Local News ဗဟုသုတ

ပေါင်မြို့နယ်တွင် နေ့ခင်းအချိန် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးကြီး ပစ္စည်းများ ပါသွား

Unicode

ပေါင် ဇန်နဝါရီ ၉

အိမ်ရှင်များ မှ အိမ်နီးချင်း နာရေးအိမ်သို့သွား နေစဥ်ဆိုင်ကယ်ဖြင့်လာသည့်လူတစ်ဦးက၊ အိမ်နောက်ဖေးပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ ရွှေထည်ပစ္စည်းများခိုးယူသွားသည့် ဖြစ်စဥ် ပေါင်မြို့တွင်ဖြစ်ပွားခဲ့သည်။

မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းရှိ ဦးပု၊ဒေါ်အေးကြည် ၏ နေအိမ်တွင် အိမ်သားများက အိမ်နီးချင်း ၊ဦးအောင်မြင့်ဆိုသူနာရေးသို့သွားနေစဥ် ၊ဇန္န ဝါရီ ၉ ရက်မနက် ၁၀နာရီခွဲအချိန်က၊

ဆိုင်ကယ်လိမ္မော်ရောင် ဖြင့်အသက်၃၈နှစ်ခန့် (ကိုယ်လုံးကောင်းအရပ် အနေတော်အမျိုးသားတစ်ဦး၊)သည်အခင်းဖြစ် အိမ်ဝင်းအတွင်းမှထွက်သွားသည်ကိုပတ်ဝန်းကျင်မှ တွေ့ရှိသတင်းပေးကြောင်း၊

အိမ်ရှင်များပြန်လာပြီးမိမိအိမ်ကို စစ်ဆေးခဲ့ရာ ၊နေအိမ်နောက်ဖေးမီးဖိုချောင်ပြုတင်းပေါက်မှစတီးသံချောင်းကိုချိုးဖျက်ဝင်ရောက်ထားခြင်းတွေ့ရကြောင်း၊

အိမ်ရှေ့ခန်းမှ ၊ရှိုးကစ်ဘီရိုအတွင်းမှ ရွှေထည်ပစ္စည်း ၇ကျပ်သားခန့် နှင့်ငွေ တစ်သောင်းကျပ်ပျောက်ဆုံးနေသည်ကိုတွေ့ရသည်ဆို၏

အခင်းဖြစ်နေအိမ်သို့ နံနက်၁၁နာရီအချိန်တွင်မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးဝင်းနိုင်ထွန်း နှင့်အဖွဲ့လာရောက်စစ်ဆေးပြီး နယ်မြေရဲကင်းရဲစခန်းတပ်ဖွဲ့ဝင်များထံချိတ်ဆက်ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ကိုတွေ့ရသည်။

ဝရဇိန် ပေါင်

Zawgyi

ေပါင္ ဇန္နဝါရီ ၉

အိမ္ရွင္မ်ား မွ အိမ္နီးခ်င္း နာေရးအိမ္သို႔သြား ေနစဥ္ဆိုင္ကယ္ျဖင့္လာသည့္လူတစ္ဦးက၊ အိမ္ေနာက္ေဖးေပါက္မွ ေဖာက္ထြင္းဝင္ေရာက္ကာ ေ႐ႊထည္ပစၥည္းမ်ားခိုးယူသြားသည့္ ျဖစ္စဥ္ ေပါင္ၿမိဳ႕တြင္ျဖစ္ပြားခဲ့သည္။

မိုးႏွိုင္းရပ္ကြက္ စြယ္ေတာ္ပိုင္းရွိ ဦးပု၊ေဒၚေအးၾကည္ ၏ ေနအိမ္တြင္ အိမ္သားမ်ားက အိမ္နီးခ်င္း ၊ဦးေအာင္ျမင့္ဆိုသူနာေရးသို႔သြားေနစဥ္ ၊ဇႏၷ ဝါရီ ၉ ရက္မနက္ ၁၀နာရီခြဲအခ်ိန္က၊

ဆိုင္ကယ္လိေမၼာ္ေရာင္ ျဖင့္အသက္၃၈ႏွစ္ခန့္ (ကိုယ္လုံးေကာင္းအရပ္ အေနေတာ္အမ်ိဳးသားတစ္ဦး၊)သည္အခင္းျဖစ္ အိမ္ဝင္းအတြင္းမွထြက္သြားသည္ကိုပတ္ဝန္းက်င္မွ ေတြ႕ရွိသတင္းေပးေၾကာင္း၊

အိမ္ရွင္မ်ားျပန္လာၿပီးမိမိအိမ္ကို စစ္ေဆးခဲ့ရာ ၊ေနအိမ္ေနာက္ေဖးမီးဖိုေခ်ာင္ျပဳတင္းေပါက္မွစတီးသံေခ်ာင္းကိုခ်ိဳးဖ်က္ဝင္ေရာက္ထားျခင္းေတြ႕ရေၾကာင္း၊

အိမ္ေရွ႕ခန္းမွ ၊ရွိုးကစ္ဘီရိုအတြင္းမွ ေ႐ႊထည္ပစၥည္း ၇ က်ပ္သားခန့္ ႏွင့္ေငြ တစ္ေသာင္းက်ပ္ေပ်ာက္ဆုံးေနသည္ကိုေတြ႕ရသည္ဆို၏

အခင္းျဖစ္ေနအိမ္သို႔ နံနက္၁၁နာရီအခ်ိန္တြင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈးရဲမႈးဝင္းနိုင္ထြန္း ႏွင့္အဖြဲ႕လာေရာက္စစ္ေဆးၿပီး နယ္ေျမရဲကင္းရဲစခန္းတပ္ဖြဲ႕ဝင္မ်ားထံခ်ိတ္ဆက္ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ေနသည္ကိုေတြ႕ရသည္။

ဝရဇိန္ ေပါင္