Local News ဗဟုသုတ

သူဌေးကြီး ဦးဇော်ဇော်မှ ကိုဗစ် ကာကွယ်ဆေး၀ယ်ယူရန် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်း

Unicode

သူဌေးကြီး ဦးဇော်ဇော်ကတော့ လူတိုင်းသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးတစ်ဦးလည်း ဖြစ်သလို အလှူအတန်းမှာလည်း ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ် ။ ကိုဗစ် ၁၉ ဖြစ်ကတည်းက လူများစွာရဲ့ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်ဆေး ၀ယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ ရေးသားထားပါတယ်။

“ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်း

ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ် ၂၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။

ကိုဗစ် ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”

စာဖတ်သူပရိတ်သတ်ကြီးလည်း ဦးဇော်ဇော်ရဲ့ အလှူကို သာဓုခေါ်ပေးပြီး မျှဝေပေးလိုက်ပါီဦးနော်

Source-U Zaw Zaw fb acc

Zawgyi





Source-U Zaw Zaw fb acc