Knowledge Sharing ဗဟုသုတ

ပုဂံဘုရားတွေထဲကစိမ်းညက်ဂူအမဘုရားနှင့်စိမ်းညက်ညီအမစေတီသမိုင်းကြောင်

စိမ်းညက်ဂူအမဘုရား_နှင့်_စိမ်းညက်ညီအမစေတီသမိုင်းကြောင်း

အခုလို အချိန်လေးမှာ ပုဂံမြေကို လွမ်းနေတဲ့သူတွေရှိနေပြီလား ?

စိတ်ဝင်စားစရာ၊ လေ့လာစရာတွေများတဲ့ ပုဂံမြို့ကြီးကို သွားရောက်လည်ပတ်ခဲ့ရင် စိမ်းညက်ညီအမ ဘုရားကိုလည်း သွားရောက်လည်ဖတ်ဖို့ မမေ့ကြပါနဲ့နော်…

ပုဂံချစ်သူတွေအတွက် ပုဂံမြို့ရဲ့လေ့လာမှတ်သား လည်ပတ်စရာလေးတစ်ခုကိုလည်း ပြောပြပေးပါမယ်ရှင့်…

ပုဂံဘုရားသမိုင်းတွေထဲကမှ စိမ်းညက်ညီအမ ဘုရားကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်နော်…

စိမ်းညက်ဂူနှင့် စိမ်းညက်ပုထိုး ဆိုတာ မြင်းကပါ မှ ပုဂံမြို့သစ်သို့သွားသည့်လမ်း၏ ဘယ်ဘက်တွင်ရှိပါတယ်

ပုဂံဘုရားများအနက်ဂူနှင့် စေတီပုထိုးယှဉ်၍ ကိုးကွယ်သည့် ဘုရားဖြစ်သည်

မျက်နှာတွင် အဝင်မုခ် လေးခု ရှိသည် အရှေ့မျက်နှာမုခ်သည် အဝင်အာရုံခံမုခ် ဖြစ်သည်

ဂူဘုရားတွင် ပစ္စယာလေးဆင့်ပါ၏ အောက်ပစ္စယာသုံးဆင့်တွင် နတ်လှေကားများ တပ်ဆင်ထားသည်

အတွင်းတွင် ပတ်လမ်းရှိပြီး နံရံများ၌ ငါးရာ့ငါးဆယ်ဇာတ်နှင့် ပန်းကနုတ်ဆေးရေး ပန်းချီ များရှိလေသည်

စိမ်းညက်မိဖုရားတည်ထားလို့ ထိုစေတီပုထိုးကိုစိမ်းညက်ညီအမဘုရား ဟုခေါ်ကြသည်

စိမ်းညက်မထေရ်ကို အစွဲပြုပြီးစိမ်းညက်အမဘုရား၊ စိမ်းညက်ညီမဘုရား ဟုလည်း ခေါ်တွင်သည်ဟု မှတ်သားရပေသည်

#ခရစ်နှစ်၁၂ရာစု ကတည်ခဲ့တာဖြစ်ပါတယ်

သို့သော်ကျောက်စာ ကမ္ဗည်းရေးထိုးထားသည်ကို မတွေ့ရပါ

စိမ်းညက်ညီအမသည် အမွှာညီအမနှစ်ယောက်ဖြစ်ပြီး တိုင်းတစ်ပါးသားနဲ့ပေါင်းဖက်သူ၊ ပုဂံသားနဲ့ပေါင်းဖက်သူ တုပြိုင်ပြီး သာသနာပြုကာ ဗိသုကာခြင်း အားပြိုင်ခဲ့ကြသော ဘုရားနှစ်ဆူဖြစ်ပါတယ်

စိမ်းညက်အမ၏ဘုရားမှာ ဂူဘုရားဖြစ်ပြီး ပုံစံမှာလေးထောင့်ပုံဖြစ်ကာ လေးဘက်စလုံး အာရုံခံမုခ်ရှိသည်

အတွင်းဘက်တွင် ဗုဒ္ဓဝင်ဇာတ်တော်ဇာတ်လမ်းဇာတ်ကွက်များ၊ သရုပ်ဖော်ထားသော ပုဂံခေတ်နံရံဆေးရေးပန်းချီလက်ရာများ၊ ကနုတ်ပန်းလက်ရာများ ကျန်ရှိနေတာကိုလည်း လေ့လာတွေ့ရပါမယ်

ညီမဖြစ်သူ စိမ်းညက်၏ဘုရားမှာ ထူးခြားသောစေတီဖြစ်၍ အောက်ခြေလေးထောင့်တွင် ပစ္စယာသုံးဆင့် ခပ်မြင့်မြင့်ရှိပါသည်

ထိုအပေါ်တွင် ခေါင်းလောင်းပုံစေတီရှိပါသည်

လက်ရာမှာ စိမ်းညက်ဂူထက် ပို၍လက်ရာမြောက်သည်

စိမ်းညက်ပုထိုးအောက်ခြေတွင် လေးထောင့်ပစ္စယာသုံးဆင့်တက်သွားပြီး အပေါ်ပိုင်းကိုမှု အောက်ခြေတွင် ပစ္စယာအရွယ်များနှင့် လိုက်ဖက်စွာ တည်ဆောက်ထားသည်

ပစ္စယာသုံးဆင့်ရှိထောင့်တစ်ထောင့်စီတွင် သီဟိုဋ္ဌ်ပုံပုထိုးငယ်တစ်ဆူစီ ပစ္စယာအဆင့်ဆင့်နှင့် အပေါ်ပိုင်းခေါင်းလောင်းအောက်ခြေတွင် ဘီလူးပန်းဆွဲ ၊ပန်းတောင်း ၊ ပန်းတဉ်း များဖြင့်ရစ်ပတ်ထားတာကိုလည်း လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်…

ရာသီမရွေးတစ်မျိုးစီလှနေပြီး၊ ခံစားချက်တစ်မျိုးစီ ပေးစွမ်းနိုင်တဲ့နေရာဆိုရင်တော့ ပုဂံလို့ပဲ အရင်ဆုံး ပြေးမြင်မိတာပါပဲ…

နွေရာသီဆိုရင် ဖုန်တထောင်းထောင်ထနေတဲ့ မြေနီလမ်းလေးတွေနဲ့ ရိုးတံကျဲကျဲ အပင်အိုတို့ကြားထဲက ရွှေရောင်အတိ လွှမ်းခြုံနေတဲ့ ပုဂံကိုမြင်‌တွေ့ရမှာပါ…

မိုးတွင်းဘက်ဆိုရင်တော့… မြင်မြင်သမျှစိမ်းလန်းနေပြီး…မြေသင်းနံ့တွေနဲ့ စွဲမက်ဖွယ် ပုဂံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်…

ဆောင်းတွင်းဘက်ကတော့ အညာဒေသရဲ့ဆောင်းတွင်း ရသကို အပြည့်အ၀ခံစားရစေတာကြောင့်ရယ်…

အပူချိန်အနည်းငယ်နည်းတာကြောင့် ပိုပြီး စွဲမက်ဖွယ်ကောင်းနေပါတယ်…

ကျွန်မတို့အတွက်ကတော့ မိုးတွင်းပုဂံသွားရတာ အနှစ်သက်ဆုံးပါပဲနော်

ပုဂံ ကိုရောက်ရင် အချိန်ရှိရင်ရှိသလောက် ရှာရှာဖွေဖွေလည်ပတ်ရင် လည်နိုင်သလောက် ကောင်းတဲ့နေရာတွေမှာ လည်ပတ်စရာတွေများလွန်တဲ့နေရာတွေထဲကမှ စိမ်းညက်ညီအမဘုရားသမိုင်းကြောင်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

#Sein_Nyet_Sister_Pagoda

Credit.