ဗဟုသုတ

အံ့‌ဩဖွယ်ကောင်းလောက်အောင်သန်စွမ်းသော သက်တော် ၁၀၂နှစ်ရှိ ဆရာတော် ဘုရားကြီး

Unicode

အံ့‌ဩဖွယ်ကောင်းလောက်အောင်သန်စွမ်းသော သက်တော် ၁၀၂နှစ်ရှိ ဆရာတော် ဘုရားကြီး

အသက်ရာကျော်ရှည်တယ်ဆိုတဲ့ ဒီဘက်ခေတ်မှာ ရှားသွားပါပြီ…အစားအသောက်အနေအထိုင်ကအစ အင်မတန်ဂရုစိုက်နိုင်မှာ ကျန်းမာသက်ရှည်ကြတာ ဖြစ်ပါတယ်…

ခုပြောပြမယ့် ဆရာတော်ကြီးကတော့ သက်တော် ၁၀၂ နှစ်တိုင်အောင် ကျန်းမာလျက်ရှိပြီး သီလပေးတရားတွေကို ဟောကြားပေးနေဆဲဖြစ်ပါတယ်…သက်တော်ရှည်ရခိုင်ဆရာတော် ဦးပညာသာရဟာ သက်တော် ၁၀၂ နှစ် ရှိပြီ ဖြစ်ပြီ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာဥသျှစ်ပင်နှင့် ၂ မိုင်ခွဲကျော်ကျော်မှာရှိတဲ့ ပုသိမ်-မုံရွာ လမ်းဘေးက ကျောက်ဖူး စံပြကျေးရွာကျောင်းတော်မှာ သီတင်းသုံးနေထိုင်တော်မူပါတယ်…

သက်တော်ရှည်ဆရာတော်ဖြစ်ပေမဲ့ မည်သူ့အကူအညီမျှ မယူဘဲ သွားလာလှုပ်ရှားနိုင်သလို

မိမိဝေယျာဝစ္စ မိမိဘာသာ လုပ်နိုင်ဆဲဖြစ်ပါတယ်…ဒါ့အပြင် ဆရာတော်ဟာ သီလပေးတရားတော်တွေကို ယခုထိတိုင်ဟောပြောချီးမြှောက်နိုင်ဆဲ ဖြစ်တာ အံ့သြစရာပါ…

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ဇာတိဖြစ်တဲ့ သက်တော်ရှည်ဆရာတော်ကြီးကို ပရိသတ်ကြီးတို့ ဖူးမျှော်နိုင်အောင် တင်ပြလိုက်ရပါတယ်နော်

အခုလိုအချိန်ပေးပြီးဆတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd; Original Post

Zawgyi









Crd; Original Post