International News ဗဟုသုတ

(တရုတ်က မြို့တစ်မြို့မှာ ငှက်ကြီးတစ်ကောင်နဲ့ တူလွန်းတဲ့ တိမ်တိုက်ကြီး ဖွဲ့စည်း ဖြစ်ပေါ်)

လင်းယုန်ကြီးကသုတ်တော့မဲ့အတိတ်နိမိတ်လား။

(တရုတ်က မြို့တစ်မြို့မှာ ငှက်ကြီးတစ်ကောင်နဲ့ တူလွန်းတဲ့ တိမ်တိုက်ကြီး ဖွဲ့စည်း ဖြစ်ပေါ်)

ဇန်နဝါရီ – ၉၊ ၂၀၂၀

တရုတ်နိုင်ငံ တောင်ပိုင်းက မြို့တစ်မြို့ရဲ့ ကောင်းကင်ယံမှာ ငှက်ကြီးတစ်ကောင် အတောင်ဖြန့် ပျံသန်းနေတဲ့ ပုံစံမျိုး ဧရာမ တိမ်တိုက်ကြီးတစ်ခု ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကောင်းကင်မှာ တိမ်စိုင် တိမ်လိပ်တွေက ပုံသဏ္ဍန် အမျိုးမျိုး ပြောင်းလဲနေတတ်တာက ပုံမှန် သဘာဝ ဖြစ်ရပ်မျိုးပါ။ ဒါပေမဲ့ ဇန်နဝါရီ ၈ ရက်က

ဖူကျန်းပြည်နယ်၊ ဖူဇူးမြို့ရဲ့ ကောင်းကင်မှာ တွေ့ရတဲ့ တိမ်တိုက်ကြီးကတော့ ငှက်ကြီးတစ်ကောင်နဲ့ အရမ်းတူပြီး အနားသတ်တွေကလည်း ပိရိသေသပ်နေပါတယ်။

ပြီးတော့ ဘေးနားတဝိုက်မှာလည်း တခြား တိမ်မျှင်တွေ ရှိမနေဘဲ ရှင်းလင်းနေတာကြောင့် မြို့ပေါ်မှာ ငှက်ကြီးတစ်ကောင် အတောင်ဖြန့်ပြီး အုပ်မိုးထားသလို ပုံရိပ်မျိုး ပိုပြီး ပီပြင် ပေါ်လွင်နေပါတယ်။

ညနေပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိမ်ထုကြီးဟာ နာရီပေါင်း အတော်ကြာတဲ့ထိ မပျောက်ပျက်ဘဲ တည်မြဲနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိမ်ထုကြီးရဲ့ ထူးခြားတဲ့ အသွင်အပြင်ကို သတိပြုမိသွားတဲ့ မြို့ခံ တော်တော်များများက ဗီဒီယိုတွေ ရိုက်ပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ထားကြတာကိုလည်း တွေ့ရပါတယ်။

Crd 7day

လင္းယုန္ႀကီးကသုတ္ေတာ့မဲ့အတိတ္နိမိတ္လား။

(တ႐ုတ္က ၿမိဳ႕တစ္ၿမိဳ႕မွာ ငွက္ႀကီးတစ္ေကာင္နဲ႕ တူလြန္းတဲ့ တိမ္တိုက္ႀကီး ဖြဲ႕စည္း ျဖစ္ေပၚ)

ဇန္နဝါရီ – ၉၊ ၂၀၂၀

တ႐ုတ္နိုင္ငံ ေတာင္ပိုင္းက ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ ေကာင္းကင္ယံမွာ ငွက္ႀကီးတစ္ေကာင္ အေတာင္ျဖန႔္ ပ်ံသန္းေနတဲ့ ပုံစံမ်ိဳး ဧရာမ တိမ္တိုက္ႀကီးတစ္ခု ဖြဲ႕စည္း ျဖစ္ေပၚခဲ့ပါတယ္။

ေကာင္းကင္မွာ တိမ္စိုင္ တိမ္လိပ္ေတြက ပုံသ႑န္ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတတ္တာက ပုံမွန္ သဘာဝ ျဖစ္ရပ္မ်ိဳးပါ။ ဒါေပမဲ့ ဇန္နဝါရီ ၈ ရက္က ဖူက်န္းျပည္နယ္၊ ဖူဇူးၿမိဳ႕ရဲ႕ ေကာင္းကင္မွာ ေတြ႕ရတဲ့ တိမ္တိုက္ႀကီးကေတာ့ ငွက္ႀကီးတစ္ေကာင္နဲ႕ အရမ္းတူၿပီး အနားသတ္ေတြကလည္း ပိရိေသသပ္ေနပါတယ္။

ၿပီးေတာ့ ေဘးနားတဝိုက္မွာလည္း တျခား တိမ္မွ်င္ေတြ ရွိမေနဘဲ ရွင္းလင္းေနတာေၾကာင့္ ၿမိဳ႕ေပၚမွာ ငွက္ႀကီးတစ္ေကာင္ အေတာင္ျဖန႔္ၿပီး အုပ္မိုးထားသလို ပုံရိပ္မ်ိဳး ပိုၿပီး ပီျပင္ ေပၚလြင္ေနပါတယ္။ ညေနပိုင္းမွာ ျဖစ္ေပၚေနတဲ့ တိမ္ထုႀကီးဟာ နာရီေပါင္း အေတာ္ၾကာတဲ့ထိ မေပ်ာက္ပ်က္ဘဲ တည္ၿမဲေနခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီတိမ္ထုႀကီးရဲ႕ ထူးျခားတဲ့ အသြင္အျပင္ကို သတိျပဳမိသြားတဲ့ ၿမိဳ႕ခံ ေတာ္ေတာ္မ်ားမ်ားက ဗီဒီယိုေတြ ရိုက္ၿပီး လူမႈကြန္ရက္ မီဒီယာေတြေပၚမွာ တင္ထားၾကတာကိုလည္း ေတြ႕ရပါတယ္။

Crd 7day