိမ်ထောင်စု ၃၃ စု ရှိရာ ယခုတွင် နှစ်ခြင်းခရစ်ယာန် ၅ စု၊ မက်သဒစ် ခရစ်ယာန် ၇ စုနှင့် ဗုဒ္ဓဘာသာ ၂၁ စု တို့ နေထိုင် နေကြပြီး ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲ စေရန် အတွက် သာသနာ ဟိတကာ (ဝိဟာရ) ကျောင်းကို တစ်ပါတည်း ကျောင်းအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်နယ် အတွင်းရှိ ကျေးရွာများမှ လှူဒါန်းငွေ များဖြင့် ယင်းကျေးရွာသို့ ကားလမ်း ဖောက်လုပ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။Credit-

Zawgyi

ဒီေန႕မနက္ ခရစ္ယာန္ဘာသာမွဗုဒၶဘာသာသို႔ လူဦးေရ (၁၀၀)ေက်ာ္ကူးေျပာင္းသြားသည့္ ႐ြာတစ္႐ြာ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္ရွိ လြယ္ခြန္ ေက်း႐ြာတြင္ အိမ္ေထာင္စု ၂၁ စုမွ ခရစ္ယာန္ ဘာသာဝင္ လူဦးေရ ၁၀၀ ေက်ာ္ ဗုဒၶဘာသာသို႔ အခမ္းအနားျဖင့္ ကူးေျပာင္း ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

“႐ြာက ကားလမ္းမေပါက္ဘူး။ ၿမိဳ႕ကေန ကားတစ္တန္၊ ဆိုင္ကယ္တစ္တန္ သြားရတယ္။ အရင္က ခရစ္ယာန္ ဘာသာ ကိုးကြယ္ၾကရာကေန ဗုဒၶဘာသာကို သက္ဝင္ ယုံၾကည္လာၾကလို႔ ဘာသာ ေျပာင္းေပးရတာပါ” ဟု ဆရာေတာ္ ဦးေသာဘိတက မိန႔္ၾကားသည္။

ဘာသာ ကူးေျပာင္းပြဲတြင္ အိမ္ေထင္စု ၂၁ စုမွ လူဦးေရ ၁၁ဝ ဦးကို ငါးပါးသီလ ခံယူေစကာ သရဏဂုံ တင္ၿပီး ေနာက္ တရားဓမၼမ်ား ေဟာၾကားခဲ့ကာ မိသားစုမ်ား ကိုးကြယ္ရန္ အတြက္ ဉာဏ္ေတာ္ ၁၁ လက္မ အျမင့္ရွိ ႐ုပ္ပြားေတာ္ ၂၁ ဆူကို ပင့္ေဆာင္ ေစခဲ့ေၾကာင္း သိရသည္။

“ငါတို႔ အရင္ကထက္ ေအးခ်မ္းလာတယ္၊ စိတ္မွာလည္း ၾကည္ႏူးတယ္။ ဘဝ ဆိုတာကိုလည္း ပိုသိလာေနတယ္” ဟု လြယ္ခြန္းေက်း႐ြာ မွ ဦးဂိုေလးက ေျပာသည္။

အဆိုပါ လြယ္ခြန္း ေက်း႐ြာတြင္ အိမ္ေထာင္စု ၃၃ စု ရွိရာ ယခုတြင္ ႏွစ္ျခင္းခရစ္ယာန္ ၅ စု၊ မက္သဒစ္ ခရစ္ယာန္ ၇ စုႏွင့္ ဗုဒၶဘာသာ ၂၁ စု တို႔ ေနထိုင္ ေနၾကၿပီး ဗုဒၶဘာသာ ေရရွည္တည္တံ့ ခိုင္ၿမဲ ေစရန္ အတြက္ သာသနာ ဟိတကာ (ဝိဟာရ) ေက်ာင္းကို တစ္ပါတည္း ေက်ာင္းအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ တိုက္နယ္ အတြင္းရွိ ေက်း႐ြာမ်ားမွ လႉဒါန္းေငြ မ်ားျဖင့္ ယင္းေက်း႐ြာသို႔ ကားလမ္း ေဖာက္လုပ္ရန္ စီစဥ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။Credit-