ဗဟုသုတ

ခက်ခဲကြမ်းတမ်းတဲ့ ခေါင်လန်ဖူး တောင်ပေါ်မြေမှာ ကြွေလွင့်သွားရတဲ့ မီးအိမ်ရှင် ဆရာမလေး

Unicode

တိုင်းပြည်အတွက် အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ဖို့ နေရာဒေသမရွေး အသက်နဲ့ရင်းပြီး တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမ အားလုံးအား ချီးကျူးလေးစားမိပါတယ်..

ခက်ခဲကြမ်းတမ်းတဲ့ ခေါင်လန်ဖူးတောင်ပေါ်မြေမှာ ကြွေလွင့်အသက်ပေးသွားရတဲ့ မီးအိမ်ရှင်ဆရာမလေးဒေါ်စန္ဒာမိုး တာဝန်ကျရာကျေးရွာမှ အစိုးရရုံးစိုက်တဲ့ ခေါင်လန်ဖူးမြို့ပေါ်သို့ လစာထုတ်ရန် တောင်ပေါ်ခြေလျင်လမ်းခရီးကို ၃ ရက်ကြာလမ်းလျောက်လာရတဲ့ အလယ်တန်းပြဆရာမလေး ဒေါ်စန္ဒာမိုးဟာ နှလုံးအားနည်းရောဂါရှိတာကြောင့် ၂၀၂၀ စက်တင်ဘာလ ၄ ရက်နေ့ တောင်ပေါ်လမ်းခရီးတစ်ဝက်မှာ အမောဆို့ပြီး ကွယ်လွန်ခဲ့ရပါတယ်..

ခေါင်လန်ဖူးမြို့ရဲ့ ပင်ပန်းဆင်းရဲခက်ခဲကြမ်းတမ်းလွန်းတဲ့ ဒေသဒဏ်ကို ရောဂါအခံရှိတဲ့ဆရာမလေးက မခံနိုင်ခဲ့ဘဲတောင်ပေါ်မြေကို မြေပြန့်ကနေ လာရောက်အလင်းပေးတာဝန်ထမ်းဆောင်ရင်း အမောဖောက်သေဆုံးခဲ့ရတာဘဲ ဖြစ်ပါတယ်.. ကွယ်လွန်ချိန်မှာပင်မိသားစုနဲ့ မတွေ့လိုက်ရဘဲ ခေါင်လန်းဖူးဒေသခံတွေက တောင်ပေါ်မှာဘဲ မြေမြုပ်သဂြိုလ်ပေးခဲ့ရပါတယ်..

ဆရာမသေဆုံးတဲ့သတင်းက ဆရာ ဆရာမလောကနဲ့ မြေပြန့်ကိုပါရိုက်ခတ်ခဲ့ပါတယ်.. တောင်ပေါ်မြေကို အလင်းပေးနေကြတဲ့ အညတရသူရဲကောင်းအာဇာနည် မီးအိမ်ရှင်လေးများရဲ့ ကျေးဇူးတရားကို သတိရအသိအမှတ်ပြုလျက်ပါ..

တောင်ပေါ်မြေဟာ လှပလွန်းပေမဲ့ ခက်ခဲကြမ်းတမ်းလွန်းပါတယ်.. လက်တွေ့ရင်ဆိုင်ရန် မလွယ်ကူပါ.. တချို့က မီးအိမ်ငယ်တွေကို အပြစ်ပြောကြတယ်.. တချို့က ကဲ့ရဲ့ကြတယ်.. တချို့က ဝေဖန်ကြတယ်..

တောင်ပေါ်မြေကို မိမိတို့မှာရှိတဲ့ အလင်းရောင်ကို တက်နိုင်သမျှပေးစွမ်းနေတဲ့ မီးအိမ်ငယ်လေးများကို မကူညီရင်နေပါ မကဲ့ရဲ့ပါနဲ့.. မချီကျူးရင်နေပါ မဝေဖန်ပါနဲ့.. ဂုဏ်မပြုရင်နေပါ အပြစ်မပြောရင်ဘဲ ကျေနပ်ပါပြီလို့ မီးအိမ်ရှင်များကိုယ်စား တောင်းဆိုခဲ့ကြပါတယ်..

ဘာကြောင့်လဲဆိုတော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်မြေကို အလင်းရောင်ပေးကြတဲ့ မီးအိမ်ရှင်တိုင်းက အချိန်မရွေး ကြွေလွင့်အသက်ပေးရနိုင်ပါတယ်.. ခက်ခဲကြမ်းတမ်းလွန်းတဲ့ တောင်ပေါ်ဒေသကို အလင်းပေးတဲ့ မီးအိမ်ရှင်များအားလုံးကို လေးစားဦးညွတ်အသိအမှတိပြုပါတယ်..

မေခသစ္စာ (ခေါင်လန်ဖူး)

Zawgyi

တိုင္းျပည္အတြက္ အနာဂတ္ေခါင္းေဆာင္ေတြကို ေမြးထုတ္ဖို႔ ေနရာေဒသမေ႐ြး အသက္နဲ႕ရင္းၿပီး တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဆရာ၊ ဆရာမ အားလုံးအား ခ်ီးက်ဴးေလးစားမိပါတယ္..

ခက္ခဲၾကမ္းတမ္းတဲ့ ေခါင္လန္ဖူးေတာင္ေပၚေျမမွာ ေႂကြလြင့္အသက္ေပးသြားရတဲ့ မီးအိမ္ရွင္ဆရာမေလးေဒၚစႏၵာမိုး တာဝန္က်ရာေက်း႐ြာမွ အစိုးရ႐ုံးစိုက္တဲ့ ေခါင္လန္ဖူးၿမိဳ႕ေပၚသို႔ လစာထုတ္ရန္ ေတာင္ေပၚေျခလ်င္လမ္းခရီးကို ၃ ရက္ၾကာလမ္းေလ်ာက္လာရတဲ့ အလယ္တန္းျပဆရာမေလး ေဒၚစႏၵာမိုးဟာ ႏွလုံးအားနည္းေရာဂါရွိတာေၾကာင့္ ၂၀၂၀ စက္တင္ဘာလ ၄ ရက္ေန႕ ေတာင္ေပၚလမ္းခရီးတစ္ဝက္မွာ အေမာဆို႔ၿပီး ကြယ္လြန္ခဲ့ရပါတယ္..

ေခါင္လန္ဖူးၿမိဳ႕ရဲ႕ ပင္ပန္းဆင္းရဲခက္ခဲၾကမ္းတမ္းလြန္းတဲ့ ေဒသဒဏ္ကို ေရာဂါအခံရွိတဲ့ဆရာမေလးက မခံနိုင္ခဲ့ဘဲေတာင္ေပၚေျမကို ေျမျပန့္ကေန လာေရာက္အလင္းေပးတာဝန္ထမ္းေဆာင္ရင္း အေမာေဖာက္ေသဆုံးခဲ့ရတာဘဲ ျဖစ္ပါတယ္.. ကြယ္လြန္ခ်ိန္မွာပင္မိသားစုနဲ႕ မေတြ႕လိုက္ရဘဲ ေခါင္လန္းဖူးေဒသခံေတြက ေတာင္ေပၚမွာဘဲ ေျမျမဳပ္သၿဂိဳလ္ေပးခဲ့ရပါတယ္..

ဆရာမေသဆုံးတဲ့သတင္းက ဆရာ ဆရာမေလာကနဲ႕ ေျမျပန့္ကိုပါရိုက္ခတ္ခဲ့ပါတယ္.. ေတာင္ေပၚေျမကို အလင္းေပးေနၾကတဲ့ အညတရသူရဲေကာင္းအာဇာနည္ မီးအိမ္ရွင္ေလးမ်ားရဲ႕ ေက်းဇူးတရားကို သတိရအသိအမွတ္ျပဳလ်က္ပါ..

ေတာင္ေပၚေျမဟာ လွပလြန္းေပမဲ့ ခက္ခဲၾကမ္းတမ္းလြန္းပါတယ္.. လက္ေတြ႕ရင္ဆိုင္ရန္ မလြယ္ကူပါ.. တခ်ိဳ႕က မီးအိမ္ငယ္ေတြကို အျပစ္ေျပာၾကတယ္.. တခ်ိဳ႕က ကဲ့ရဲ႕ၾကတယ္..

တခ်ိဳ႕က ေဝဖန္ၾကတယ္.. ေတာင္ေပၚေျမကို မိမိတို႔မွာရွိတဲ့ အလင္းေရာင္ကို တက္နိုင္သမွ်ေပးစြမ္းေနတဲ့ မီးအိမ္ငယ္ေလးမ်ားကို မကူညီရင္ေနပါ မကဲ့ရဲ႕ပါနဲ႕.. မခ်ီက်ဴးရင္ေနပါ မေဝဖန္ပါနဲ႕.. ဂုဏ္မျပဳရင္ေနပါ အျပစ္မေျပာရင္ဘဲ ေက်နပ္ပါၿပီလို႔ မီးအိမ္ရွင္မ်ားကိုယ္စား ေတာင္းဆိုခဲ့ၾကပါတယ္..

ဘာေၾကာင့္လဲဆိုေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ ေတာင္ေပၚေျမကို အလင္းေရာင္ေပးၾကတဲ့ မီးအိမ္ရွင္တိုင္းက အခ်ိန္မေ႐ြး ေႂကြလြင့္အသက္ေပးရနိုင္ပါတယ္.. ခက္ခဲၾကမ္းတမ္းလြန္းတဲ့ ေတာင္ေပၚေဒသကို အလင္းေပးတဲ့ မီးအိမ္ရွင္မ်ားအားလုံးကို ေလးစားဦးၫြတ္အသိအမွတိျပဳပါတယ္..

ေမခသစၥာ (ေခါင္လန္ဖူး)