သင်ဟာ…1ရက်နေ့ မွေးသူ ဖြစ်ရင်.. သင့် ချစ်သူ ဟာ တတ်တတ်ကြွကြွ ရှိမယ် ဖြတ်ထိုးဉာဏ် အလွန်ကောင်းပြီး လူတဖက်သားကို ကူညီတတ်မဲ့သူတယောက် ဖြစ်တယ်။
သင့်အတွက်ဆို လိုချင်တာ ဖြည့်စည်းပေးမယ့် သူဌေးကြီးတယောက်လိုပါပဲ…
2ရက်နေ့ မွေးသူ ဖြစ်ရင်… သင့် ချစ်သူ ဟာ ကြင်နာယုယတတ်တယ်။ သင့်ကို အမြဲဂရုစိုက်တတ်ပြီး အနုပညာနဲ့ပတ်သက်ရင် ပါရမီပါသူတယောက်ဖြစ်တယ်။
သင့်အတွက်ဆို မမေ့နိုင်တဲ့ ပျော်ရွှင်မှုဒွေ ဖန်တီးပေးမယ့်သူတယောက်ပါပဲ။
3ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ဆရာကြီး လုပ်ရမှာကျေနပ်ပြီး အမှားလုပ်မိရင်လည်း တောင်းပန်ဖို့ ဝန်မလေးသူတယောက်ဖြစ်တယ်။
သင့်အတွက်ဆို အခက်အခဲတွေကို တူတူဖြတ်ကျော်မယ့် လက်တွဲဖော်ကောင်း တယောက်ပါပဲ.။
4ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ စိတ်နေသဘောထားကြီးတယ်။ လက်တွေ့အကောင်ထည်ဖော် လုပ်ဆောင်ရမှ ကျေနပ်သူတယောက်ဖြစ်တယ်။
သင့်အပေါ် နည်းနည်းလေး အနိုင်ယူရမှ ကျေနပ်နေသူတယောက်ဖြစ်တယ်။
5ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတတ်သူ တယောက်ဖြစ်တယ်။ သင့်ကို အမြဲအားပေး ကူညီချင်တဲ့ သူ တယောက်လည်းဖြစ်တယ်။
6ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဇွဲရှိတယ်။ တီထွင်ဖန်တီးမှုကို စိတ်ဝင်တစား လုပ်တတ်တယ်။
အေးဆေးနေတတ်သူ တယောက်ဖြစ်တယ်။ သင့်အပြုံးကို အမြဲခုံမင်နေသူ တယောက်လည်းဖြစ်တယ်။
7ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ လူ့ဂွစာ၊ ဘာပြောပြော တလွဲတွေးနေတတ်သူတယောက် မဟုတ်မခံ ပြန်ရန်ဖြစ်လိုက်ရမှ ကျေနပ်နေသူ တယောက်ဖြစ်တယ်။
သင့်ရဲ့အချစ်တွေနဲ့ဒေါသ အရေပျော်သွားတတ်သူ တယောက်ဖြစ်တယ်။
8ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဆုံးဖြတ်ချက်နှေးတယ်။ သို့သော် အရှုံးပေးရတာကို မုန်းတယ်။
လိုချင်တာရှိရင် မရမချင်း ဘယ်သူတားတား ရအောင်ယူတတ်တဲ့ သူတယောက်ဖြစ်တယ်။ သင့်အပေါ် အနွံတာခံပြီး ထာဝရချစ်သွားမယ့်သူ တယောက်ဖြစ်တယ်။
9ရက်နေ့သူ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ဒေါသကြီးတယ် မဆင်မချင် ပြောဆိုတတ်တယ်။
အလုပ်ဘယ်လောက် ပင်ပန်းနေပါစေ ကြိုးစားပြီးလုပ်တယ်။ သင့်အတွက်ဆို ဘာမဆို ရင်ဆိုင်မဲ့ သူရဲကောင်းတယောက်ပါ…။
10ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ လိမ္မာပါးနပ်သူဖြစ်တယ်။ အေးတိအေးစက် မထုံတထေးဟန်နဲ့ ပြောမနာ ဆိုမနာနေတတ်သူ တယောက်ဖြစ်တယ်။
သင့်တွက်ဆို နားလည်မှု ကြီးကြီးနဲ့ ချစ်ပေးမယ့်သူ တယောက်ဖြစ်တယ်။
11ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ကိုယ်ပိုင်အရည်အချင်း စွန်းကောင်းတယ်။
စိတ်မရှည်တတ်ဘူးတခါတလေ လေထဲမှာ တိုက်အိမ်ဆောက်နေသူတယောက် သင့်အတွက်ဆို ဘာပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်သူ တယောက်ဖြစ်တယ်။
12ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူ ဟာ ခံစားချက် ပြင်းထန်းတယ်။ တခုခုဆို တွေဝေနေတတ်တယ်။
အမြဲအနားမှာ ဂရုစိုက်ပေးမယ့်သူကို တောင့်တနေတတ်တယ် သင့်အတွက်ဆို အမြဲခွင့်လွှတ် နားလည်ပေးမယ့်သူ တယောက်ဖြစ်တယ်။
13ရက်နေ့ မွေးသူဖြစ်ရင်… သင့် ချစ်သူဟာ ကျန်းမာရေးမကြာခဏ ချူချာသူတယောက် သူတစ်ပါးကို သနားတတ်ပြီး အမြဲကူညီလိုစိတ်ရှိပါတယ်
ဝေဖန်မှုကိုတော့ လုံးဝ မကြိုက်မနှစ်သက်သူတယောက် သင့်အတွက်ဆို အမြဲအားပေးကူညီဖော် တယောက်ဖြစ်တယ်။
14ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ မာနကြီးတယ် ဘယ်တော့မှစပြီး မတောင်းပန်တတ်သူတယောက်
တခါတခါ ပြုံးလိုက်ရင်လည်း အရမ်းကြည့်ကောင်းသူတယောက်ဖြစ်တယ်။ သင့်အတွက်ဆို ဘာပဲဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ့်သူတယောက်ဖြစ်တယ်။
15ရက်နေ့ မွေးသူဖြစ်ရင်… သင့်ချစ်သူဟာ စကားအရမ်းများသူ ပွစိပွစိပြောရမှာကျေနပ်နေသူ အကောင်းထက် အဆိုးဘက်ကို ပိုတွေးတတ်ပြီး
အမြဲလိုလို စိတ်ဓာတ်ကျနေသူ ဖြစ်တယ် သင့်အတွက်ဆို သဘောထားကြီးပီး နားလည် ပေးနိုင်မယ့် ဘဝလက်တွဲဖော် တယောက်ဖြစ်တယ်။
မနက်ဖန်ကျ16ရက်နေ့က နေ 31ရက်နေ့ထိမွေး နေ့ရှင် တွေအတွက်တင် ပေးပါ့မယ်
Credit : Lwinpyin