Unicode
အကြိမ်ကြိမ်ဓားပြတိုက်ခံရပေမဲ့ ဘ၀ကိုလက်မြှောက်အရှုံးမပေးတဲ့ ဒုက္ခိတ စျေးသည်
ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ် တိုင်အောင်မြို့(Tiaong)တွင် နေထိုင်သူ ကူရာဂျော့ ဘယ်လာမီနိုဆိုတဲ့ မသန်းစွမ်းလူတစ်ယောက်ဟာ သူရဲ့ သုံးဘီးဆိုင်ကယ်လေးနဲ့ ဟင်းသီးဟင်းရွက်တွေကို လိုက်လံရောင်းချတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
မသန်မစွမ်းတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်လာမီနိုိဟာ မိသားစုကို တက်နိုင်သလောက်စျေးရောင်းချပြီးရှာကျွေးနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
မသန်မစွမ်းဖြစ်နေတဲ့ လူများဟာ သာမန်လူကောင်းတွေထက် အခက်အခဲနဲ့ ပိုရင်းနှီးကျပြီး သူတို့ဘ၀ရဲ့ အခက်အခဲတွေကို အမှုမထားဘဲ ဘ၀ရပ်တည်ဖို့ အတွက် အပတ်တကုတ်ကြိုးစာတဲ့ သူများဖြစ်ကြပါတယ်။
သို့ပေမဲ့ ငွေရဖို့အတွက် ဒုက္ခိတများကိုပင် ဓားပြတိုက်တဲ့ သူတွေရှိကြပြီး ၂၀၁၄ ခုနှစ်တုန်းက ဘယ်လာမီနို ကို လူ ၃ ယောက်က စျေး၀ယ်မည့်ဟန်နှင် သုံးဘီးဆိုင်ကယ်ကို တားခဲ့ပြီး ဓားပြတိုက်ခဲ့ကြတဲ့ အပြင် ဆေးရုံရောက်အောင် ရိုက်နှက်ထားခဲ့ပါတယ်။
သူရဲ့ ဒုက္ခရောက်ခဲ့ပုံကို ကြားသိခဲ့ရတဲ့ ပါတ်၀န်းကျင်မှ လူများက ဘယ်လာမီနိုရဲ့ ဆေးဖိုးများအတွက် ငွေများလျှုဒါန်းပေးခဲ့ကြပြီး စျေးပြန်လည် ရောင်းနိုင်ဖို့အတွက် အရင်းအနှီး ပြန်လည် မတည်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာခံနေရတဲ့ ဘယ်လာမီနိုဟာ ၂၀၁၅ ခုနှစ်မှာလည်း သူခိုး ခိုးခံခဲ့ရပါသေးတယ်။ကံဆိုးမှုတွေ ဆက်တိုက်ဆက်နေပေမဲ့ ဘယ်လာမီနိုဟာ သူဘ၀ရဲ့ အခက်အခဲ များအားလုံးကို ကျော်ဖြတ်ပြီး စျေးပြန်ရောင်းချလျက်ရှိနေဆဲ ဖြစ်ပါတယ်။
ဘယ်လာမီနိုရဲ့ ဒူပေနာပေခံနိုင်မှု ဟာ ဖိလစ်ပိုင် ဆိုရှယ်မီဒီယာ အသုံးပြုသူများကို အံ့အားသင့်စေခဲ့ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဘယ်လာမီနိုကို လေးစားကြောင်း ပြောဆိုခဲ့ကြပါတယ်။
” ဘယ်လာမီနိုရဲ့ ဘ၀ဟာ ကျွန်တော်တို့အတွက် စိတ်ဓာတ်ခွန်အားယူစရာဖြစ်ပြီး မသန်စွမ်းဖြစ်မှု က ဘ၀ရဲ့ ပန်းတိုင်တွေဆီသို့ သွားတဲ့ လမ်းကို အတားအဆီးမဖြစ်စေနိုင်ပါဘူး ” လို့ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဆိုခဲ့ကြပါတယ်။
Credit-Original Uploader
Zawgyi
အႀကိမ္ႀကိမ္ဓားျပတိုက္ခံရေပမဲ့ ဘ၀ကိုလက္ျမႇောက္အရႈံးမေပးတဲ့ ဒုကၡိတ ေစ်းသည္
ဖိလစ္ပိုင္နိုင္ငံ ကြီဇုန္ျပည္နယ္ တိုင္ေအာင္ၿမိဳ႕(Tiaong)တြင္ ေနထိုင္သူ ကူရာေဂ်ာ့ ဘယ္လာမီနိုဆိုတဲ့ မသန္းစြမ္းလူတစ္ေယာက္ဟာ သူရဲ႕ သုံးဘီးဆိုင္ကယ္ေလးနဲ႕ ဟင္းသီးဟင္း႐ြက္ေတြကို လိုက္လံေရာင္းခ်တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။
မသန္မစြမ္းတဲ့ သူတစ္ေယာက္ျဖစ္ေပမဲ့ ဘယ္လာမီနိုိဟာ မိသားစုကို တက္နိုင္သေလာက္ေစ်းေရာင္းခ်ၿပီးရွာေကြၽးေနတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။
မသန္မစြမ္းျဖစ္ေနတဲ့ လူမ်ားဟာ သာမန္လူေကာင္းေတြထက္ အခက္အခဲနဲ႕ ပိုရင္းႏွီးက်ၿပီး သူတို႔ဘ၀ရဲ႕ အခက္အခဲေတြကို အမႈမထားဘဲ ဘ၀ရပ္တည္ဖို႔ အတြက္ အပတ္တကုတ္ႀကိဳးစာတဲ့ သူမ်ားျဖစ္ၾကပါတယ္။
သို႔ေပမဲ့ ေငြရဖို႔အတြက္ ဒုကၡိတမ်ားကိုပင္ ဓားျပတိုက္တဲ့ သူေတြရွိၾကၿပီး ၂၀၁၄ ခုႏွစ္တုန္းက ဘယ္လာမီနို ကို လူ ၃ ေယာက္က ေစ်း၀ယ္မည့္ဟန္ႏွင္ သုံးဘီးဆိုင္ကယ္ကို တားခဲ့ၿပီး ဓားျပတိုက္ခဲ့ၾကတဲ့ အျပင္ ေဆး႐ုံေရာက္ေအာင္ ရိုက္ႏွက္ထားခဲ့ပါတယ္။
သူရဲ႕ ဒုကၡေရာက္ခဲ့ပုံကို ၾကားသိခဲ့ရတဲ့ ပါတ္၀န္းက်င္မွ လူမ်ားက ဘယ္လာမီနိုရဲ႕ ေဆးဖိုးမ်ားအတြက္ ေငြမ်ားလ်ႈဒါန္းေပးခဲ့ၾကၿပီး ေစ်းျပန္လည္ ေရာင္းနိုင္ဖို႔အတြက္ အရင္းအႏွီး ျပန္လည္ မတည္ေပးခဲ့ၾကပါတယ္။
ဒါေပမဲ့ ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာခံေနရတဲ့ ဘယ္လာမီနိုဟာ ၂၀၁၅ ခုႏွစ္မွာလည္း သူခိုး ခိုးခံခဲ့ရပါေသးတယ္။ကံဆိုးမႈေတြ ဆက္တိုက္ဆက္ေနေပမဲ့ ဘယ္လာမီနိုဟာ သူဘ၀ရဲ႕ အခက္အခဲ မ်ားအားလုံးကို ေက်ာ္ျဖတ္ၿပီး ေစ်းျပန္ေရာင္းခ်လ်က္ရွိေနဆဲ ျဖစ္ပါတယ္။
ဘယ္လာမီနိုရဲ႕ ဒူေပနာေပခံနိုင္မႈ ဟာ ဖိလစ္ပိုင္ ဆိုရွယ္မီဒီယာ အသုံးျပဳသူမ်ားကို အံ့အားသင့္ေစခဲ့ၿပီး ဆိုရွယ္မီဒီယာ အသုံးျပဳသူမ်ားက ဘယ္လာမီနိုကို ေလးစားေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္။
” ဘယ္လာမီနိုရဲ႕ ဘ၀ဟာ ကြၽန္ေတာ္တို႔အတြက္ စိတ္ဓာတ္ခြန္အားယူစရာျဖစ္ၿပီး မသန္စြမ္းျဖစ္မႈ က ဘ၀ရဲ႕ ပန္းတိုင္ေတြဆီသို႔ သြားတဲ့ လမ္းကို အတားအဆီးမျဖစ္ေစနိုင္ပါဘူး ” လို႔ဆိုရွယ္မီဒီယာ အသုံးျပဳသူမ်ားက ဆိုခဲ့ၾကပါတယ္။
Credit-Original Uploader